ဆရာစိုင်းကို တောင်ကြီးရဲ့ စနေအကျိုးပြုဈေးကွက်

နိုင်ငံတကာမတိုင်ခင်အခုလအစောပိုင်းစနေနဲ့ တနင်္ဂနွေအကျိုးပြုဈေးကွက်တွေမှာလည်းလောင်းတိုင်းပေါင်းဖော်မြူလာကအလုပ်ဖြစ်ခဲ့ရပါတယ်။အားလုံးမေ့နေကြမှာစိုးလို့ ပြန်ပြောင်းပြောပြတာပါ။အခုတော့ နိုင်ငံတကာပွဲတွေပြီးပြီဖြစ်လို့ ခဏတာအိပ်မောကျနေခဲ့ရတဲ့ အမှတ်ပေးပြိုင်ပွဲတွေ ပြန်လည်နိုးထလာခဲ့ရပါပြီ။စကားတွေ ဝေ့ဝိုက်နေရင်အချို့စိတ်မရှည်သူတွေအတွက်ကြာမှာစိုးလို့ ထုံးစံအတိုင်းအင်္ဂလန်ပရီးမီးယာားလိဂ်ထဲတန်းဝင်မယ်ဗျာ။ကျနော့်အနောက်ကနေလိုက်ခဲ့ကြပါ။

ပွဲတွေအများကြီးရှိတဲ့အထဲကမှကြေးပြင်းပြင်းပြောင်းနေတာတစ်ကြောင်းမှမမြင်မိဘူး။အချို့ကြေးပြောင်းတွေနည်းနည်းပါးပါးရှိပေမယ့်လည်းသတ် မှတ်စံချိန်ပြား ၅၀မပြည့်လို့ ရွေးထုတ်မနေတော့ဘဲလှည့်ထွက်ခဲ့လိုက်တယ်။ဒီလိုနဲ့ပဲအချိန်တွေလေးအတွင်းမှာစပိန်လာလီဂါရပ်ဝန်းထဲရောက်ရှိသွားတော့တာပေါ့။လာလီဂါမှာလည်းရှိတာကမှ ၂ပွဲတည်း။ လီဗန်တေး-ဂီတာဖေးပွဲရဲ့ဂိုးပေါင်းဈေးပြား ၃၀ လောက်ပြင်းလာတာကလွဲပြီးအခြားဘာမှမမြင်မိပြန်ဘူး။

ဒီလိုနဲ့ပဲအီတလီစီးရီးအေထဲခပ်မြန်မြန်ရောက်ရှိလာခဲ့ရတယ်။တွေ့မှတွေ့ပါ့မလားစိုးရိမ်တကြီး ရှာဖွေလိုက်တာ။ ဟောတွေ့ပါပြီဗျာ။ ရှားရှားပါးပါးတစ်ကြောင်းတည်းရယ်။ပြား ၅၀ မပြည့်ပေမယ့်လည်းရွေးချယ်စရာကရှားပါးနေပြီမို့ မဖြစ်မနေရွေးရပါတော့မယ်။အေစီမီလန်-ဗီရိုနာပွဲရဲ့ဘော်ဒီဈေးပါ။ စတင်ဈေးမှာအေစီမီလန်ဘက်ကနေ ၁-၂၀ အကျောပေးထားခဲ့တယ်။လက်ရှိမှာတော့အေစီမီလန်ရဲ့အကျောပေးမှုကျဆင်းလာပြီး ၁+၂၀နီးပါးအထိ ဖြစ်လာပါပြီ။ယနေ့ မွန်းလွဲတစ်နာရီဈေးဖွင့်လှစ်ထားမှုပါ။စီးရီးအေနောက်ဆုံး ၄ပွဲဆက်တိုက်အရှုံးမရှိအောင်ကစားထားနိုင်တဲ့ဗီရိုနာရဲ့စွမ်းဆောင်ရည်ကြောင့်လို့ ထင်ချင်စရာကောင်းပါတယ်။

