စီးရီးအေ၂သင်းထဲကတစ်သင်းရောင်းရတော့မယ့်လာဇီယိုပိုင်ရှင်

ဆာလာနီတာနာအသင်း စီးရီးအေသို့တန်းတက်လာမှုနှင့်အတူဥက္ကဌကလော်ဒီယိုလိုတီတိုဟာအသင်းကိုရက်၃၀အတွင်းရောင်းချရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။စီးရီးအေတွင်အသင်းနှစ်သင်းကိုပိုင်ရှင်တစ်ဦးတည်းကပိုင်ဆိုင်ခွင့်မရှိတာကြောင့်လိုတီတိုအနေဖြင့်ဆာလာနီတာနာကိုရောင်းချရတော့မှာလည်းဖြစ်ပါတယ်။

ဖာဘရီဇီယိုကက်စ်တိုရီဦးဆောင်တဲ့ဆာလာနီတာနာဟာတနင်္လာနေ့တုန်းကပက်စ်ကာရာအား၃-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်၂၃နှစ်တာကာလအတွင်းပထမဆုံးအကြိမ်အဖြစ်စီးရီးအေသို့တက်လှမ်းနိုင်ခဲ့ပါတယ်။

အသင်းပိုင်ရှင်ကလော်ဒီယိုလိုတီတိုဟာစီးရီးအကေလပျလာဇီယိုရဲ့ဥက်ကဌအဖြစ်လည်းဆောင်ရွက်နေပါတယ်။လိုတီတိုအနေဖြင့်စီးရီးအေကလပ်နှစ်ခုကိုပိုင်ဆိုင်ခွင့်မရှိရာတစ်သင်းသင်းကိုမဖြစ်မနေရောင်းချရတော့မှာဖြစ်ပါတယ်။

လိုတီတိုအနေဖြင့်လာဇီယိုကိုရောင်းချဖွယ်မရှိဘဲဆာလာနီတာနာကိုသာရောင်းချဖို့ရှိပါတယ်။ဒါပေမယ့်သူ့အနေဖြင့်ရက်၃၀အတွင်းတွင်ရောင်းချသွားရမှာလည်းဖြစ်ပါတယ်။အီတလီဘောလုံးအဖွဲ့ချုပ်ကလည်းလိုတီတိုအနေဖြင့်ကလပ်တစ်သင်းသင်းကိုမဖြစ်မနေရောင်းချသွားရမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။

zawgyi

စီးရီးေအတန္းတက္အသင္းကိုေရာင္းခ်ရေတာ့မယ့္ လာဇီယိုပိုင္ရွင္

ဆာလာနီတာနာအသင္း စီးရီးေအသို႔တန္းတက္လာမႈႏွင့္အတူဥကၠဌကေလာ္ဒီယိုလိုတီတိုဟာအသင္းကိုရက္၃၀အတြင္းေရာင္းခ်ရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။စီးရီးေအတြင္အသင္းႏွစ္သင္းကိုပိုင္ရွင္တစ္ဦးတည္းကပိုင္ဆိုင္ခြင့္မရွိတာေၾကာင့္လိုတီတိုအေနျဖင့္ဆာလာနီတာနာကိုေရာင္းခ်ရေတာ့မွာလည္းျဖစ္ပါတယ္။

ဖာဘရီဇီယိုကက္စ္တိုရီဦးေဆာင္တဲ့ဆာလာနီတာနာဟာတနလၤာေန႔တုန္းကပက္စ္ကာရာအား၃-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္၂၃ႏွစ္တာကာလအတြင္းပထမဆုံးအႀကိမ္အျဖစ္စီးရီးေအသို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။

အသင္းပိုင္ရွင္ကေလာ္ဒီယိုလိုတီတိုဟာစီးရီးအေကလပ်လာဇီယိုရဲ႕ဥက္ကဌအျဖစ္လည္းေဆာင္႐ြက္ေနပါတယ္။လိုတီတိုအေနျဖင့္စီးရီးေအကလပ္ႏွစ္ခုကိုပိုင္ဆိုင္ခြင့္မရွိရာတစ္သင္းသင္းကိုမျဖစ္မေနေရာင္းခ်ရေတာ့မွာျဖစ္ပါတယ္။

လိုတီတိုအေနျဖင့္လာဇီယိုကိုေရာင္းခ်ဖြယ္မရွိဘဲဆာလာနီတာနာကိုသာေရာင္းခ်ဖို႔ရွိပါတယ္။ဒါေပမယ့္သူ႔အေနျဖင့္ရက္၃၀အတြင္းတြင္ေရာင္းခ်သြားရမွာလည္းျဖစ္ပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္းလိုတီတိုအေနျဖင့္ကလပ္တစ္သင္းသင္းကိုမျဖစ္မေနေရာင္းခ်သြားရမွာျဖစ္ေၾကာင္းအတည္ျပဳထားပါတယ္။