
မိုဟာမက်ဆာလက်ဟာမနေ့ညတုန်းကယူနိုက်တက်ကိုလီဗာပူးက၇-၀ဂိုးဖြင့်သမိုင်းတွင်အောင်ပွဲရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူပြီးနောက်လီဗာပူးဂန္ထဝင်က စားသမားအဖြစ်တံဆိပ်ရိုက်နှိပ်လာနိုင်ခဲ့ပါတယ်။
မိုဟာမက်ဆာလက်ဟာမနေ့ညတုန်းကလီဗာပူးရဲ့ဂန္ထဝင်မြောက်နိုင်ပွဲတွင်၂ဂိုးသွင်းယူပြီးနောက်လီဗာပူးသမိုင်းတွင်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူဖြစ်လာတာလည်းဖြစ်ပါတယ်။
ဆာလက်ဟာတနင်္ဂနွေနေ့ညတုန်းကလီဗာပူးအတွက်ပရီးမီးယားလိဂ်ပွဲ၂၀၅ပွဲမြောက်ကစားခဲ့ရာမှာ၁၂၈ဂိုးမြောက်ဂိုးနှင့်၁၂၉ဂိုးမြောက်ဂိုးတို့ကိုသွင်းခဲ့တာဖြစ်ပါတယ်။
ဆာလက်ဟာယခင်တုန်းကလီဗာပူးသမိုင်းတွင်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့ရော်ဘီဖောင်လာရဲ့စံချိန်ကိုကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်အီဂျစ်စတားဟာမနေ့ညကပွဲတွင်၂ဂိုးသွ့င်းယူနိုင်မှုနှင့်အတူယူနိုက်တက်ဘက်သို့စုစုပေါင်း၁၀ဂိုးအထိသွင်းထားလာနိုင်ပြီးယူနိုက်တက်ဘက်သို့ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့လီဗာပူးကစားသမားဖြစ်လာခဲ့ပါတယ်။
ဆာလက်ဟာမနေ့ညကပွဲမတိုင်မီစတီဗင်ဂျရတ်နှင့်အတူယူနိုက်တက်ဘက်သို့ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားအဖြစ်၈ဂိုးဖြင့်ပူးတွဲရပ်တည်နေခဲ့တာပါ။
ZawGyi
လီဗာပူးသမိုင်းတွင် ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ မိုဟာမက်ဆာလက်