Selhurst Park ကို ပရိသတ် ၃၄၀၀၀ ကျော်ဆန့်ကွင်းအဖြစ် ပြုပြင်တည်ဆောက်ရန် ခွင့်ပြုချက်ရရှိလာတဲ့ ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ Selhurst Park ကွင်းကိုပရိသတ်၃၄၀၀၀ကျော်ဆန့်ကွင်းအဖြစ်တိုးချဲ့တည်ဆောက်ရန်အာဏာပိုင်များရဲ့ခွင့်ပြုချက်ရရှိလာပြီဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်တာဝန်ရှိသူများဟာအဓိကပွဲကြည့်စင်ကိုတိုးချဲ့ခြင်း၊အိမ်ရှင်အရန်ခုံကိုပြောင်းလဲတည်ဆောက်ခြင်း၊အဝတ်အစားလဲခန်းကိုပြောင်းလဲတည်ဆောက်ခြင်း၊ ရုပ်သံကင်မရာများအတွက်နေရာတည်ဆောက်ခြင်းတို့ပြုလုပ်ရန်စီစဉ်ထားပါတယ်။

Croydon Council ဟာလေးနှစ်ကြာမြင့်ပြီဖြစ်တဲ့ခရစ္စတယ်ပဲလေ့စ်ရဲ့တင်ပြလာမှုကိုသုံးသပ်မှုများပြုလုပ်ကာခွင့်ပြုချက်ပေးလာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲလေ့စ်အနေဖြင့် လန်ဒန်မြို့တော်ဝန်ရဲ့ထောက်ခံချက်ရရှိပါက Selhurst Park ကိုတိုးချဲ့တည်ဆောက်ရန်စတင်လာနိုင်တော့မှာဖြစ်ပါတယ်။

ပဲလေ့စ်ဟာအဓိကပွဲကြည့်စင်ကို ပရိသတ် ၅၂၀၀ ဆန့်အနေအထားမှ ၁၃၅၀၀၀ အထိဆန့်လာအောင် ပွဲကြည့်စင်အဆင့်သစ်သုံးဆင့်ထပ်မံတိုးချဲ့တည်ဆောက်လာပါမယ်။

ဒါ့အပြင်ပဲလေ့စ်ဟာ Selhurst Park တွင်ပရိသတ် ၂၅၀၀တို့ ဖျော်ဖြေရေးနှင့်ပျော်ပွဲရွှင်ပွဲပြုလုပ်နိုင်အောင်လည်းလုပ်ဆောင်သွားပါမယ်။

ပဲလေ့စ်ဟာမန်စီးတီးကဲ့သို့ပင် ပရိသတ်များအနေဖြင့်နောက်ကွယ်တွင်ကစားသမားများရဲ့လုပ်ဆောင်မှုကိုကြည့်နိုင်စေမဲ့ Tunnel Club ကိုလည်းထည့်သွင်းလုပ်ဆောင်လာပါမယ်။

ပဲလေ့စ်ဟာ Selhurst Parkကိုတိုးချဲ့တည်ဆောက်မှုအား ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီတည်ဆောက်ကာ နိုင်ငံတကာပြိုင်ပွဲလက်ခံကျင်းပနိုင်အောင်လည်းလုပ်ဆောင်သွားပါမယ်။

ZawGyi

Selhurst Park ကို ပရိသတ္ ၃၄၀၀၀ ေက်ာ္ဆန႔္ကြင္းအျဖစ္ ျပဳျပင္တည္ေဆာက္ရန္ ခြင့္ျပဳခ်က္ရရွိလာတဲ့ ပဲေလ့စ္

ခရစၥတယ္ပဲေလ့စ္အသင္းဟာ Selhurst Park ကြင္းကိုပရိသတ္၃၄၀၀၀ေက်ာ္ဆန႔္ကြင္းအျဖစ္တိုးခ်ဲ႕တည္ေဆာက္ရန္အာဏာပိုင္မ်ားရဲ႕ခြင့္ျပဳခ်က္ရရွိလာၿပီျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္တာဝန္ရွိသူမ်ားဟာအဓိကပြဲၾကည့္စင္ကိုတိုးခ်ဲ႕ျခင္း၊အိမ္ရွင္အရန္ခုံကိုေျပာင္းလဲတည္ေဆာက္ျခင္း၊အဝတ္အစားလဲခန္းကိုေျပာင္းလဲတည္ေဆာက္ျခင္း၊ ႐ုပ္သံကင္မရာမ်ားအတြက္ေနရာတည္ေဆာက္ျခင္းတို႔ျပဳလုပ္ရန္စီစဥ္ထားပါတယ္။

Croydon Council ဟာေလးႏွစ္ၾကာျမင့္ၿပီျဖစ္တဲ့ခရစၥတယ္ပဲေလ့စ္ရဲ႕တင္ျပလာမႈကိုသုံးသပ္မႈမ်ားျပဳလုပ္ကာခြင့္ျပဳခ်က္ေပးလာခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းပဲေလ့စ္အေနျဖင့္ လန္ဒန္ၿမိဳ႕ေတာ္ဝန္ရဲ႕ေထာက္ခံခ်က္ရရွိပါက Selhurst Park ကိုတိုးခ်ဲ႕တည္ေဆာက္ရန္စတင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။

ပဲေလ့စ္ဟာအဓိကပြဲၾကည့္စင္ကို ပရိသတ္ ၅၂၀၀ ဆန႔္အေနအထားမွ ၁၃၅၀၀၀ အထိဆန႔္လာေအာင္ ပြဲၾကည့္စင္အဆင့္သစ္သုံးဆင့္ထပ္မံတိုးခ်ဲ႕တည္ေဆာက္လာပါမယ္။

ဒါ့အျပင္ပဲေလ့စ္ဟာ Selhurst Park တြင္ပရိသတ္ ၂၅၀၀တို႔ ေဖ်ာ္ေျဖေရးႏွင့္ေပ်ာ္ပြဲ႐ႊင္ပြဲျပဳလုပ္ႏိုင္ေအာင္လည္းလုပ္ေဆာင္သြားပါမယ္။

ပဲေလ့စ္ဟာမန္စီးတီးကဲ့သို႔ပင္ ပရိသတ္မ်ားအေနျဖင့္ေနာက္ကြယ္တြင္ကစားသမားမ်ားရဲ႕လုပ္ေဆာင္မႈကိုၾကည့္ႏိုင္ေစမဲ့ Tunnel Club ကိုလည္းထည့္သြင္းလုပ္ေဆာင္လာပါမယ္။

ပဲေလ့စ္ဟာ Selhurst Parkကိုတိုးခ်ဲ႕တည္ေဆာက္မႈအား ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းစည္းကမ္းခ်က္မ်ားႏွင့္အညီတည္ေဆာက္ကာ ႏိုင္ငံတကာၿပိဳင္ပြဲလက္ခံက်င္းပႏိုင္ေအာင္လည္းလုပ္ေဆာင္သြားပါမယ္။