
တနင်္လာည အီတလီစီးရီးအေ ပွဲစဉ်-၁ပွဲကြိုသုံးသပ်ချက်
ဆမ်ဒိုးရီးယားနှင့်အေစီမီလန် (နံနက် ၁း၁၅)(မြန်မာပြည်ဂုရု)
မနှစ်ကဒုတိယနေရာကသာရပ်တည်ပြီးချန်ပီယံဆုလွဲခဲ့ရတဲ့အခြေအနေကောင်းကိုအားပြုပြီးဒီရာသီမှာတော့အေစီမီလန်အနေနဲ့ ချန်ပီယံဖြစ်ဖို့ အားခဲနေပါတယ်။
ဆမ်ဒိုးရီးယားကွင်းနောက်ဆုံးသွားကစားတဲ့မနှစ်ကပွဲမှာတော့မီလန်ဟာနောက်ကလိုက်ကစားပြီးသရေတစ်မှတ်သာရယူနိုင်ခဲ့တယ်။
ဒီပွဲမှာဆမ်ဒိုးရီးယားဘက်ကလည်း ၂၀၁၉ မတ်လနောက်ပိုင်းမီလန်ကိုတစ်ခါမှမနိုင်တော့တဲ့အစဉ်အလာဆိုးကိုချေဖျက်ဖို့ ကြိုးစားရပါလိမ့်မယ်။ မိုဗစ်၊ ဂျရူးတို့ဦးဆောင်တဲ့မီလန်တိုက်စစ်အသာရနိုင်မယ်ထင်ပါတယ်။
zawgyi