”စီရော်နယ်ဒိုတို့ကို လက်ခုပ်တီးပေးလိုက်ကြ”

စနေည ဥရောဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဆားဘီးယား နှင် ပေါ်တူဂီ (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

အဖွင့်ပွဲစဉ်မှာအိုင်ယာလန်ကိုအနိုင်ရရှိလိုက်ပေမယ့်ဆားဘီးယားကိုအထင်မကြီးကြပါနဲ့ဦး။ ပြိုင်ဘက်အိုင်ယာလန်ရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းနိမ့်ကျနေလို့သာဆားဘီးယားနိုင်ခဲ့တာပါ။

ဆားဘီးယားရဲ့ခံစစ်ကြောင်းကပေါ်တူဂီလို တိုက်စစ်အားကောင်းတဲ့အသင်းတွေနဲ့တွေ့ရင်တည်ငြိမ်စိတ်ချရခြင်းမရှိတော့ပါဘူး။

စီရော်နယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီကတော့အနိုင်ရလဒ်ကိုဦးစားပေးကစားပြီးစုဖွဲ့မှုမာကျောကျစ်လျစ်တဲ့အသင်းပါ။တစ်ဂိုးနိုင်ရင်ပဲ ၅၀ရရှိမယ့် စီရော်နယ်ဒိုတို့ရဲ့ပေါ်တူဂီကိုလက်ခုပ်တီးပေးလိုက်ကြပါဗျာ။

zawgyi




