ဆက်စ်ဆူလိုမှ ထွက်ခွာမယ့် နည်းပြဒီဇာဘီ

ဆက်စ်ဆူလိုနည်းပြဒီဇာဘီကရာသီအကုန်တွင်ဆက်စ်ဆူလိုမှထွက်ခွာမည်ဖြစ်ကြောင်းကိုကလပ်နှင့်ကစားသမားတို့အားပြောကြားထားပြီးဖြစ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဒီဇာဘီဟာယူကရိန်းထိပ်သီးရှက်တာဒိုးနက်စ်အားကိုင်တွယ်ရန်သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။

ဒီဇာဘီက “သုံးနှစ်တာကိုင်တွယ်ပြီးတဲ့နောက်အမြင့်ဆုံးလုပ်ဆောင်နိုင်ခဲ့ပြီလို့ခံစားရပါတယ်။နောက်နည်းပြတစ်ယောက်ရောက်လာပြီးဒီထက်ပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။ကလပ်မှာပျော်ပါတယ်။ဒါပေမယ့်ကျွန်တော်ကပရော်ဖက်ရှင်နယ်တစ်ဦးပါ။အတွေ့အကြုံသစ်ရှာဖွေဖို့အချိန်ကျရောက်လာပြီဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဆက်စ်ဆူလိုဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၈နေရာမှာရပ်တည်‌နေပြီးယူရိုပါလိဂ်ဝင်ခွင့်အတွက်အဆင့်၇နေရာမှာရိုးမားကိုစိန်ခေါ်နေပါတယ်။၎င်းတို့ဟာရာသီသိမ်းပွဲစဉ်အဖြစ်လာမယ့်တနင်္ဂနွေနေ့မှာလာဇီယိုကိုဧည့်ခံကစားရပါမယ်။

ဆက်လက်ပြီးဒီဇာဘီက “အဆင့်၇နေရာအတွက်ကျွန်တော်တို့ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။ရိုးမားကသရေကျပြီးကျွန်တော်တို့ကလာဇီယိုကိုအနိုင်ရခဲ့ရင်ကျွန်တော်တို့အမှတ်တူသွားပါမယ်။အဲဒါဆိုရင်ဂိုးကွာခြားချက်ကိုဘဲကြည့်ရပါတော့မယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ဆက္စ္ဆူလိုမွ ထြက္ခြာမယ့္ နည္းျပဒီဇာဘီ

ဆက္စ္ဆူလိုနည္းျပဒီဇာဘီကရာသီအကုန္တြင္ဆက္စ္ဆူလိုမွထြက္ခြာမည္ျဖစ္ေၾကာင္းကိုကလပ္ႏွင့္ကစားသမားတို႔အားေျပာၾကားထားၿပီးျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဒီဇာဘီဟာယူကရိန္းထိပ္သီးရွက္တာဒိုးနက္စ္အားကိုင္တြယ္ရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဒီဇာဘီက “သုံးႏွစ္တာကိုင္တြယ္ၿပီးတဲ့ေနာက္အျမင့္ဆုံးလုပ္ေဆာင္ႏိုင္ခဲ့ၿပီလို႔ခံစားရပါတယ္။ေနာက္နည္းျပတစ္ေယာက္ေရာက္လာၿပီးဒီထက္ပိုေကာင္းေအာင္လုပ္ေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။ကလပ္မွာေပ်ာ္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကပေရာ္ဖက္ရွင္နယ္တစ္ဦးပါ။အေတြ႕အႀကဳံသစ္ရွာေဖြဖို႔အခ်ိန္က်ေရာက္လာၿပီျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္စ္ဆူလိုဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၈ေနရာမွာရပ္တည္‌ေနၿပီးယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္အဆင့္၇ေနရာမွာ႐ိုးမားကိုစိန္ေခၚေနပါတယ္။၎တို႔ဟာရာသီသိမ္းပြဲစဥ္အျဖစ္လာမယ့္တနဂၤေႏြေန႔မွာလာဇီယိုကိုဧည့္ခံကစားရပါမယ္။

ဆက္လက္ၿပီးဒီဇာဘီက “အဆင့္၇ေနရာအတြက္ကြၽန္ေတာ္တို႔ယုံၾကည္မႈရွိေနဆဲျဖစ္ပါတယ္။႐ိုးမားကသေရက်ၿပီးကြၽန္ေတာ္တို႔ကလာဇီယိုကိုအႏိုင္ရခဲ့ရင္ကြၽန္ေတာ္တို႔အမွတ္တူသြားပါမယ္။အဲဒါဆိုရင္ဂိုးကြာျခားခ်က္ကိုဘဲၾကည့္ရပါေတာ့မယ္”လို႔ေျပာၾကားသြားပါတယ္။