စိုင်းကို တောင်ကြီးရဲ ကမ္ဘာ့ဖလားခြေစစ်ပွဲ အကျိုးပြုစျေးကွက်

နိုင်ငံတကာပွဲတွေကတော့စျေးပြောင်းတဲ့အတိုင်းချည်း ဆွဲနေပါရော့လား။ခြွင်းချက်အနေနဲ့ ညတုန်းကဒိန်းမတ်ကြေးပြင်းလာပြီး တကယ်တမ်းလည်းကစားရော တစ်ဂိုးတည်းနဲ့သာ ကပ်အနိုင်ရသွားတယ်။ဆားဘီးယားဘော်ဒီစျေးကလည်း တစ်ရှိန်ထိုး ပျော့ကျလာပြီးမှ ဂိုးပြတ်နှိပ်ကွပ်သွားပြန်လေရော။အဲဒီတော့ စျေးကွက်အနေအထားက ကသောင်းကနင်းနိုင်လွန်းပြီးဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ဥရောပအမှတ်ပေးပွဲတွေနဲ့မတူဘဲ ဖော်မြူလာ ပြောင်းပြန်လှန်ရတော့မှာလားစဉ်းစားခန်းဝင်မိတယ်။ဒါပေမဲ့လည်း Member Tips အတွက် ချန်ထားမိလိုက်တာတွေက အပေါင်းပြသွားတယ်။ဒါကြောင့် စိတ်မကောင်းဖြစ်ရတယ်။

PlayMaker ပေ့ချ်မှာလည်း ကျနော့်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလဂျာနယ်ခေတ်ကတည်းကတစ်စိုက်မတ်မတ်အားပေးခဲ့သူတွေ အများကြီးပဲလေ။ သူတို့ကိုလည်း ပြန်လည်ပေးဆပ်ရပါမယ်။မျက်နှာလိုက်လို့ ဘယ်ဖြစ်မလဲ။ ဒါကြောင့် ရသမျှ အကုန်ချပြဖို့ ဆုံးဖြတ်လိုက်တယ်။အဲဒီတော့ဒီညပွဲရွေးချယ်မှုအတွက်ဆုံးဖြတ်မိတာကဖော်မြူလာမိတဲ့အသင်းတိုင်းကို မရွေးချယ်ဘဲ လက်ရှိခြေစွမ်း၊ အစဉ်အလာဆိုတာတွေကိုချိန်ထိုးပြီးမှ ပယ်သင့်ပယ်ပါမယ်။ ဘက်ကန်သင့် ကန်ပစ်ပါမယ်။ အဆင်ပြေရဲ့လား။ဒါကနိုင်ငံတကာပွဲတွေအတွက်ပဲပြောတာနော်။ အမှတ်ပေးပွဲတွေကတော့ဟန်မပျက်သေးလို့ ပုံမှန်အတိုင်း ဆက်သွားပါဦးမယ်။

အရင်ဦးဆုံးတွေ့မိတာကဘီလာရုစ်- ဝေးလ်ပွဲရဲ့ဘော်ဒီစျေး။စတင်စျေးမှာဝေးလ်ဘက်ကနေ ၁+၉၀ အကျောပေးထားခဲ့ပြီးယနေ့မွန်းတည့်ချိန်မှာတော့ ၁+၂၅ဖြစ်နေလေရဲ့။ ၆၅ပြားတောင် ပြင်းရှသွားတာပါ။ဂိုးပေါင်းစျေးကျတော့ ပြောင်းပြန်။ ၂-၇၀ကနေ ၂-၂၅ဆိုပြီး ပျော့ကျလာတယ်။သဘောတရားကဘာလဲ။ ဝေးလ် ၁-၀နဲ့ ကပ်နိုင်မယ်ဆိုပြီး အတွေးဝင်သူများလာလို့များလား။ဟုတ်ပြီ ဒါဆိုရင် အဲဒီစိတ်ကူး ဖြစ်နိုင်၏ မဖြစ်နိုင်၏ လက်တွေ့ထဲဝင်မယ်။အုပ်စုအဖွင့်ပွဲမှာအက်စ်တိုးနီးယားကို ဂိုးပြတ်နိုင်လိုက်ပေမယ့်ဘယ်ဂျီယံ၊ ချက်တို့နဲ့ပွဲမှာတော့ဘီလာရုစ်တိုက်စစ်သွင်းဂိုးမရရှိခဲဘူး။ဝေးလ်ကတော့လတ် တလောခြေကျနေသလိုရှိပေမယ့် ပွဲကျပ်တွေ၊ ခြေစမ်းပွဲတွေဖြစ်နေတာကို တွေ့ရတယ်။ပုံမှန်အားဖြင့်ဆိုရင် ဝေးလ်ခံစစ်ကြောင်းကလုံခြုံတာကြောင့် ဘီလာရုစ်တိုက်စစ် ဂိုးရမှာမဟုတ်ဘူး။နောက်ပြီးတော့ ဝေးလ်ဆိုတာကခံစစ်လုံအောင်အဓိကထားပြီး တိုက်စစ်ကတစ်ဂိုးသွင်းနိုင်ရင်အနိုင်ရရှိရုံလေးထိန်းကစားတတ်တဲ့အသင်းဖြစ်တယ်။ဒါကြောင့် ဂိုးပေါင်းနည်းဖို့ဆိုတာနှစ်သင်းစလုံးရဲ့တိုက်စစ်ညံ့ဖျင်းမှုအရ သေချာနေသလိုပါပဲ။ ဝေးလ်နိုင်မလား၊ မနိုင်ဘူးလားဆိုတာကတော့မှန်းဆရခက်ခဲတဲ့ပုစ္ဆာမို့ ဘော်ဒီရွေးချယ်မှု မလုပ်ချင်တော့ဘူး။ဝေးလ်ပွဲဂိုးအောက်ကဒီညအတွက်ဗွေဆော်ဦးပစ်မှတ်ပေါ့။

