စိုင်းကို တောင်ကြီးရဲ့ စနေအကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့ စနေအကျိုးပြုစျေးကွက်

ပြီးခဲ့တဲ့အပတ်ကလည်း စနေညအပေါင်း +၂၀၀၊ တနင်္ဂနွေည -၁၀၀ဆိုတော့ အပေါင်းထွက်ခဲ့ကြဦးမှာပါနော်။ပထမဆုံးစရေးတဲ့ ရာသီအဖွင့်အပတ်စူပါဆန်းဒေးညမှာရထားတာ +၃၀၀ဆိုတော့လက်ထဲမှာ +၄၀၀စာရှိနေကြပါပြီ။ကိုင်ထားတဲ့တုတ်ကအရမ်းကြီးမကြီးကြသေးလို့ ရောင်းရင်းတို့ စိတ်မလောကြပါနဲ့။ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံနိုင်ဖို့တစ်ပွဲချင်း စိတ်ရှည်ရှည်ထားချဉ်းကပ်ပြီးမှလောင်းကြပါ။

ဘောလုံးလောင်းကစားမှာစိုးရိမ်စိတ်များပြီးပွဲအများကြီးကစားနေမယ်ဆိုရင်ရှုံးတတ်တာသဘာဝပါပဲ။ဒါကြောင့်ကျွန်တော်နဲ့လက်တွဲထားတဲ့ Platinum Memberတွေအားလုံးကိုအဆက်မပြတ်သတိပေးရင်းခရီးဆက်နေရတာဖြစ်ပါတယ်။လောလောဆယ်ကိုယ်တိုင်ကကျန်းမာရေးမကောင်း၊ မိခင်ကြီးအတွက်စိတ်ဖိစီးမှုကလည်းများနေချိန်မို့ သိန်းဆယ်ကြီး၊ ရာသမားတွေအတွက် Ibetဝင်ကစားပေးတာကိုရပ်တန့်ထားတယ်။ဒါပေမဲ့လည်း Membersတွေတော့လက်ခံထားပြီးတစ်လစာ၊ တစ်ပတ်စာဝင်ရောက်လိုသူတွေအနေနဲ့ ဒီပေ့ချ်ကနေစုံစမ်းလို့ လာရောက်ပူးပေါင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။

ကိုင်း.. ထားပါတော့။ ဒီကနေ့အတွက် အင်္ဂလန်ပရီးမီးယားလိဂ်ထဲ စတင်ချီတက်ကြတာပေါ့။ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ။တွေ့လိုက်ပါပြီ။ မျက်လုံးပြုးလောက်စရာ ပြောင်းလဲသွားတဲ့ ဗီလာ-ဘရန့်ဖို့ဒ်ပွဲရဲ့ဂိုးပေါင်းစျေး။ဘော်ဒီစျေး မလှုပ်မယှက်ကနေ ဂိုးပေါင်းစျေးချည်းပဲ ထိုးကျသွားတာဖြစ်တယ်။စတင်ဖွင့်လှစ်တဲ့ ဂိုးပေါင်းစျေးက ၃+၇၀ပါ။တဖြည်းဖြည်းထိုးကျသွားလိုက်တာ ဒီနေ့နေ့ခင်းပိုင်းမှာဆိုရင် ၂-၇၀ပဲရှိတော့တယ်။ဒါဟာ ဘရန့်ဖို့ဒ်ရဲ့ခံစစ်ကြောင်းလုံခြုံပြီး ပရီးမီးယားလိဂ်အဖွင့် ၂ပွဲဆက်တိုက် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်မှုကြောင့်ပါ။

