ယူနိုက်တက်နှင့်ပွဲမတိုင်မီထုတ်ပယ်ခံရတဲ့ဆီဗီလာနည်းပြဆပ်ပါအိုလီ

ဆီဗီလာဟာရလဒ်ဆိုးရွားနေမှုနှင့်အတူနည်းပြဂျော့ဆမ်ပါအိုလီကိုရာထူးမှထုတ်ပယ်လာပါတယ်။

ယူနိုက်တက်ဟာယူရိုပါလိဂ်တွင်လာလီဂါကလပ်များဖြစ်ကြတဲ့ဘာစီလိုနာနှင့်ဘက်တစ်တို့ကိုကျော်ဖြတ်လာပြီးနောက်ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင်ဆီဗီလာနှင့်ထိပ်တိုက်တွေ့နေပါတယ်။

ဒါပေမဲ့ဆီဗီလာမှာလာလီဂါတွင်ရုန်းကန်နေရပေမဲ့လည်းယူနိုက်တက်အတွက်လွယ်ကူတဲ့ပွဲဖြစ်လာမှာမဟုတ်ပါဘူး။

ယူနိုက်တက်ဟာဆီဗီလာနှင့်၃ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာတစ်ကြိမ်မျှအနိုင်မရဖူးပါဘူး။

ဆီဗီလာဟာဖီနာဘာချီကိုကျော်ဖြတ်ကာယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့တက်လာတာဖြစ်ပြီးဧပြီလ၁၃ရက်နေ့မှာအိုးထရက်ဖို့ဒ်မှာယူနိုက်တက်နှင့်ပထမအကျော့ကစားရပါမယ်။

ဒါပေမဲ့ဆီဗီလာဟာလာလီဂါတွင်ရုန်းကန်နေရမှုနှင့်အတူနည်းပြဂျော့ဆမ်ပါအိုလီကိုထုတ်ပယ်လာပါတယ်။

ဆီဗီလာဟာအိုဆာဆူနာ၊အက်သလက်တီကိုနှင့်ဂီတာဖေးတို့ကိုဆက်တိုက်ရှုံးနိမ့်ပြီးနောက်ဆမ်ပါအိုလီနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဆီဗီလာဟာလာလီဂါအမှတ်ပေးဇယားအဆင့်၁၄နေရာတွင်ရပ်တည်နေပြီး၁၂ပွဲသာကစားရန်ကျန်တော့တဲ့အချိန်တွင်တန်းဆင်းဇုန်နှင့်၂မှတ်တည်းသာကွာဟနေပါတယ်။

အသက်၆၃နှစ်ရှိဆမ်ပါအိုလီဟာ၂၀၁၅ခုနှစ်တုန်းကချီလီကို ကိုပါအမေရိကဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ဖူးသူဖြစ်ပြီး၂၀၁၆ခုနှစ်တုန်းကဆီဗီလာကိုကိုင်တွယ်ခဲ့ပေမဲ့လည်းအာဂျင်တီးနားကိုကိုင်တွယ်ရန်ထွက်ခွာသွားခဲ့ပါတယ်။

သူဟာအောက်တိုဘာလတုန်းကနည်းပြလိုပီတီဂူရဲ့နေရာတွင်အစားထိုးခန့်အပ်ခံရကာဆီဗီလာသို့ဒုတိယအကြိမ်မြောက်ပြန်လာခဲ့တာပါ။

ဆီဗီလာဟာဂျော့ဆမ်ပါအိုလီရဲ့နေရာမှာ ဟိုဆေးလူးဝစ်မန်ဒီလီဘားကိုရာသီအကုန်အထိခန့်အပ်ထားပါတယ်။