
အင်္ဂါည အီတလီစီးရီးအေပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်
ဆာလာနီတာနာ နှင့် ဂျူဗင်တပ်(ည ၂း၁၅)(ရွှေဘိုသား)
ဆာလာနီတာနာဟာနောက်ဆုံးအိမ်ကွင်းပွဲမှာနာပိုလီကို ၂ ဂိုးပြတ်ရှုံးခဲ့သလိုဒီနှစ်ထဲကအသင်းကြီးတွေနဲ့တွေ့ဆုံမှုတိုင်းမှာလည်းရှုံးနိမ့်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကမွန်ဇာကိုမထင်မှတ်ဘဲရှုံးခဲ့တဲ့ဂျူဗင်တပ်ကတော့ကြားရက်ကိုပါအီတာလီယာမှာတော့လာဇီယိုကို နောက်ကောက်ချပြီးဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာပါ။
ဂျူဗင်တပ်ရဲ့လက်ရှိခြေစွမ်းကမှန်းရခက်နေပေမယ့် ၃ ပွဲဆက်နိုင်ပွဲပျောက်ထားလို့ ပြန်ရုန်းလာဖို့တော့ရှိပါတယ်။အသင်းကြီးတွေကိုခံကန်နိုင်စွမ်းမရှိတဲ့အိမ်ရှင်ကို ငြင်းပယ်ရမယ်။
zawgyi
စီးရီးအေမှာ နိုင်ပွဲပြန်ရှာမယ့် အိုးလေဒီ