ဒါပေမဲ့အေစီမီလန်ဆိုတာကလည်းဒီရာသီစီးရီးအေ၇ပွဲစလုံးမရှုံးဘဲနိုင်ပွဲကလည်း ၆ပွဲအထိတောင်ရရှိထားတဲ့အသင်းပါ။သူတို့သရေကျခဲ့တာကလည်းဂျူဗင်တပ်ကိုဖြစ်တယ်။ကြီးမားလှတဲ့မာယာလှည့်ကွက်ကြီးပါပဲ။အေစီမီလန် ကြေးပျော့လာလို့ဆိုပြီးသူတို့ဘက်ကမနေရဲအောင်လုပ်လေရော့သလား။နောက်ပြီးတော့ဇယားထိပ်ကနာပိုလီကိုအမီလိုက်နိုင်ဖို့ ၂မှတ်ပဲလိုအပ်တာကြောင့်အေစီမီလန်အတွက် နိုင်ပွဲတွေလိုအပ်နေပါသေးတယ်။မနိုင်စရာအ ကြောင်းမရှိလို့ အေစီမီလန်ကယနေ့ညအတွက်ပထမဆုံးပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

ပွဲနည်းနေသေးတာကြောင့်ဂျာမန်ဘွန်ဒက်စ်လီဂါထဲ‌‌ေမွှပါရစေဦး။ရောက်ရောက်ချင်းမှာပဲတန်းမြင်မိလိုက်ပါပြီ။ ဖရန့်ဖတ်-ဟာသာဘာလင်ပွဲရဲ့ဂိုးပေါင်းဈေး ၃+၁၀ကနေ ၃+၇၀အထိ ပျော့ကျလာတာပါပဲ။တကယ်ဆိုရင် ဟာသာဘာလင်ရဲ့နောက်ဆုံး၇ပွဲဆက်တိုက် ဂိုးပေါင်း ၃ဂိုးနဲ့အထက်တွေချည်းရှုလဒ်ထွက်ပေါ်ထားခဲ့တာပါ။ဖရန့်ဖတ်ရဲ့ခပ်မာမာခြေစွမ်းကြောင့် ဂိုးနည်းမယ်လို့ တွက်ဆကြေးဆိုရင်ဟာသာဘာလင်ရဲ့ဖရိုဖရဲကစားကွက်ကိုလည်းမေ့မထားသင့်ဘူးမဟုတ်လား။

ဖရန့််ဖတ်ကမာတယ်ဆိုပေမယ့် ခံစစ်ကြောင်းကဟောင်းလောင်းကြီးပါ။ ပေးဂိုးများလှတယ်မဟုတ်ပေမယ့်ဘယ်အသင်းနဲ့ပဲတွေ့တွေ့ ပုံမှန်ဂိုးပေးနေရတယ်။ဟာသာဘာလင်ကလည်းတိုက်စစ်ပိုင်းကမဆိုးလှတဲ့အသင်းဖြစ်ပြီးဘယ်လိုပြိုင်ဘက်မျိုးကိုမဆိုဂိုးသွင်းနိုင်စွမ်းရှိတဲ့အသင်းပါ။ သူတို့ရဲ့ခံစစ်ကြောင်းကတော့ဟောင်းလောင်းကြီးပွင့်ထွက်နေပြီးပေးဂိုးများလွန်းလှတယ်။ဒီနှစ်သင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၅ပွဲဆက်တိုက်လည်းဂိုးပေါင်းအပေါ်တွေချည်းပဲအောင်ထားခဲ့ပါတယ်။ဒါနဲ့များဘာကြောင့်ကြေးပျော့တာလေးကြည့်ပြီးဂိုးနည်းမယ်လို့ ယူဆဦးမလဲ။လှပတဲ့ မာယာကျော့ကွင်းကိုရှောင်ရှားပြီးဖရန့်ဖတ်ပွဲ ဂိုးပေါင်းအပေါ်က ဒုတိယပစ်မှတ် ဖြစ်လာခဲ့ရပါပြီ။

