နေအိမ်ဘက်သို့ စုန်းရုပ်လှည့်ထားမှုကြောင့်ရှာကီရာနေအိမ်သို့ ဝင်ရောက်ကာပီကေးမိခင်ပွဲကြမ်းခဲ့

ဂါရတ်ပီကေးရဲ့မိခင်ဟာသူမရဲနေအိမ်ဘက်သို့စုန်းရုပ်လှည့်ထားမှုကြောင့် ချွေးမဟောင်းရှာကီရာရဲ့နေအိမ်သို့ဝင်ရောက်သောင်းကျန်းမှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ကိုလံဘီယာပေါ့ပ်အဆိုတော်ဟာယောက္ခမဟောင်းရဲ့တောင်းဆိုမှုကိုငြင်းပယ်ခဲ့ပါတယ်။

ကိုလံဘီယာပေါ့ပ်အဆိုတော်ဟာပြီးခဲ့တဲ့နှစ်ဇွန်လတုန်းကဘာစီလိုနာဂန္ထဝင်ကစားသမားနှင့်လမ်းခွဲလိုက်ပြီးနောက်ယခုလအစောပိုင်းတုန်းကသူမရဲ့နေ အိမ်ဝရံတာတွင်လူအရွယ်အစားရှိ စုန်းရုပ်တစ်ခုချထားခဲ့ပါတယ်။

သူမဟာတစ်လမ်းတည်းနေယောက္ခမရဲ့နေအိမ်ကိုစောင့်ကြည့်ရန်လုပ်ထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းပီကေးရဲ့မိခင်မွန့်ဆာရက်ဘာနေဗျူးဟာယင်းအပေါ်အကြီးအကျယ်ဒေါသထွက်ကာရှာကီရာရဲ့နေအိမ်သို့သွားရောက်ပြဿနာရှာခဲ့ပြီး ရှာကီရာရဲ့ဝန်ထမ်းအားသူမနေအိမ်ဘက်သို့မလှည့်ထားရန်ပြောဆိုခဲ့ပါတယ်။

ပီကေးနှင့်ရှာကီရာတို့ဟာ၁၂နှစ်ကြာချစ်ကြိုက်လက်တွဲပြီးနောက်ပြီးခဲ့တဲ့နှစ်တုန်းကလမ်းခွဲခဲ့ကြပါတယ်။ရှာကီရာဟာချစ်သူပီကေးမှာကလပ်တစ်ခုမှစား ပွဲထိုးမလေးအသက်၂၃နှစ်အရွယ်ရှိကလျာချီယာမာတီနှင့်ဖောက်ပြန်နေကြောင်းသိရပြီးနောက်လမ်းခွဲလိုက်တာလည်းဖြစ်ပါတယ်။

 

ZawGyi





