သရေခံကစားမယ့် ဆလိုဗေးနီးယားကိုကြိုက်တယ်

စနေည ဥရောဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ရုရှား နှင့် ဆလိုဗေးနီးယား (ည ၈:၃၀)(စိုင်းကို- တောင်ကြီး)

ဆလိုဗေးနီးယားရဲ့လက်ရှိခံစစ်အစွမ်းကလက်ဖျားခါရလောက်အောင်လုံခြုံလွန်းနေပါသေးတယ်။ သူတို့ရဲ့နောက်ဆုံး ၉ပွဲမှာဆလိုဗေးနီးယားခံစစ်ကြောင်းကဂိုးမပေးရအောင်စုစုပေါင်း ၈ပွဲအထိတောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါ။

ရုရှားကတော့ ဒီဇူဘာ၊ ဆိုဘိုလက်ဗ်တို့ အတွဲအဖက်မိမှုနဲ့အတူတိုက်စစ်ပိုင်းမဆိုးလှဘူးဆိုပေမယ့်ကွင်းလယ်နဲ့ခံစစ်ပိုင်းယိုယွင်းလွန်းတဲ့အသင်းဖြစ်တယ်။

ဒါကြောင့်အိမ်ရှင်အားသာချက်ရှိတယ်ဆိုပေမယ့်လည်း ရုရှားအနေနဲ့ နိုင်ပွဲရယူဖို့ဆိုတာသိပ်တော့မလွယ်လောက်ဘူး။ သရေခံကစားမယ့် ဆလိုဗေးနီးယားကိုကြိုက်တယ်။

zawgyi

သေရခံကစားမယ့္ ဆလိုေဗးနီးယားကိုႀကိဳက္တယ္

စေနည ဥေရာဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ား ပြဲႀကိဳသုံးသပ္ခ်က္

႐ုရွား ႏွင့္ ဆလိုေဗးနီးယား (ည ၈:၃၀)(စိုင္းကို- ေတာင္ႀကီး)

ဆလိုေဗးနီးယားရဲ႕ လက္ရွိခံစစ္အစြမ္းက လက္ဖ်ားခါရေလာက္ေအာင္ လုံၿခဳံလြန္းေနပါေသးတယ္။ သူတို႔ရဲ႕ေနာက္ဆုံး ၉ပြဲမွာ ဆလိုေဗးနီးယားခံစစ္ေၾကာင္းက ဂိုးမေပးရေအာင္ စုစုေပါင္း ၈ပြဲအထိေတာင္ စြမ္းေဆာင္ထားႏိုင္ခဲ့တာပါ။

႐ုရွားကေတာ့ ဒီဇူဘာ၊ ဆိုဘိုလက္ဗ္တို႔ အတြဲအဖက္မိမႈနဲ႔အတူ တိုက္စစ္ပိုင္း မဆိုးလွဘူးဆိုေပမယ့္ ကြင္းလယ္နဲ႔ခံစစ္ပိုင္း ယိုယြင္းလြန္းတဲ့အသင္းျဖစ္တယ္။ဒါေၾကာင့္ အိမ္ရွင္အားသာခ်က္ရွိတယ္ဆိုေပမယ့္လည္း ႐ုရွားအေနနဲ႔ ႏိုင္ပြဲရယူဖို႔ဆိုတာ သိပ္ေတာ့မလြယ္ေလာက္ဘူး။ သေရခံကစားမယ့္ ဆလိုေဗးနီးယားကိုႀကိဳက္တယ္။