နောက်ထပ်တွေ့မိတာကဖရိုင်းဘတ်-လစ်ဇစ်ပွဲ။လစ်ဇစ်ဘက်ကနေ၁+၆၀ အကျောပေးထားခဲ့ရာကနေပျော့ကျလာလိုက်တာသရေ ၉၅အရှုံးထိဖြစ်လာတယ်။လစ်ဇစ်ကိုအထင်သေးစိတ်ဝင်စေချင်ပုံပဲ။ရာသီအဖွင့်၇ပွဲဆက်တိုက်အရှုံးမရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ဖရိုင်းဘတ်ရဲ့ခြေစွမ်းကြောင့်မှန် ကန်တဲ့ကြေးပြောင်းလို့ ယူဆမိတယ်။ဒါကြောင့်ဒီပွဲအတွက် ဘော်ဒီရောဂိုးပေါင်းကြေးအလှုပ်ကိုပါဂရုစိုက်မနေတော့ဘူး။ဆက်‌ေမွှလိုက်တော့ယူနီယံဘာလင်-ဝုဖ်ဘတ်ပွဲရဲ့ဂိုးပေါင်းဈေးပျော့ကျလာတာမြင်မိပြန်တယ်။

စတင်ဈေးက ၃+၈၀ဖြစ်ပြီး အခုကျတော့ ၂-၅၀တဲ့။ အံ့မခန်းကျဆင်းသွားမှုကြီးပါပဲ။လက်ရှိမှာယူနီယံဘာလင်ရောဝုဖ်ဘတ်ပါ နှစ်သင်းစလုံးတိုက်စစ်စွာသလောက်ခံစစ်ပိုင်းယိုယွင်းလွန်းနေကြတယ်။ တွေ့ခဲ့တဲ့ နောက်ဆုံး၃ပွဲဆက်တိုက်လည်းဂိုးတွေပေါ်ထားခဲ့လို့အခုပွဲကျမှထူးခြားပြီးဂိုးနည်းလိမ့်မယ်လို့ မမြင်မိဘူး။ကြေးကျချင်သလောက်ကျစမ်းပါစေယူနီယံဘာလင်ပွဲဂိုးအပေါ်ကတတိယပစ်မှတ်ပေါ့။

နောက်ဆုံးပစ်မှတ်ကတော့ဂရူသာဖတ်-ဘိုချမ်ပွဲရဲ့ဂိုးပေါင်းဈေးပါပဲ။စတင်ဈေး ၃+၅၀ဖြစ်ပြီးယနေ့မွန်းလွဲ၁း၃၀အချိန်မှာတော့ ၂-၉၀အထိပျော့ကျလာတယ်။ဘိုချမ်တိုက်စစ်ရဲ့အသက်မဲ့နေမှုကြောင့်ဒါဟာမှန်ကန်တဲ့ကြေးပြောင်းလို့ ထင်ချင်စရာပါ။ဒါပေမဲ့လည်းအိမ်ရှင်ဂရူသာဖတ်ရဲ့ခံစစ်ကြောင်းကယိုယွင်းတာကြောင့်ဘိုချမ်တိုက်စစ်ဂိုးရယူနိုင်ပါလိမ့်မယ်။နောက်ပြီးတော့ဂရူသာဖတ်တိုက်စစ်ကိုလည်းဘိုချမ်နောက်တန်းထိန်းချုပ်ဖို့မလွယ်လောက်ဘူး။အစဉ်အလာကိုကြည့်လိုက်တော့တွေ့ခဲ့တဲ့နောက်ဆုံး ၆ပွဲမှာဂိုးပေါင်းအပေါ် ၅ပွဲအထိတောင်အောင်ထားခဲ့တာမြင်လိုက်ရတယ်။အပြန်အ လှန်သွင်းဂိုးတွေကိုမျှော်ရင်းဘိုချမ်ပွဲဂိုးပေါ်ကနောက်ဆုံးပစ်မှတ်ဖြစ်လာခဲ့ပါပြီ။

စာအရမ်းရှည်သွားလို့တိုတိုတုတ်တုတ်နိဂုံးချုပ်ပါတော့မယ်။အေစီမီလန်ဘော်ဒီ၊ ဖရန့်ဖတ်ပွဲဂိုးပေါ်၊ ယူနီယံဘာလင်ပွဲဂိုးပေါ်နဲ့ ဘိုချမ်ပွဲဂိုးပေါ်တို့ကစနေညအတွက်အကျိုးပြုမယ့်ရွေးချယ်မှုတွေပါပဲ။စူပါဆန်းဒေးရဲ့နေအထွက်မှာရွှေခွက်နဲ့ ငွေတွေခံနိုင်ဖို့ ဆုတောင်းပေးရင်းအားလုံးပဲကံကောင်းကြပါစေပေါ့ဗျာ။