နောက်တစ်ပွဲကတော့ အင်္ဂလန်-အန်ဒိုရာပွဲရဲ့ဘော်ဒီစျေး။ အင်္ဂလန်ဘက်ကနေ ၄-၅၀နဲ့ စျေးစတင်ခဲ့တာ အခုများကတော့ ၄-၉၅ဆိုပါလား။အားပါးပါး မျက်လုံးပြူးမိပြီလေ။ အင်္ဂလန် အနည်းဆုံး ၅ဂိုးပြတ်နိုင်မယ်ဆိုတဲ့ အကြီးစားဂျင်းကြီးလား အတွေးဝင်မိလေရဲ့။အင်္ဂလန်အသင်းဆိုတာကလည်းဘောလုံးပရိသတ်အတော်များများအတွက်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလေ။ဒီတော့ကာသူတို့တတွေရဲ့ဘော်ဒီစျေး အမြဲလိုလို ပြင်းရှတတ်တာမျိုးကအထူး အဆန်းမဟုတ်ပါဘူး။အုပ်စုပွဲစဉ် ၄ပွဲကစားပြီးချိန် စုစုပေါင်း ၁၃ဂိုးသာသွင်းထားနိုင်တဲ့ အင်္ဂလန်တိုက်စစ်ရဲ့ဂိုးသွင်းအားက အလွန်အမင်းကြီး အထင်ကြီးစရာမဟုတ်ဘူးလို့ဆိုနိုင်တယ်။ ဒါတောင် အဲဒီ ၁၃ဂိုးမှာ ဆန်မာရီနိုတစ်သင်းတည်းကို ၅ဂိုးသွင်းထားခဲ့တာကြောင့်ကျန် ၃ပွဲသွင်းဂိုးပေါင်းက ၈ဂိုးပဲရှိထားတယ်။အန်ဒိုရာဆိုတာကဆန်မာရီနိုလောက် ခံစစ်ယိုယွင်းမှုမရှိဘဲကစားပုံလည်း ပိုမိုခက်ထန်တဲ့အသင်းပါ။ ဒါကြောင့်စိတ်ကူးထဲကစျေးအတိုင်းအင်္ဂလန် ၅ဂိုးပြတ်နိုင်ဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ဘူး။

အခုများကျတော့ အင်္ဂလန်ရဲ့စျေးပြင်းရှလာမှုက စွတ်ရွတ်အထင်ကြီးရတော့မလိုလို။ဒါမျိုးကတော့ စိုင်းကိုတို့က ခေါင်းမာပြီးသား။ ဂိုးပြတ်ချင်ပြတ်သွားစမ်းပါစေ အင်္ဂလန်ကို တစ်ပြားသားလေးတောင် အထင်မကြီးဘူးဗျာ။အန်ဒိုရာလက်ကို ဖေးမတွဲကူရင်း အင်္ဂလန်လောင်းရိပ်အောက်ကနေ ရုန်းထွက်ပစ်မယ်။အန်ဒိုရာဘော်ဒီက ဒုတိယပစ်မှတ်ဖြစ်ခဲ့ရတယ်။မြင်မိတဲ့နောက်တစ်ပွဲက ဆန်မာရီနို-ပိုလန်ပွဲရဲ့ဘော်ဒီစျေး။ ပိုလန်ရဲ့အကျောပေးမှု ၅-၉၀နဲ့စတင်ပြီး အခုကျတော့ ၅+၉၀ဖြစ်နေတယ်။ဂိုးပေါင်းစျေးကလည်း ၆+၆၅ကနေ ၅-၁၅ဖြစ်လာလေရဲ့။ ဒါပေမဲ့လည်း ဒီပွဲကို Ibetအပါအဝင် လောင်းကစားဝက်ဆိုက်အတော်များများမှာ ဒီကနေ့ နေ့လည် ၁၂နာရီအချိန်အထိ စျေးဖွင့်ထားတာ မမြင်ရဘူး။ဒါကြောင့်ကျနော်သည်လည်းပဲ ရွေးချယ်မနေတော့ဘဲလှည့်ထွက်လာခဲ့မိလေရဲ့။