ဗီလာကလည်း လိဂ်နောက်ဆုံးပွဲမှာ နယူးကာဆယ်ဘက်ကိုဂိုးမပေးရ၊ ကြားရက်က ဘာရိုးနဲ့လိဂ်ဖလားပွဲမှာ ပေးဂိုးမရှိဘဲ ၆ဂိုးပြတ်အနိုင်ယူဆိုတော့ အခုလိုမျိုး စျေးကျလာတာပါပဲ။ နှစ်သင်းစလုံးရဲ့ခံစစ်ကို အထင်ကြီးပြီး ဖြစ်လာသလိုလိုနဲ့ပေါ့။တကယ်ဆိုရင် ဒီနှစ်သင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၇ပွဲမှာ ဂိုးပေါင်းအပေါ်အောင်တာ ရှားရှားပါးပါး ၂ပွဲတည်းသာရှိထားခဲ့လို့ စဖွင့်ကတည်းက ဂိုးပေါင်းစျေး အဲဒီလောက်ကြီဲး ပြင်းရှစရာအကြောင်းမရှိဘူး။

ဘရန့်ဖို့ဒ် ခံစစ်အစွမ်းပြသတာကလည်း ကြေးမငြိမ်ခင်ကတည်းကလေ။တကယ်ဆိုရင် နှစ်သင်းစလုံးရဲ့ခံစစ်အစွမ်းကိုချည်း ကြည့်မနေသင့်ဘူး။ သူတို့တိုက်စစ်ကြောင်းတွေကဘယ်လိုနောက်တန်းမျိုးကိုမဆို ထိုးဖောက်ခြိမ်းခြောက်နိုင်တဲ့ အစွမ်း အစမျိုးရှိနေကြတာကိုလည်းသတိပြုရမယ်။ဒါကြောင့် ဂိုးပေါင်းအပေါ်ကြေးပျော့ကျလာမှုဟာတကယ့်ကိုသံသယဝင်စရာကြီးပါ။ဘရန့်ဖို့ဒ်ပွဲဂိုးပေါင်းအပေါ်က ပထမပစ်မှတ်ဖြစ်လာတယ်။

နောက်တစ်ပွဲကနယူးကာဆယ်- ဆောက်သမ်တန်ပွဲရဲ့ဂိုးပေါင်းစျေးပါ။ စတင်စျေးက ၃+၆၀။ အခုများကျတော့ ၂-၁၀၀တဲ့။ပြား ၄၀လောက် စျေးပျော့ကျသွားတယ်။ပြိုင်ပွဲစုံနောက်ဆုံး၂ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ထားတဲ့နယူးကာဆယ်တိုက်စစ်ကို အထင်သေးတာကြောင့်ခုလိုဖြစ်လာရတာများလားတွေးချင်စရာပါ။တကယ်တော့ဒဏ်ရာရသူများပြားနေလို့သာနယူးကာဆယ် ရုန်းကန်နေရတာဖြစ်တယ်။ သူတို့တိုက်စစ်က မဆိုးလှပါဘူး။ဆောက်သမ်တန်ဆိုတာကလည်းခံစစ်ယိုယွင်းသလောက် တိုက်စစ်ကထက်ပြီးသားလေ။နယူးကာဆယ်ကွင်းမှာဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့နောက်ဆုံး ၆ပွဲဆက်တိုက် ဂိုးပေါင်းတွေချည်းပေါ်ခဲ့တဲ့အစဉ်အလာလည်းရှိထားတယ်။ထွေထွေထူးထူးစဉ်းစားမနေစမ်းပါနဲ့။ ရှိသမျှယူနစ်အားလုံးဂိုးပေါ်အကွက်ထဲပစ်ထည့်လိုက်စမ်းပါဗျာ။

အင်္ဂလန်မှာရွေးချယ်စရာကုန်ပြီမို့ စပိန်လာလီဂါထဲဆက်သွားမယ်။ အယ်ချီ-ဆီဗီလာပွဲရဲ့ဘော်ဒီစျေးပြောင်ကိုမျက်လုံးပြူးလောက်စရာ မြင်လိုက်ရတယ်။ကနဦးမှာ ဆီဗီလာဘက်ကနေ ၁+၂၀ အကျောပေးပြီး အခုများကျတော့ ၁+၉၀ဖြစ်လာတဲ့အထိပဲ။ဆီဗီလာကိုဘာကြောင့်များအထင်သေးသွားကြတာလဲ။တကယ်ဆိုရင်ဆီဗီလာဆိုတာကရာသီအဖွင့် ၂ပွဲဆက်တိုက် ပေးဂိုးမရှိနိုင်ပွဲ ရရှိခဲ့ကြတာလေ။

