စနေညအတွက်ဆရာစိုင်းကို(တောင်ကြီး)ရဲ့လက်ဆောင်

စနေအတွက် စိုင်းကို(တောင်ကြီး)ရဲ့အပိုင်တစ်ပွဲ

PlayMaker Journal မှာ စနေအတွက် စဉ်းစားထားတဲ့ အပိုင်တစ်ပွဲကတော့ ရာသီသိမ်းဘွန်ဒက်စ်လီဂါပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ ည ၈း၀၀ ကစားမယ့် စတုဂတ်နဲ့ ဟော်ဖန်ဟိမ်းတို့ရဲ့ပွဲကပါ။ တန်းဆင်းဇုန်ကပ်လျက်က စတုဂတ်ဟာ တန်းမဆင်းရဖို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိနေပြီး ဒီပွဲနိုင်တာနဲ့ တန်းမဆင်းရ သေချာမှာပါ။ နောက်ဆုံး ၆ ပွဲမှာ ဟာသာနဲ့အဝေးကွင်း ၁ ပွဲသာ ရှုံးခဲ့တဲ့ စတုဂတ်ရဲ့ရုန်းအားက ကောင်းနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဲဒီ ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တာပါ။ နိုင်ခဲ့တဲ့အသင်းတွေကလည်း အဝေးကွင်းညံ့တဲ့ဂလက်ဘတ်နဲ့ လက်ရှိရှုံးပွဲဆက်နေတဲ့ မိန့်ဇ်တို့ကိုပါ။ ဒီတော့ စတုဂတ်ဟာ ပြိုင်ဘက်ကောင်းတွေနဲ့ဆို အနိုင်ရဖို့ရုန်းကန်ရတယ်ဆိုတာကို သွားတွေ့ရတယ်။

 

ဟော်ဖန်ဟိမ်းကတော့ စတုဂတ်ထက် ၃ မှတ်ပိုများပြီး အဆင့် ၁၃ နေရာ ရပ်တည်နေတာပါ။ သချာင်္နည်းအရ သူတို့ဟာ တန်းဆင်းနိုင်သေးတယ်ဆိုပေမယ့် လက်တွေ့မှာတော့ တန်းကျန်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။ ဟော်ဖန်ဟိမ်းဟာ တန်းဆင်းဇုန်ထဲက ဘိုချမ်ကို ၃ မှတ်ဖြတ်ထားတာပါ။ တကယ်လို့ ဒီပွဲမှာ သူတို့ရှုံးပြီး တစ်ဖက်ပွဲမှာ ဘိုချမ်နိုင်သွားမယ်ဆိုရင်တောင် ရမှတ်တူဖြစ်သွားမှာပါ။ ရမှတ်တူဖြစ်သွားရင်တောင် ဂိုးကွာခြားချက်ချင်းယှဉ်လိုက်ရင် -၉ ရှိတဲ့ ဟော်ဖန်ဟိမ်းက -၃၅ ရှိတဲ့ဘိုချမ်ထက် အများကြီးသာပါတယ်။ ဆိုတော့ကာ ဟော်ဖန်ဟိမ်းက တန်းမဆင်းရနိုင်တော့ပါဘူး။

ပြီးခဲ့တဲ့အပတ်က ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဝင်နေတဲ့ အဆင့် ၄ နေရာက ယူနီယံဘာလင်ကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တဲ့ သူတို့ရဲ့ခြေစွမ်းကလည်း အထင်ကြီးစရာကောင်းခဲ့တယ်။ လက်ရှိမှာ ဟော်ဖန်ဟိမ်းဟာ အဝေးကွင်းရှုံးပွဲဆက်နေတယ်ဆိုပေမယ့် လစ်ပ်ဇစ်နဲ့ ဝုဖ်ဘတ်တို့ကို ထိပ်ဆုံး ၇ သင်းစာရင်းဝင်တွေကို ၁-ဝ၊ ၂-၁ တို့နဲ့ ကပ်ရှုံးခဲ့တာပါ။ အဲဒီအရင် အဝေးကွင်း ၂ ပွဲမှာ ဘိုင်ယန်ကိုသရေ၊ ဝါဒါဘရီမင်ကို အနိုင်ကန်ခဲ့ပါတယ်။ ဒီတော့ ဟော်ဖန်ဟိမ်းဟာ အခုချိန်မှာ အလွယ်တကူအနိုင်ရမယ့်အသင်းမျိုး မဟုတ်ပါဘူး။ အခုပွဲမှာ စတုဂတ်က ၁= အကျောပေးထားပါတယ်။ လွန်ရော ကျွံရော စတုဂတ်နိုင်မယ်ဆိုရင်တောင် ဟော်ဖန်ဟိမ်းကို ဂိုးမပြတ်နိုင်ပါဘူး။ လက်ရှိခြေအရ ဟော်ဖန်ဟိမ်းဟာ အမှတ်ခွဲယူနိုင်စွမ်းရှိပါတယ်။ စနေအတွက် တစ်ကွက်ကောင်းကတော့ ဟော်ဖန်ဟိမ်းဘော်ဒီလို့ ကြေငြာမောင်းခတ်ချင်ပါတယ်။

zawgyi



