စိုင်းကို တောင်ကြီးရဲ့စနေ အကျိုးပြုစျေးကွက်

ဘယ်လိုလဲ။ ကျွန်တော်နှစ်ပေါင်းများစွာလေ့လာခဲ့တဲ့ကြေးပြောင်းဖော်မြူလာက အကျိုးဖြစ်ထွန်းစေတယ်မလား။ပြီးခဲ့တဲ့အပတ် စူပါဆန်းဒေးမှာ ဒီရာသီအတွက် အကျိုးပြုစျေးကွက် စရေးရေးချင်းပဲ All Win ဖြစ်ခဲ့ရတယ်။ညတုန်းကဆိုရင် ပီအက်စ်ဂျီဟာဆိုရင်လည်း ၂ဂိုးပါးပါးရှုံးကနေ တစ်ဂိုးထူထူရှုံးအထိ ကြေးပျော့ကျသွားခဲ့သေးတာပါ။မသိရင်ဘဲ ပီအက်စ်ဂျီကိုပဲ လူကြိုက်နည်းလို့ ကြေးပျော့လာသလိုလို ဘာလိုလိုနဲ့ ပြောင်မြောက်လှတဲ့ မျက်လှည့်ကြီးပါဗျာ။အဲဒီ ကြေးပြောင်းဆိုတဲ့ဟာကြီးက တကယ်ပဲလူကြိုက်အများအနည်းကြောင့် ဖြစ်လာတာလား၊ မာယာဝေဝုစ်ပရိယာယ်တွေကြောင့်လား ခင်ဗျားတို့လည်းအားတဲ့အခါတိုင်း နဖူးပေါ်လက်တင်လို့ ကိုယ့်ဘာသာလေ့လာပြီးတွေးကြည့်ကြစေချင်စမ်းတယ်။ထားပါတော့တော်ကီတွေအရမ်းများပြီးစာရှည်နေလိမ့်မယ်။ရှည်ရှည်ဝေးဝေးတွေဝေ့ဝိုက်မနေဘဲအင်္ဂလန်ပရီးမီးယားလိဂ်ထဲစဝင်မယ်ဗျာ။ လိုက်ခဲ့ကြ။

ရှိတာကစုစုပေါင်း ၆ပွဲ။ လီဗာပူး-ဘန်လေပွဲမလှုပ်မယှက်။ ဗီလာ-နယူးကာဆယ်ပွဲ ဂိုးပေါင်းနည်းနည်းလေးပြောင်း။ ပဲလေ့စ်-ဘရန့်ဖို့ဒ်ကလည်း ထူးမခြားနား။နားလိုက်ကြည့်လိုက်နဲ့ ကျန် ၃ပွဲကို ဆက်ရှိုးတယ်။ ထူးထူးခြားခြားကြေးပြောင်းတာ ဘာတစ်ခုမှကို မမြင်ရဘူး။ အဲဒီလိုနဲ့ပဲစပိန်လာလီဂါထဲတန်းရောက်လာခဲ့ရတယ်။လာလီဂါမှာလည်းကစားဖို့ရှိတဲ့ ၄ပွဲစလုံး အိမ်မောကျနေသည့်အလားငြိမ်သက်လတိတ်ဆိတ်လို့။ အက်စ်ပန်ညို-ဗီလာရီးရဲလ်ပွဲရဲ့ဂိုးပေါင်းစျေးလေး ပျော့ကျွန်တော့်ရဲ့ဖော်မြူလာအရကျသွားပေမယ့် ၂၅ပြားလောက်ပါပဲ။ပြား ၅၀ကျော်မပြောင်းရင်မရွေးချယ်တဲ့အီတလီစီးရီးအေထဲရောက်သွားရပြန်ရော။ဒီနေရာမှာတစ်ခုဖြတ်ပြောချင်တာကအခုထိဘာမှမရွေစာမူစောင့်ဖတ်နေစရာမလိုဘဲးလို့ဆိုပြီး လိုက်ဖတ်ရင်း စိတ်တိုမနေဖို့ပါပဲ။ဒီလိုမျိုး ရှင်းပြနေရတယ်ဆိုတာနောက်နောင်ကျွန်တော့်ရဲ့ဖော်မြူလာကိုသိရှိပြီး ကိုယ့်ဘာသာရွေးချယ်နိုင်စွမ်းရှိအောင်လို့ပါ။

ကိုင်း…ထားတော့။ အီတလီစီးရီးအေမှာတော့ကစားဖို့ရှိနေတာက၄ပွဲ။ ရှားရှားပါးပါး ရွေးချယ်စရာတစ်ကြောင်းကိုတန်းတွေ့လိုက်ပါပြီ။ဗီရိုနာ-ဆက်ဆူအိုလိုရဲ့ပွဲရဲ့ဘော်ဒီစျေး။ စတင်စျေးမှာဧည့်သည်ဆက်ဆူအိုလိုဘက်ကနေသရေ ၃၀ရှုံး အကျောပေးထားတယ်။တဖြည်းဖြည်းနဲ့ ဇောက်ထိုးမိုးမျှော်ဖြစ်သွားလိုက်တာများ ဒီကနေ့နေ့ခင်းပိုင်းမှာအိမ်ရှင်ဗီရိုနာဘက်ကနေတောင်သရေ ၁၀ရှုံးဆိုပြီးခပ်တည်တည်ပြန်အကျောပေးထားလေရဲ့။ မသိရင်ပဲ ဗီရိုနာဘက်ကနေကြေးတင်တာများလာလို့ စျေးပြောင်းပြန်ဖြစ်သွားသယောင်ယောင်။ဗီရိုနာရဲ့ရာသီကြိုပြင်ဆင်မှုအားကောင်းခဲ့တာမှန်ပါတယ်။ ဒါပေမဲ့သူတို့ရဲ့စီးရီးအေနောက်ဆုံး ၉ပွဲဆက်တိုက်အနိုင်ရလဒ်တွေပျောက်ဆုံးထားတယ်ဆိုတာကိုမမေ့လိုက်ကြပါနဲ့ဦး။အဲဒီအခြေအ နေဆိုးကနေချက်ချင်းကြီးရုန်းထပြဖို့ဆိုတာဗီရိုနာလိုအနေအထားမျိုးလောက်နဲ့ ဖြစ်နိုင်ပါ့မလား။တကယ်ဆိုရင်ဆက်ဆူအိုလိုရဲ့ရာသီကြိုပြင်ဆင်မှုကပိုပြီးတော့အားကောင်းတာလေ။