ရွေးချယ်စရာက နောက်ဆုံးတစ်ကြောင်းလေးပဲ မြင်မိပါတော့တယ်။ အဲဒါကတော့ ဂျာမနီ-အာမေးနီးယားပွဲရဲ့ဘော်ဒီစျေးပါ။ဒီပွဲမှာ ဂျာမနီရဲ့အကျောပေးမှုက ၃+၃၅။ ဂျာမနီရဲ့အကျောပေးမှု ပျော့ကျလာလိုက်တာ ဒီနေ့နေ့လည် ၁၂ခွဲအချိန်မှာတော့ ၃+၉၀ဖြစ်လာတယ်။ဒီစျေးကိုကြည့်ပြီး ဂျာမနီကို အထင်သေးရတော့မှာလား။ ပြိုင်ဘက်အာမေးနီးယားကို မျက်စိစုံမှိတ် အထင်ကြီးရမှာလား။ ကျနော်ကတော့ လူနပ်ချမ်းသာပဲလုပ်တော့မယ်။အချက်အလက်တွေ ဝင်မွှေပါပြီဗျာ။အားပါးပါး အာမေးနီးယားဆိုတာ တစ်ခြားအသင်းမှ မဟုတ်လေပဲ။ ဂျာမနီကိုတောင် ကျော်ဖြတ်ပြီး အုပ်စု Jရဲ့ထိပ်ဆုံးမှာ ဝင့်ဝင့်ကြွားကြွားရပ်နေတဲ့ အသင်းလေ။၄ပွဲကစားပြီးချိန် တစ်ပွဲမှမရှုံးဘဲ ၃ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့တယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေက ခပ်ချာချာဖြစ်ပြီး ဂျာမနီကိုဆိုရင် အခုမှ ရင်ဆိုင်ရမှာပါ။

ဂျာမနီကတော့ မြောက်မက်ဆီဒိုးနီးယားကို အမှတ်မထင်ရှုံးလိုက်လို့ အုပ်စုဒုတိယနေရာ ရောက်နေရတာဖြစ်တယ်။အဲဒီပွဲအပြီးမှာဂျာမနီနည်းပြဟာခံစစ်ပိုင်းကို ပိုမိုသတိထားလာပြီးအခုပွဲမှာလည်း ပေးဂိုးမရှိအောင် အဓိကထားရင်ဆိုင်လာမှာပါ။အာမေးနီးယားအနေနဲ့လည်းဂျာမနီမြေဖြစ်လို့ ရှုံးမယ်ဆိုတာ ကြိုတွက်ထားပေမယ့် သရေတစ်မှတ် ရလိုရငြား အံကြိတ်အားတင်းယှဉ်ပြိုင်လာမှာဖြစ်တယ်။နောက်ပြီးတော့ လက်ရှိ အာမေးနီးယားဆိုတာကဟိုးအရင် ဂျာမနီနဲ့တွေ့တိုင်း ဂိုးပြတ်ရှုံးလေ့ရှိတဲ့ အညတရအသင်း မဟုတ်တော့ပါဘူး။ဒီတော့ဗျာ ဂျာမနီရဲ့ကြေးပျော့လာမှုက စစ်မှန်တဲ့ ပျော့ပြောင်းလာမှုကြီးပါ။အာမေးနီးယားကိုလူကြိုက်များတာဖြစ်သင့်ဖြစ်ထိုက်မှုကြီးပါပဲ။ ကြေးပြောင်းနောက်ကနေဖော်လိုမျှောလိုက်ရင်းအာမေးနီးယားဘော်ဒီကိုတတိယပစ်မှတ်အဖြစ်ပစ်ခတ်လိုက်ကြစမ်းပါဗျာ။

မနေ့ကရွေးချယ်စရာများလွန်းလို့ မူးနောက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရွေးစရာက ၃ကြောင်းတည်းရယ်။တောင်အမေရိကဇုန်ထဲ ဝင်ရောက်မွှေနှောက်ဖို့ ဟန်ပြင်လိုက်သေးပေမယ့် မိုးလင်းမှကစားမယ့်ပွဲတွေဖြစ်ပြီး ဒီကြားထဲ ကြေးအမျိုးမျိုး လူးသွားနိုင်လို့ မဝင်ဖြစ်တော့ပါဘူး။ အဲဒီတော့ နိဂုံးချုပ်ပါရစေ။
ဝေးလ်ပွဲဂိုးအောက်၊ အင်္ဂလန်ရဲ့ပြိုင်ဘက်အန်ဒိုရာ၊ ဂျာမနီကို ဘာမထီစိတ်နဲ့ အံတုမယ့်အာမေးနီးယားတို့နဲ့အတူယူနစ်တွေ ပေါင်းကြပါစေကြောင်းဆုမွန်ကောင်းပို့သရင်း ဂွတ်လပ်ခ်ပါရောင်းရင်းတို့။