အယ်ချီဆိုတာကတော့ သွင်းဂိုးတစ်ဂိုးမှ မရရှိသေးတဲ့ စိတ်ပျက်စရာအသင်း။ပြီးခဲ့တဲ့ရာသီကုန်ခါနီးအယ်ချီရဲ့အိမ်ကွင်းခြေစွမ်း တိုးတက်လာတာမှန်ပေမယ့် မက်လောက်စရာကြီးတော့ မဟုတ်သေးပါဘူး။တွေ့ခဲ့တဲ့နောက်ဆုံး၅ပွဲမှာလည်း ဆီဗီလာ ၄ပွဲတောင်မှ အနိုင်ရရှိထားတာ မမေ့သင့်ဘူး။နှစ်သင်းကြားလက်ရှိခြေစွမ်းကလည်းတော်တော်လေးကိုကွာခြားလွန်းနေပါတယ်။အဲဒီတော့ မျက်လှည့်ပြတာတွေဘာတွေကို မသိချင်မမြင်ချင်ယောင်ဆောင်ပြီး ဆီဗီလာဘော်ဒီကိုတတိယပစ်မှတ်အဖြစ် ပစ်ကြရပါမယ်။

နောက်တစ်ကြောင်းကတော့ ဒီပွဲရဲ့ဂိုးပေါင်းစျေးပါ။ ၂-၈၀ကနေ ၂-၃၀အထိ ကျဆင်းလာခြင်းပါပဲ။လူပြိန်းတွေးတွေးကြကြေးဆိုရင် ကြေးပြောင်းကြည့်ရုံလေးနဲ့ဂိုးအောက်ကိုအိမ်ပေါင်ရိုက်ရပါမယ်။ဒါပေမဲ့လည်း အယ်ချီရဲ့သွင်းဂိုးတွေကိုထည့်မတွက်တော့ဘူးလား။ အယ်ချီကို မသနားတော့ဘူးလား။ နောက်ပြီးတော့ ဆီဗီလာကရော တစ်ဂိုး၊ ၂ဂိုးလောက်လေးပဲ သွင်းမယ်လို့ ယုံကြည်နေလို့ဖြစ်ပါ့မလား။ဒီလိုမျိုးသံသယအတွေးတွေမတွေးသင့်ဘူးဆိုတာခြေစွမ်းခြေစနဲ့အစဉ်အလာကိုကြည့်ရင် အရမ်းသိသာလွန်းနေပါတယ်။ဖြစ်ချင်ရာဖြစ်စမ်းပါစေဆီဗီလာပွဲဂိုးပေါင်းအပေါ်ကိုလည်း ကစားမယ်ဗျာ။

စီးရီးအေမှာလည်းကြေးပြောင်းပွဲတွေအများကြီးပဲ။ အတ္တလန္တာ-ဘိုလော့ဂ်နာပွဲမှာ အိမ်ရှင်ရဲ့ကနဦးအကျောပေးမှုက ၂+၄၅။ ဒီနေ့နေ့လည်၁းဝဝအချိန်မှာတော့ ၁–၉၅ဖြစ်လာနေတယ်။တော်တော်လေးကိုပျော့ကျသွားတာပါ။ ဘယ်အကြောင်းခြင်းရာကများ အတ္တလန္တာကို အထင်သေးစေတာလဲ။ ဂိုးပေါင်းကြေးကျတော့များ ငြိမ်လို့။တကယ်ဆိုရင် အတ္တလန္တာဆိုတာ အိမ်ကွင်းခြေစွာလွန်းတဲ့အသင်းဖြစ်တယ်။ဘိုလော့ဂ်နာဆိုတာကလည်း တိုက်စစ်စွာသလောက် နောက်တန်းအမှားများတဲ့အသင်းပါ။

