ရှက်ဖီးကို လက်ခုပ်တီးပေးဖို့ ဟန်ပြင်လိုက်ပါ

အင်္ဂါညအင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

ရှက်ဖီးဝင်းစ်ဒေး နှင့် ဝိုင်ကွမ်ဘီ (ည ၁:၃၀)(ဇေကြီး)

နှစ်သင်းစလုံးချန်ပီယံရှစ်အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေကြရတယ်။၁၆မှတ်သာရရှိထားသေးတဲ့ဇယားအောက်ဆုံးကဝိုင်ကွမ်ဘီဟာလူအင် အားနဲ့ခြေစွမ်းပိုင်းမှာ၂၅မှတ်ရရှိထားတဲ့သူတို့အထက်ကရှက်ဖီးဝင်းစ်ဒေးထက်အများကြီးနိမ့်ကျပါတယ်။

အခုဆိုရင်တန်းဆင်းဇုန်ကနေလွတ်မြောက်ဖို့ ရှက်ဖီးဝင်းစ်ဒေးအားကုန်ရုန်းကြိုးစားနေပြီးသူတို့ရဲ့ချန်ပီယံရှစ်နောက်ဆုံး ၃ပွဲမှာ နိုင်ပွဲ ၂ပွဲတောင်ရယူထားနိုင်ခဲ့တယ်။

အထူးသဖြင့်အိမ်ကွင်းဆိုရင်ရှက်ဖီးခြေပိုစွာနေပြီးလောလောဆယ် သူတို့ရဲ့ချန်ပီယံရှစ်အိမ်ကွင်းနောက်ဆုံး ၄ပွဲဆက်တိုက်အနိုင်ရလဒ်တွေရရှိထားတယ်။ရှက်ဖီးရဲ့လက်ရှိခြေစွမ်းကို ဝိုင်ကွမ်ဘီ ဘယ်လိုမှကိုယှဉ်နိုင်မှာမဟုတ်ဘူး။အနိုင်သေချာတဲ့ရှက်ဖီးကိုလက်ခုပ်တီးပေးဖို့ ဟန်ပြင်လိုက်ပါ။

zawgyi




