စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေ အကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေ အကျိုးပြုစျေးကွက်

စူပါဆန်းဒေးမှာ အပြုံးတွေနဲ့ ပြန်ဆုံကြရပြီနော်။ညတုန်းက ဖော်မြူလာအရ ရွေးထုတ်ပေးခဲ့တဲ့ ဘိုချမ်ရော ဆက်ဆူအိုလိုပါ နှစ်သင်းစလုံး လက်မထောင်နိုင်ခဲ့ကြတယ်။ဒီရာသီအတွက် ကျွန်တော်စပေးတဲ့ပြီးခဲ့တဲ့ စူပါဆန်းဒေး ၃ပွဲစလုံးလည်း အောင်ထားခဲ့တာကြောင့် အခုဆိုရင်လက်ထဲမှာ +၅၀၀ ပိုက်ထားနိုင်ကြပါပြီ။အဲဒီတော့ရိုက်စရာတုတ်ရရှိသွားပြီဖြစ်လို့ ရာသီသစ်လမ်းကြောင်းကို သာသာယာယာနဲ့ တာထွက်လျှောက်လှမ်းနိုင်ကြမှာပါ။ကျွန်တော် အသုံးပြုတဲ့နည်းစနစ်ကဖော်မြူလာသာဖြစ်တာကြောင့် စာရှုသူတွေအနေနဲ့လည်းစတည်စျေးနဲ့ လက်ရှိစျေးကိုသာသိမယ်ဆိုရင်ကိုယ့်ဘာသာကိုယ် ရွေးချယ်လို့ရပါတယ်။နည်းစနစ်မှန်မှန်ကန်ကန်ကန်သာ ရွေးချယ်နိုင်မယ်ဆိုရင်ခင်ဗျားတို့ ကျွန်တော်တို့အားလုံး Ibetကြေးပြောင်းမာယာကိုအလွယ်တကူရှောင်ကွင်းနိုင်ပါလိမ့်မယ်။

ကဲထုံးစံအတိုင်းအင်္ဂလန်ပရီးမီးယားလိဂ်ထဲ လှမ်းဝင်လိုက်ကြတာပေါ့။ပရီးမီးယားလိဂ်မှာကစားဖို့ရှိတာက စုစုပေါင်း ၃ပွဲ။ ပွဲတိုင်းလိုလိုကြေးငြိမ်နေကြပြီးမန်ယူဂိုးပေါ်တစ်ခုသာစျေးပျော့လာတယ်။ ကြိုက်ရင်တော့ဂိုးပေါ်ချကြပေါ့။ကျွန်တော်ကတော့ သတ်မှတ်စျေးပြောင်း ပြား ၅၀မပြည့်လို့ အခြားပွဲလေးတွေဆီပဲ ဦးလှည့်တော့မယ်။

ဒီလိုနဲ့ စပိန်လာလီဂါဆီ ရောက်ရှိလာခဲ့ရတယ်။ လာလီဂါမှာ ကစားဖို့က ၃ပွဲရှိနေတယ်။အက်သလက်တီကို-အယ်ချီပွဲရဲ့ဘော်ဒီစျေးကိုမြင်မိတယ်။စတင်စျေးမှာ တီကိုဘက်ကနေ ၂+၄၀ အကျောပေးထားခဲ့ပြီး လက်ရှိမှာတော့ ၂+၉၀အထိ စျေးပျော့ကျသွားတယ်။ပုံမှန်အားဖြင့်ဆိုရင် လူတွေတွေးနေကျပုံစံက အက်သလက်တီကိုရဲ့အကျောပေးမှု ပျော့ကျလာလို့ မရိုက်ရဲဘူးကွာ ဆိုတာမျိုးပေါ့။နေစမ်းပါ အဲဒီလိုအတွေးမျိုးတွေကို အသာလေးခေါက်ထားလိုက်။ အဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုကို ဂိုးမရှိသရေ ကစားလိုက်နိုင်ရုံလေးနဲ့ အယ်ချီကို အထင်ကြီးရတော့မှာလား။အယ်ချီဆိုတာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကတည်းက အိမ်ကွင်းစွာလာတဲ့အသင်းပါ။ ဒါပေမဲ့လည်း သူတို့ရဲ့အဝေးကွင်းခြေစွမ်းက အထင်ကြီးစရာတစ်စက်လေးတောင် မရှိဘူး။အက်သလက်တီကိုကတော့ အဖွင့်ပွဲမှာ ပြင်ဆင်မှုအားကောင်းပါတယ်ဆိုတဲ့ ဆယ်တာဗီဂိုကို အဝေးကွင်းထိသွားလို့ နှိပ်ကွပ်ပြထားနိုင်တဲ့အသင်းပါ။

