စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုဈေးကွက်

မနေ့ကခရီးလွန်နေတာကြောင့်ဈေးကွက်မရေးဖြစ်ဘူး။ဒါကြောင့် ဒီကနေ့ အတိုးချပြီးအများကြီးရွေးပေးဖို့ စဉ်းစားထားတယ်။အရင်ဦးဆုံးအင်္ဂလန်ပရီးမီးယားလိဂ်ထဲလှမ်းဝင်မိလိုက်တယ်။ကစားဖို့ရှိနေတာစုစုပေါင်း၄ပွဲ။ ရွေးချယ်စရာမြင်မိတာက၂ကြောင်း။အာဆင်နယ်-ဝက်ဖို့ဒ်ပွဲရဲ့ဂိုးပေါင်းဈေးနဲ့ ဝက်စ်ဟမ်း-လီဗာပူးပွဲဂိုးပေါင်းဈေးတို့ပါပဲ။

၃+၅၀နဲ့ စတင်ခဲ့တဲ့ အာဆင်နယ်-ဝက်ဖို့ဒ်ပွဲရဲ့ဂိုးပေါင်းဈေးဟာဒီကနေ့မနက် ၉နာရီခွဲမှာ ၃+၁၀အထိ ပြင်းရှလာတယ်။ဒါဟာအာဆင်နယ်တိုက်စစ်ရဲ့ဂိုးသွင်းစွမ်းရည် မြင့်မားလာမှုကြောင့်ပါ။ဒါပေမဲ့ အာဆင်နယ်ခံစစ်လုံခြုံနေတာကိုလည်းထည့်တွက်ရမယ်လေ။နောက်ပြီးတော့ဝက်ဖို့ဒ်ဆိုတာကသူတို့ရဲ့ နောက်ဆုံး၄ပွဲမှာ၃ပွဲအထိဂိုးပေါက်ပျောက်ဆုံးထားတဲ့အသင်း။ပြောရမယ်ဆိုရင် အာဆင်နယ်တစ်သင်းတည်းရဲ့ဂိုးတွေကိုပဲမြင်ရမယ့်အပေါက်။ဒါနဲ့များဂိုးပေါင်းကြေးကဘာလို့ပြင်းလာရတာလဲ။ မာယာကိုရှောင်ကွင်းပြီးအာဆင်နယ်ပွဲဂိုးအောက်ကပထမပစ်မှတ်ဖြစ်လာရတယ်။

ဝက်စ်ဟမ်း-လီဗာပူးပွဲရဲ့ဂိုးပေါင်းကြေးကလည်း ၃+၅ကနေ ၃-၃၅ဖြစ်လာတယ်။လီဗာပူးရောဝက်စ်ဟမ်းပါနှစ်သင်းစလုံးတိုက်စစ်အားကောင်းကြလို့ အခုလိုဈေးပြင်းလာတာထူးဆန်းမှုလို့မဆိုနိုင်ဘူး။ဒါပေမဲ့လည်းခံစစ်အစွမ်းကိုချိန်ထိုးလိုက်မယ်ဆိုရင်တော့မျက်လှည့်ဆန်တဲ့ဈေးပြောင်းဆိုတာသိလာပါလိမ့်မယ်။ဝက်စ်ဟမ်းခံစစ်ကသူတို့ရဲ့အိမ်ကွင်းနောက်ဆုံး ၅ပွဲမှာပေးဂိုးမရှိအောင် ၄ပွဲစွမ်းဆောင်နိုင်ခဲ့တယ်။လီဗာပူးကလည်းနောက်ဆုံး၄ပွဲမှာ ၃ပွဲတောင်မှပေးဂိုးမရှိထားဘူး။ခံစစ်အစွမ်းပြိုင်မယ့်ပွဲလို့ ယူဆတာကြောင့်လီဗာပူးပွဲဂိုးအောက်ကဒုတိယပစ်မှတ်ပေါ့။

စပိန်လာလီဂါမှာတော့ကြေးပြောင်းတစ်ပွဲမှမမြင်မိဘူး။ဒီလိုနဲ့ပဲအီတလီစီးရီးအေရပ်ဝန်းထဲရောက်လာခဲ့ရတယ်။စီးရီးအေမှာတော့ပွဲတွေအများကြီးပဲ။ ဒါပေမဲ့ကြေးပြောင်းတာကရှားရှားပါးပါး၂ကြောင်းတည်းရယ်။ဗင်နီဇီယာ-ရိုးမားပွဲရဲ့ဂိုးပေါင်းကြေး ၃+၁၀ကနေ ၃+၄၀ဖြစ်လာတယ်။ နှစ်သင်းလုံးရဲ့တိုက်စစ်ကအားကောင်းနေသလောက် ခံစစ်လည်းလုံခြုံမှုမရှိကြဘူး။တွေ့ခဲ့တဲ့ နောက်ဆုံး၅ပွဲမှာဂိုးပေါ်အောင်တာကလည်း၄ပွဲအထိတောင်မှရှိထားတယ်။အဲဒီတော့ဒီပွဲရဲ့ဂိုးပေါင်းဈေးပျော့ကျလာတာမာယာပါ။ဖြစ်ချင်ရာဖြစ်စမ်းရိုးမားပွဲဂိုးအများကတတိယပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

ဆမ်ဒိုးရီးယား-ဘိုလော့ဂ်နာပွဲရဲ့ဂိုးပေါင်းဈေး ၃+၁၅ကနေ ၃+၅၀ဖြစ်လာတာကိုလည်းတွက်ချက်ပေးပါ့မယ်။ဘယ်အသင်းနဲ့ပဲရင်ဆိုင်တွေ့တွေ့ ဂိုးအ လှူပေးနေရတဲ့ ဆမ်ဒိုးရီးယားခံစစ်ကြောင်းက လုံခြုံမှုမရှိဘူး။သုတို့တိုက်စစ်ကတော့ပုံမှန်ဂိုးသွင်းအားရှိပါတယ်။ဘိုလော့ဂ်နာကလည်း တိုက်စစ်မဆိုးပေမယ့်ခံစစ်ကြောင်းဖင်ပွင့်တဲ့အသင်းပါ။ဒီလိုပွဲမျိုးမှ ဂိုးတွေမမြင်ရရင်ဘယ်ပွဲကများမြင်ရဦးမလဲ။ဆမ်ဒိုးပွဲဂိုးပေါ်ကစတုတ္ထပစ်မှတ်ပါလို့ပြောကြားရင်းနိဂုံးချုပ်ပေးလိုက်ပါတယ်။