ရိုးမား အနိုင်ရဖို့ဆိုတာ စိတ်ကူးယဉ်တာထက်တောင် ခက်ခဲလွန်းနေမယ့်ပုစ္ဆာ

စနေည အီတလီစီးရီးအေ ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဆက်ဆူအိုလို နှင့် ရိုးမား (ည ၇:၃၀)(မြန်မာပြည်ဂုရု)

စီးရီးအေနောက်ဆုံး၂ပွဲမှာပါးမား၊ နာပိုလီတို့ကိုဆက်တိုက်အရေးနိမ့်ခဲ့တဲ့ရိုးမားရဲ့လက်ရှိအနေအထားကဘယ်လိုမှယုံကြည်ချင်စရာမကောင်းလှဘူး။စီးရီးအေအဝေးကွင်းပွဲစဉ်တွေမှာ ရိုးမားရဲ့တိုက်စစ်အသက်မဲ့ပြီး နောက်ဆုံး ၅ပွဲမှာ ၄ပွဲတောင်မှဂိုးပေါက်ပျောက်ဆုံးထားပါတယ်။

ဆက်ဆူအိုလိုကတော့ခံစစ်ပိုင်းယိုယွင်းပေမယ့်တိုက်စစ်ပိုင်းကတော့ဂိုးသွင်းအားရှိတဲ့ အသင်းပါ။ အိမ်ရှင်လည်းဖြစ်နေလို့ ဆက်ဆူအိုလိုအမှတ်ရအောင်ယူလိမ့်မယ်။ရိုးမားအနိုင်ရဖို့ဆိုတာစိတ်ကူးယဉ်တာထက်တောင်ခက်ခဲလွန်းနေမယ့်ပုစ္ဆာပါ။

zawgyi




