စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုစျေးကွက်

ပြီးခဲ့တဲ့တစ်ပတ်လုံးလက်ထဲရရှိထားခဲ့တဲ့တုတ်ကလေးကတော့ရွေးချယ်စရာများပြားလွန်းတဲ့ စနေညမှာပဲကျိုးသွားခဲ့ရပါပြီ။ဒီစာသားလေးနဲ့ နိဒါန်းပျိုးလိုက်ရတာတကယ့်ကို စိတ်မကောင်းပါဘူး။တစ်ခုရှိတာကမနေ့တုန်းက Ibetကစားသူတွေအနေနဲ့ ဆာဗာကမောက်ကမဖြစ်မှုကြောင့်ပွဲတွေမတင်လိုက်ရဘူးတဲ့ဗျာ။

ဒီတော့အွန်လိုင်းဖိုက်တာတွေအားလုံးအရှုံးဒဏ်ကနေလွတ်ကင်းသွားခဲ့ကြတယ်။ထားပါတော့ရှုံးတာကရှုံးတာပဲပေါ့။ဒီလိုရှုံးတာဟာစူပါဆန်းဒေးညအတွက်ကံကောင်းခြင်းတွေဖြစ်လာစေမယ်လို့ ကျွန်တော်ယုံကြည်မိတယ်။အင်္ဂလန်ပရီးမီးယားလိဂ်ထဲစတင်ခရီးဆက်ကြမယ်ဗျာ။

ပရီးမီးယားလိဂ်မှာ ဒီညကစားဖို့ရှိတာ ၃ပွဲ။ ၃ပွဲစလုံး ကြေးပြင်းပြင်းရှရှပြောင်းတာဘာမှမရှိ။ အဲဒီလိုနဲ့ပဲ စပိန်လာလီဂါထဲ တန်းရောက်သွားခဲ့ရတယ်။လာလီဂါမှာကစားဖို့ရှိတဲ့ ၄ပွဲစလုံးကလည်း ဘာပြောင်းလဲမှုမှမရှိတော့အီတလီစီးရီးအေထဲ ယောင်ချာချာရောက်လာခဲ့ရပြန်ရော။ဘယ်လိုညမျိုးလဲဘာလို့ငြိမ်နေကြတာများလဲအတွေးကွန်ယက်ကွန့်မြူးရင်းနဲ့ပေါ့။

တွေ့လိုက်ပါပြီ ဂျီနိုအာ-နာပိုလီပွဲရဲ့ကြေးပြောင်း။စတင်စျေးမှာ နာပိုလီဘက်ကနေ ၁-၄၀ အကျောပေးထားပြီးတစ်စတစ်စကြေးပျော့လာလိုက်တာဒီကနေ့နေ့လည် ၁နာရီကျော်အချိန်မှာ ၁+၂၅ထိ ဖြစ်လာခဲ့ရတယ်။တကယ်ဆိုရင်ဂျီနိုအာရဲ့စီးရီးအေအိမ်ကွင်းရလဒ်တွေက စိတ်ပျက်စရာကောင်းလှပြီး ရာသီကြိုပြင်ဆင်မှုကလည်းအားကောင်းမောင်းသန်မရှိပါဘူး။အဖွင့်ပွဲစဉ်မှာ အင်တာမီလန်ကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ချက်ချင်းကြီးရုန်းထနိုင်ပါ့မလားစိုးရိမ်စရာကောင်းလှတယ်။

နာပိုလီဆိုတာက လူအင်အားနဲ့ခြေစွမ်းထက်မြက်မှုကို ပိုင်ဆိုင်ထားပြီး လောလောလတ်လတ် နိုင်ပွဲတွေဆက်နေတဲ့အသင်းပါ။အဲဒီတော့ နာပိုလီလိုအသင်းကြီးက ဂျီနိုအာလို အသင်းငယ်လေးကို ဘာကြောင့် အနိုင်မကစားနိုင်ရမှာလဲ။ဘော်ဒီစျေးတင်မဟုတ် ဂိုးပေါင်းစျေးကလည်း ပျော့ကျလာခဲ့ပါတယ်။စတင်စျေး ၃ဂိုးသရေက အခုများကျတော့ ၃+၈၀အထိဖြစ်လာနေပါပြီ။အောက်စုံကြေးအောင်မှာမို့လို့ အခုလိုမျိုး ဘော်ဒီဂိုးပေါင်းစုံပျော့ကျသွားတာလားဆိုပြီး ယုံထင်ကြောင်ထင် မတွေးစမ်းပါနဲ့။

ဂျီနိုအာဆိုတာ နာပိုလီအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။နာပိုလီဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ကစူပါဆန်းဒေးညအတွက်ပထမနဲ့ ဒုတိယပစ်မှတ် ဖြစ်လာခဲ့ရတယ်။ကျန်စီးရီးအေပွဲစဉ်တွေအကုန်လုံး ကြေးပြောင်းမရှိဘဲ ရွေးချယ်မှုလည်းနည်းနေသေးလို့ ဂျာမန်ဘွန်ဒက်စ်လီဂါထဲ ဝင်မိလိုက်တယ်။ဘွန်ဒက်စ်လီဂါမှာကစားဖို့ရှိတဲ့ ၂ပွဲစလုံးဘော်ဒီကြေး အေးအေးဆေးဆေးပါပဲ။ဂိုးပေါင်းစျေးကိုကြည့်လိုက်တော့ဝုဖ်ဘတ်-လစ်ဇစ်ပွဲစဉ်မှာတော်တော်လေးပြောင်းနေတာတွေ့လိုက်ရတယ်။

အဲဒီပွဲရဲ့ဂိုးပေါင်းစျေးက ၃+၅၀ပါ။ ဒီကနေ့ နေ့လည် ၂နာရီနီးပါးအချိန်မှာတော့ ၂-၁၀၀အထိ ပျော့ကျသွားခဲ့တယ်။တကယ့်ကိုသံသယဖြစ်စရာကြီးပါ။ နှစ်သင်းစလုံးရဲ့ခံစစ်မာကျောမှုကြောင့်အခုလိုမျိုးစျေးပျော့လာတာလို့ဆိုရင်သူတို့တွေမှာ ထက် မြက်တဲ့တိုက်စစ်အစွမ်းရှိနေကြတာကိုရော ထည့်မစဉ်းစားကြတော့ဘူးလား။ပြီးခဲ့တဲ့ရာသီက ဒီနှစ်သင်းတွေဆုံခဲ့ကြတဲ့ နှစ်ကျော့စလုံးလည်း ၂-၂ဂိုးသရေကျပြီး ဂိုးပေါင်းအပေါ်အောင်ထားကြတယ်။ဒီလိုပွဲမျိုးမှဂိုးမပေါ်ရင်ဘယ်ပွဲကများ ပေါ်ဦးမှာလဲဗျာ။ဝုဖ်ဘတ်ပွဲဂိုးပေါ်ကတတိယပစ်မှတ်ဖြစ်တယ်လို့ပြောကြားရင်းနိဂုံးချုပ်ပါရစေ။

ရွေးချယ်စရာ၃ကြောင်းပဲရှိတာမို့လို့ စာရင်းချုပ်ပေးမနေတော့ပါဘူး။အပေါင်းအသင်းရောင်းရင်းအားလုံးစူပါဆန်းဒေးည ချမ်းမှာပျော်ရွှင်မြူးတူးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းပို့သရင်းနောက်တစ်ပတ်မှာဆုံဆည်းကြပါစို့ဗျာ။