နောက်ပြီးတော့ တီကိုရဲ့လာလီဂါအိမ်ကွင်းရစ်သမ်ကလည်း ကြောက်စရာကောင်းလောက်အောင် ထက်မြက်လွန်းနေတယ်လေ။အင်အားတောင့်တင်းတဲ့တီကိုအတွက် ဟာရဲရား၊ ဂျိအိုဖိလစ်နဲ့ ဖိလစ်ပီတို့နာနေခြင်းက ပြဿနာမဟုတ်နိုင်ဘူး။အက်သလက်တီကိုဆိုတာကလည်း လက်ရှိမှာ အိမ်ကွင်းခြေစွမ်း မာကျောထက်မြက်လှတဲ့အသင်းဖြစ်တယ်။ အယ်ချီဆိုတာကလည်း တီကိုကွင်းမှာ သွားကစားတိုင်းခေါင်းငုံ့အရှက်ကွဲလို့လှည့်ပြန်လာနေကျအသင်းဖြစ်ပါတယ်။တီကိုအနေနဲ့အိမ်ကွင်းမှာ အယ်ချီကို ပွဲချိန်တစ်လျှောက်လုံး ဖိကစားပြီး ဂိုးပြတ်အနိုင်ယူနိုင်မှာပါ။ကြေးပျော့လေလိုက်လေဖော်မြူလာအရ အက်သလက်တီကိုကစူပါဆန်းဒေးညဗွေဆော်ဦးပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

လာလီဂါမှာလည်း ရွေးချယ်စရာကုန်ပြီဆိုတော့ စီးရီးအေထဲ ဆက်သွားလိုက်တယ်။အီတလီရပ်ဝန်းမှာ စုစုပေါင်း ကစားဖို့က ၄ပွဲရှိနေတယ်။အဲဒီထဲကမှ ကြေးပြောင်းနေတာ ရှားရှားပါးပါး တစ်ကြောင်းတည်းသာ မြင်မိတယ်။အူဒီးနီးစ် – ဂျူဗင်တပ်ပွဲရဲ့ဘော်ဒီစျေးပါ။ ကနဦးမှာ ဂျူဗင်တပ်ရဲ့အကျောပေးမှုက ၁ဂိုးသရေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ယနေ့နေ့ခင်းစျေးကွက်အနေအထားမှာတော့ ဂျူဗင်တပ်ဘက်ကနေ တစ်ဂိုးနိုင်ရင်တောင် ၃၀ နစ်နာရမယ်ဆိုပြီး အကျောပေးထားလေရဲ့။သတ်မှတ်ချက်ပြား ၅၀မပြည့်ပေမယ့်လည်း ရွေးချယ်စရာက ရှားပါးနေပြီဖြစ်လို့ ဒီပွဲကို စဉ်းစားပေးလိုက်တာပါ။ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာရုန်းကန်ခဲ့ရလို့ ရာသီသစ်အတွက်အူဒီးနီးစ် ပြင်ဆင်ထားတယ်။

လက်ရှိ အူဒီးနီးစ်ရဲ့စုဖွဲ့အားကမဆိုးလှဘူး။ နောက်ပြီးတော့အူဒီးနီးစ်ရဲ့စီးရီးအေအိမ်ကွင်းနောက်ဆုံး ၂၂ပွဲမှာ ၂ဂိုးနဲ့အထက်ပြတ်ပြီးရှုံးနိမ့်တာဆိုလို့ ရှားရှားပါးပါး ၂ပွဲတည်းသာ ရှိထားခဲ့ပါတယ်။ဂျူဗင်တပ်တိုက်စစ် ဂိုးမြူးလှတယ်ဆိုပေမယ့်လည်းအူဒီးနီးစ်ရဲ့ခပ်မာမာတုံ့ပြန်မှုကြောင့်နည်းနည်းလေးအခက်တွေ့မှာပါ။အနိုင်ယူသွားနိုင်မယ်ဆိုရင်တောင်မှဂျူဗီအနေနဲ့ ဂိုးပြတ်ဖို့တော့သိပ်မလွယ်နိုင်ဘူး။ဒါဟာ သေချာပါတယ်။ ဂျူဗီဘက်ကို ပါလာကြအောင် ဖြားယောင်းသွေးဆောင်နေတဲ့စျေးပါ။အဲဒီတော့ အူဒီးနီးစ်ဘော်ဒီက ဒုတိယပစ်မှတ်ဖြစ်လာခဲ့ရတယ်။

