ဂိုးပြတ်နိုင်မယ်လို့ မယုံကြည်ရဲကြဘူးလား

ဗုဒ္ဓဟူးည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၁ ပွဲကြိုသုံးသပ်ချက်

ရှော်ကေး နှင့် ဟာသာဘာလင် (ည ၁၀း၃၀)(မော်ကွန်း)

တန်းဆင်းထားရပြီးသားရှော်ကေးဟာနဂိုကတည်းကပွဲတိုင်းကို ခပ်အေးအေးကစားပြီး ခြေစွမ်းရောရလဒ်ပါဆိုးရွားနေခဲ့ရတဲ့အသင်းပါ။တစ်သင်းလုံး စိတ်ဓာတ်ပိုင်းယိုယွင်းနေတဲ့ရှော်ကေးရဲ့အားနည်းချက်ကခံစစ်ယိုယွင်းမှုဖြစ်ပြီးဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ဂိုးအလှူ ကြီးပေးလွန်းတယ်။

ဟာသာဘာလင်ကတော့တန်းတင်ကျန်ရစ်ဖို့ အမှတ်အသည်းအသန်လိုအပ်နေပြီး လတ်တလောတိုက်စစ်အားကလည်းထက်မြက်မှုရှိတဲ့အသင်းပါ။

ဒါကြောင့်လည်းတစ်ဂိုးတည်းသာကပ်နိုင်ရင် တစ်ဝက်နီးပါးရှုံးရမယ်လို့ ဟာသာဘာလင်ကခပ်ပြင်းပြင်းအကျောပေးထားတာဖြစ်တယ်။ဟာသာဘာလင် ဂိုးပြတ်နိုင်မယ်လို့ မယုံကြည်ရဲကြဘူးလားဗျာ။ကျွန်တော်ကတော့ယုံကြည်မှု အပြည့်ရှိနေတယ်။

zawgyi




