ဆန်ချိုအား ခေါ်ယူနိုင်ရေးအတွက် လင်ဂတ်ကိုအသုံးချသွားမယ့် သရဲနီ

မန်ယူဟာဒေါ့မွန်စတားဂျာဒွန်ဆန်ချိုအားခေါ်ယူနိုင်ရေးအတွက်ဂျက်စီလင်ဂတ်ကိုအလိုက်အဖြစ်ကမ်းလှမ်းမှုပြုလုပ်သွားနိုင်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားဟာဇန်နဝါရီအပြောင်းအရွှေ့တွင်ဝက်စ်ဟမ်းသို့အငှားဖြင့်ပြောင်းရွှေ့ပြီးနောက်ကစားသမားဘဝပြန်လည်ဦးမော့လာခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လင်ဂတ်ဟာမန်ယူနှင့်၂၀၂၂ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာနဲ့အညီအိုးထရက်ဖို့ဒ်နှစ်ရှည်အနာဂတ်မရေမရာဖြစ်နေပါတယ်။

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာလင်ဂတ်ကိုလာမယ့်နွေရာသီမှာအပြီးသတ်ခေါ်ယူလိုနေပါတယ်။ဒါပေမယ့်လင်ဂတ်ရဲ့တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀ပမာဏကဝက်စ်ဟမ်းအတွက်ကြီးမားတဲ့အတားအဆီးတစ်ခုဖြစ်နေပါတယ်။

အခြားတစ်ဖက်မှာမန်ယူကလည်းဝက်စ်ဟမ်းသို့မရောင်းချဘဲလင်ဂတ်ကိုဆန်ချိုအားခေါ်ယူရာတွင်အသုံးပြုရန်စီစဉ်နေပါတယ်။

ဒေါ့မွန်ဟာလည်းလင်ဂတ်ရဲ့ခြေစွမ်းကိုအနီးကပ်စောင့်ကြည့်လက်ရှိပြီးနွေရာသီတွင်ဆန်ချိုအားဆုံးရှုံးရပါကအစားထိုးခေါ်ယူရန်ဆန္ဒရှိနေပါတယ်။

မန်ယူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဆန်ချိုအားခေါ်ယူနိုင်ရေးအတွက်လအတန်ကြာကြိုးပမ်းခဲ့ဖူးပြီးဆိုးလ်ရှားရဲ့အဓိကပစ်မှတ်အဖြစ်ရှိနေတုန်းဖြစ်ပါတယ်။

ဒေါ့မှနျဟာအသကျ၂၁နှစျရှိအငျ်ဂလန်စတားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိသတ်မှတ်ထားသော်လည်းလင်ဂတ်ကိုအလိုက်ပေးပါကပြောင်းရွှေ့ကြေးပမာဏလျှော့ကျလာပါမယ်။

ဒေါ့မွန်ဟာဆန်ချိုအားမန်စီးတီးမှခေါ်ယူစဉ်ကထည့်သွင်းထားတဲ့စာချုပ်ပါအချက်ကြောင့်ပြောင်းရွှေ့ကြေးမြင့်မားစွာတောင်းဆိုနေတာလည်းဖြစ်ပါတယ်။ဒေါ့မွန်ဟာဆန်ချိုကို၂၀၁၇ခုနှစ်တုန်းကခေါ်ယူစဉ်ကပြန်လည်ရောင်းချချိန်တွင်ပြောင်းရွှေ့ကြေးရဲ့အစိတ်အပိုင်းတစ်ရပ်ကိုပေးရမယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။မန်စီးတီးဟာမန်ယူသို့ဆန်ချိုသာပေါင်သန်း၁၀၀ဖြင့်ပြောင်းရွှေ့ပါကပေါင်၁၆သန်းခန့်ရရှိလာနိုင်ပါတယ်။

zawgyi









ဒေါ့မှနျဟာအသကျ၂၁နှဈရှိအင်ျဂလန်စတားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိသတ်မှတ်ထားသော်လည်းလင်ဂတ်ကိုအလိုက်ပေးပါကပြောင်းရွှေ့ကြေးပမာဏလျှော့ကျလာပါမယ်။

