”အစဉ်အလာလမ်းကြောင်းနောက် ကောက်ကောက်ပါအောင်လိုက်”

ကြာသပတေးည ယူရိုပါလိဂ် ၁၆သင်းအဆင့်(ဒု-အကျော့)

အစောပိုင်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ရှက်တာဒိုးနက် နှင့် ရိုးမား (ည ၁၂:၂၅)(စိုင်းကို- တောင်ကြီး)

ပထမအကျော့တုန်းကရိုးမားအသင်း ၃-၀ဂိုးနဲ့အနိုင်ရရှိထားခဲ့ပါတယ်။ ဒါကြောင့်အခုပွဲမှာရိုးမားအနေနဲ့ အနိုင်ရရှိရေးထက်နောက်တစ်ဆင့်တက်ရေးဦးစားပေးပြီးထိန်းပြီးပဲကစားလာမှာပါ။

ကစားရမှာကလည်းခရီးဝေးလံပြီးရာသီဥတုကြမ်းတမ်းတဲ့ယူကရိန်းမြေဖြစ်လို့ ရိုးမားအသင်းသေချာပေါက်ရုန်းကန်ရပါလိမ့်မယ်။အိမ်ရှင်ယူကရိန်းကလပ်ကလည်းဥရောပပွဲစဉ်တွေဆိုရင်အဝေးကွင်းညံ့သလောက်အိမ်ကွင်းခြေစွမ်းစိတ်ချရတဲ့အသင်းဖြစ်တယ်။

ဒါကြောင့်အင်အားချွေတာကစားမယ့်ရိုးမားအနေနဲ့ ရှက်တာဒိုးနက်ကို အသာစီးယူကစားဖို့ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။အစဉ်အလာပိုင်းမှာလည်း ရှက်တာဒိုးနက်ကွင်းမှာကစားဖူးတဲ့ ၃ပွဲစလုံးရိုးမားအရေးနိမ့်ခဲ့တယ်။

အင်အားပြည့်ကစားရင်ရိုးမာအတွက်အနိုင်ဆိုတာလွယ်မှာပါ။ ဒါပေမဲ့အဝေးကွင်းဖြစ်နေမှု၊ ဂိုးပြတ်နိုင်ထားပြီးသားဖြစ်မှုစတာတွေကြောင့်ရှက်တာဒိုးနက်ကိုကြိုက်တယ်။ အစဉ်အလာဆိုတာရဲ့လမ်းကြောင်းနောက်တစ်ကောက်ကောက်ပါအောင် လိုက်ရမှာပါ။

zawgyi