သူတို့ရဲ့အဝေးကွင်းခြေစွမ်းကလည်း မက်မောစရာမရှိလှဘူး။ဒါဟာ မုန်းတီးလောက်စရာ မာယာပါပဲ။ အဲဒီမာယာဆိုတဲ့ မိန်းမလှလေးကိုကိုယ်ကပဲပြန်လှည့်စားလိုက်စမ်းပါဗျာ။ဒီလိုနဲ့ပဲ အတ္တလန္တာဘော်ဒီက နံပါတ် ၅ပစ်မှတ်ဖြစ်လာရတယ်။နောက်ဆုံး ကျန်ရှိနေတာက လာဇီယို-စပီဇီယာပွဲရဲ့ဘော်ဒီစျေး။ စတင်စျေးမှာလာဇီယိုဘက်ကနေ ၁-၃၀ပေးခဲ့ပြီး နေ့ခင်း ၁းဝဝနာရီမှာ ၁-၁၀၀အထိ ပြင်းရှလာရတယ်။လူပြိန်းတွေကတော့ လာဇီယိုနောက် အထင်ကြီးပြီး လိုက်ကြစမ်းပေါ့။

အဖွင့်ပွဲစဉ်မှာကက်ဂလီယာရီကို ဦးဆောင်ဂိုး၂ဂိုးသွင်းပြီးမှချေပဂိုး၂ဂိုး ပြန်ပေးလိုက်ရရုံလေးနဲ့ စပီဇီယာကို အထင်သေးရတော့မှာလည်း အဝေးကွင်းဖြစ်တာတောင် အဲဒီလောက်ကစားသွားနိုင်တာတော်လှပြီပဲလေ။လာဇီယိုကိုလည်းအမ်ပိုလီအပေါ် ဂိုးပြတ်နိုင်လိုက်တာနဲ့ အထင်ကြီးရတော့မှာလား။ပြီးခဲ့တဲ့ရာသီကစီးရီးအေ ၂ကျော့စလုံးလာဇီယိုတစ်ဂိုးတည်းပဲ ကပ်နိုင်ခဲ့တာကိုလည်း သတိချပ်စေချင်တယ်။အဲဒီတော့ လာဇီယိုဂိုးပြတ်နိုင်တော့မလိုလို ဟန်ကြီးပန်ကြီးနဲ့ တင်းမာလာတဲ့ စျေးကွက်အခြေအနေကို မျက်ကွယ်ပြုရင်း စပီဇီယာကို လက်တွဲလိုက်ကြပါ။စပီဇီယာက နံပါတ် ၆ပစ်မှတ်ပေါ့။

ဒီတစ်ပတ်ရွေးချယ်စရာ ၆ကြောင်းတောင်ထွက်ပေါ်ပြီး စာလည်းအရမ်းရှည်သွားရတယ်။ဒါကြောင့်ဘွန်ဒက်စ်လီဂါထဲဝင်မနေတော့ပါဘူး။ တကယ်လို့ ဘွန်ဒက်စ်လီဂါစျေးကွက်သိချင်ရင် ကျနော့်မက်ဆင်ဂျာကနေ ဆက်သွယ်မေးမြန်ကြစေလိုပါတယ်။အနှစ်ချုပ်ပြောရရင် ဘရန့်ဖို့ဒ်ဂိုပေါ်၊ နယူးကာဆယ်ဂိုးပေါ်၊ ဆီဗီလာဘော်ဒီ၊ ဆီဗီလာဂိုးပေါ်၊ အတ္တလန္တာဘော်ဒီနဲ့ စပီဇီယာဘော်ဒီတို့ပါပဲ။စူပါဆန်းဒေးမနက်ခင်းမှာအပြုုံုံးနဲ့ပြန်ဆုံဆည်းကြတာပေါ့။