တိုက်စစ်ထက်မြက်ပြီးသားဆက်ဆူအိုလိုဟာကွင်းလယ်နဲ့ခံစစ်ချိတ်ဆက်ကစားနိုင်အောင်လည်း ပြင်ဆင်ထားပြီးသားပါ။နောက်ပြီးတော့သူတို့ရဲ့စီးရီးအေနောက်ဆုံး ၉ပွဲမှာ ရှုံးပွဲတစ်ပွဲသာရှိပြီး နိုင်ပွဲက ၇ပွဲအထိတောင် ရှိထားခဲ့ပါတယ်။နောက်ပြီးတော့ဗီရိုနာကွင်းမှာသွားကစားတဲ့နောက်ဆုံး ၅ပွဲအနက် ဆက်ဆူအိုလို ရှုံးပွဲတစ်ပွဲသာရင်ဆိုင်ထားခဲ့ရတဲ့ အစဉ်အလာလည်းရှိထားတယ်။ ပြီးခဲ့တဲ့ရာသီ နှစ်ကျော့စလုံးလည်း ဆက်ဆူအိုလိုနိုင်ထားတယ်။ဗီရိုနာမှာ ဘာများမက်မောစရာရှိလို့လဲဆိုပြီး အော်ဟစ်မေးလိုက်ချင်မိတယ်။အဲဒီတော့ ကြေးပြင်းရာရပ်ဝန်းကို ကျောခိုင်းရင်း ဆက်ဆူအိုလိုက ပထမပစ်မှတ်ဖြစ်လာခဲ့ရပြီ။

ဒီကနေ့တော့ ရွေးချယ်စရာနည်းနေလို့ ဂျာမန်ဘွန်ဒက်စ်လီဂါရပ်ဝန်းထဲ ဝင်မိလိုက်တယ်။ရှားရှားပါးပါး ဒီလိဂ်မှာလည်း တစ်ကြောင်းတည်းသာမြင်လိုက်ရတယ်။ ဘိုချမ်-မိန့်ဇ်ပွဲပါ။ ကနဦးမှာဘိုချမ်ဘက်ကနေသရေ ၃၀ရှုံး အကျောပေးထားခဲ့တယ်။ လက်ရှိမှာတော့ စျေးပျော့ကျပြီး တဖြည်းဖြည်းပြောင်းလဲလာလိုက်တာများမိန့်ဇ်ကတောင်သရေဆိုရင် ၂၀ရှုံးမယ်ဆိုပါလား။ပြီးခဲ့တဲ့ရာသီဂျာမန်ပိုကယ်ဖလားမှာတွေ့ကြတော့ သရေကျပြီးပင်နယ်တီခံယူရာမှာဘိုချမ်အနိုင်ရရှိခဲ့တယ်။ဒုတိယတန်းချန်ပီယံအဖြစ်တန်းတက်လာခဲ့တဲ့ဘိုချမ်ရဲ့ခြေစွမ်းကလည်း မခေလှပါဘူး။ဘိုချမ်ရဲ့တိုက်စစ်နဲ့ကွင်းလယ်အားကောင်းပြီး စုဖွဲ့ကစားအား မာကျောထက်မြက်မှုရှိတယ်။မိန့်ဇ်ကလည်း လက်ရှိခြေစွမ်းနဲ့ အဝေးကွင်းရလဒ်တွေကောင်းမွန်နေတဲ့အသင်းပါ။ ဒါပေမဲ့လည်းဘိုချမ်ကွင်းမှာမိန့်ဇ်အသာစီးယူဖို့ လွယ်နိုင်ပါ့မလား တော်တော်လေးတွေးရခက်စေပါတယ်။ကျွန်တော်ကတော့ ဒုတိယတန်းချန်ပီယံ ဘိုချမ်ကိုပဲယုံကြည်ချင်မိတယ်။ဒုတိယနဲ့ နောက်ဆုံးပစ်မှတ်ကဘိုချမ်လို့ပြောကြားရင်း ဒီတစ်ပတ်အတွက် နိဂုံးချုပ်လိုက်ပါတယ်။

အနှစ်ချုပ် ပြန်ပြောရရင် ဒီကနေ့အတွက် ရွေးချယ်စရာက နှစ်ကြောင်းထွက်လာတယ်။အီတလီစီးရီးအေက ဆက်ဆူအိုလိုနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါက ဘိုချမ်တို့ပါပဲ။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းရောင်းရင်းနဲ့ကျွန်တော့်ရဲ့စာမူကို စောင့်မျှော်နေကြသူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်းမနက်ဖြန် စူပါဆန်းဒေးမှာ အပြုံးတွေဝေလို့ ပြန်လည်ဆုံဆည်းကြပါစို့ဗျာ။