ရှုံးရင်တောင် ဂိုးမပြတ်ပါဘူး

စနေည စပိန်လာလီဂါ ပွဲစဉ်-၁၂ ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ နှင့် အိုဆာဆူနာ (ည ၈း၄၅)(သတိုး မှော်ဘီ)

ဆီဗီလာဟာပြီးခဲ့တဲ့ကြားရက်အဝေးကွင်းမှာမာယော့ကာကိုအနိုင်မယူနိုင်ခဲ့ပေမယ့်ဒီရာသီလာလီဂါမှာအိမ်ကွင်းပွဲတိုင်းရာနှုန်းပြည့်နိုင်ထားပါတယ်။အိုဆာဆူနာကလည်းဒီရာသီလာလီဂါမှာခြေစွမ်းပြနေတဲ့အသင်းဖြစ်ပြီးအဲဒီလိုစွမ်းဆောင်နိုင်လို့လည်းအမှတ်ပေးဇယားအဆင့် ၇ နေရာရပ်တည်နေတာပါ။

လာမယ့်အပတ်ကြားရက်ထဲမှာလိုင်လီနဲ့ချန်ပီယံလိဂ်အရေးကြီးပွဲရှိနေလို့ဆီဗီလာဟာအိုဆာဆူနာနဲ့ဒီပွဲကိုအပြည့်အဝအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်နောက်ဆုံးလာလီဂါ ၅ ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့အိုဆာဆူနာအနေနဲ့ သရေမျှော်လင့်နိုင်ပြီးရှုံးရင်တောင်ဂိုးမပြတ်ပါဘူး။

zawgyi




