
အင်တာမီလန်ဟာပီအက်စ်ဂျီသို့ပြောင်းရွှေ့ကစားရန်အကြိုစာချုပ်ချုပ်ဆိုခဲ့တဲ့မီလန်စခရီနီယာကိုအသင်းခေါင်းဆောင်ရာထူးမှဖယ်ရှားလိုက်ပါတယ်။
နောက်ခံလူဟာနွေရာသီတွင်အင်တာမီလန်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါက ပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့ကစားပါမယ်။
စခရီနီယာဟာပြီးခဲ့တဲ့လတုန်းကပီအက်စ်ဂျီသို့ပြောင်းမယ်လို့သတင်းများစွာထွက်ပေါ်ခဲ့သူဖြစ်ပြီးယခုအခါအကြိုစာချုပ်ချုပ်ဆိုလာတော့မှာဖြစ်ပါတယ်။
ဒါကြောင့်လည်းအင်တာမီလန်ဟာအသက်၂၇နှစ်ရှိဆလိုဗေးနီးယားလက်ရွေးစင်နောက်ခံလူကိုအသင်းခေါင်းဆောင်အဖြစ်မှဖယ်ရှားရန်ဆုံးဖြတ်လာပါတယ်။
စခရီနီယာဟာအသင်းခေါင်းဆောင်ဟန်ဒါနိုဗစ်မှာဒုတိယဦးစားပေးဂိုးသမားအဖြစ်အရန်ခုံမှာထိုင်နေရမှုနဲ့အတူအင်တာမီလန်ရဲ့အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေရသူလည်းဖြစ်ပါတယ်။
အင်တာမီလန်ဟာအေစီမီလန်ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့မီလန်ဒါဘီပွဲတွင်အသင်းခေါင်းဆောင်အဖြစ်လူသာရိုမာတီနက်ဇ်ကိုစတင်ခန့်အပ်သွားခဲ့ပါတယ်။
ZawGyi
စခရီနီယာကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားလိုက်တဲ့ အင်တာမီလန်