နောက်ဆုံး ရွေးချယ်ရမယ့်ုတစ်ကြောင်းက ဂျာမန်ဘွန်ဒက်စ်လီဂါမှ မြင်ထားပြီးသားဗျ။ဘိုင်ယန်မြူးနစ်-ကိုလုံးပွဲရဲ့ ဂိုးပေါင်းစျေးဖြစ်ပါတယ်။ ဒီပွဲရဲ့ဂိုးပေါင်းစျေးက ၄+၈၅နဲ့စတင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းပြင်းရှလာပြီး ဒီနေ့နေ့လည် ၁၁နာရီခွဲ ဖွင့်လှစ်ထားမှုအရ ၄+၃၇ထိ ဖြစ်လာခဲ့တယ်။ပြား ၅၀လောက်အထိကို ကြေးပြင်းသွားခဲ့တာပါ။ ဂိုးတွေမြင်ရမယ်ဆိုပြီး ယူဆကြတော့မှာလား။ကျွန်တော့် ဖော်မြူလာအရတော့ ဘိုင်ယန်ပွဲ ဂိုးမပေါ်နိုင်တော့ဘူးပေါ့။ အဲဒီတော့ ဂဃနဏသိရအောင် မှတ်တမ်းမှတ်ရာနဲ့ လက်ရှိခြေစွမ်းကို ဆက်ပြီးမွှေနှောက်လိုက်ရအောင်။ဂျာမန်စူပါဖလားမှာဘိုင်ယန်က ဒေါ့မွန်ကို ၁-၃ဂိုးနဲ့နိုင်ခဲ့တယ်။ ကိုလုံးကလည်း ဟာသာဘာလင်ကို ၃-၁ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

နှစ်သင်းစလုံး ဂိုးပေါ်အောင်ခဲ့ကြပြီး ဂိုးတွေသွင်းယူသလို ပေးဂိုးလည်းရှိခဲ့လို့ အခုပွဲဟာ လူပြိန်းတွေးတွေးမယ်ဆိုရင် ဂိုးပေါ်တော့မလိုလိုပါပဲ။တွေ့ဆုံမှုအစဉ်အလာတွေကလည်း ဂိုးတွေပလူပျံနေတော့ မျက်စိကျချင်စရာကြီးပေါ့။ဒါပေမဲ့လည်း ဘိုင်ယန်မြူးနစ်အနေနဲ့ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကတည်းက အိမ်ကွင်းခံစစ်လုံခြံုအောင် ကြိုးစားပြင်ဆင်နေတာမမေ့သင့်ဘူး။ကိုလုံးဆိုတာကလည်းရာသီကြိုကာလတစ်လျှောက်လုံးပြင်ဆင်မှုအားကောင်းထားပြီး အခုပွဲမှာဘိုင်ယန်ကိုရှိန်တာကြောင့် မရှုံးနိမ့်ရေး ဦးစားပေးယှဉ်ပြိုင်လာပါလိမ့်မယ်။သေသေချာချာ ဆင်ထားတဲ့ ထောင်ချောက်ထဲကိုမဝင်မိကြပါစေနဲ့။ ဂိုးပေါင်းအလွန်ဆုံး ၄ဂိုးထက်ပိုပြီး ဖြစ်မလာနိုင်ဘူးလို့ တွက်ဆမိတယ်။အဲဒီတော့ဖြစ်ချင်ရာဖြစ်စမ်းပါစေဘိုင်ယန်မြူးနစ်ပွဲဂိုးအောက်က တတိယပစ်မှတ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။

အနှစ်ချုပ် ပြောပြရရင် ဒီညအတွက် ရွေးချယ်ပေးလိုက်တာ ၃ကြောင်း။စပိန်လာလီဂါက အက်သလက်တီကို၊ အီတလီစီးရီးအေက အူဒီးနီးစ်ဘော်ဒီနဲ့ ဂျာမနီရပ်ဝန်းဆီကဘိုင်ယန်ပွဲ ဂိုးအောက်တို့ပါပဲ။ဘောလုံးမိတ်ဆွေအားလုံးလက်ထဲကိုင်ထားမိတဲ့တုတ်၅ချောင်းနဲ့ မိမိတို့ရဲ့ဒိုင်ခေါင်းကွဲသွားအောင်ထိထိမိမိရိုက်နိုင်ပါစေကြောင်းဆုတောင်းပေးရင်းနိဂုံးကမ္ပအဆုံးသတ် လိုက်ရပါတယ်။