လူငယ်တစ်ဦးကိုလမ်းပေါ်တွင်ထိုးကြိတ်ခဲ့တဲ့ရှက်ဖီးလ်စတား

ရှက်ဖီးလ်ယူနိုက်တက်စတားအိုလီမက်ဘန်နီဟာလမ်းပေါ်တွင်ရှက်ဖီးလ်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်မှတန်းဆင်းသွားရမှုအပေါ်လှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့လူငယ်တစ်ဦးအားတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိအာမခံအကျိုးဆောင်အီးလီးယော့ရိုက်ဟာစကော့တလန်လက်ရွေးစင်အားတန်းဆင်းသွားရတာထက်ဆိုးတာဘာမှမရှိဘူးဆိုပြီးလှောင်ပြောင်ပြောဆိုခဲ့တာဖြစ်ပါတယ်။အီးလီးယော့ဟာမက်ဘန်နီအားဗီဒီယိုရိုက်ကူးမှုပြုလုပ်ကာလှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

မက်ဘန်နီရဲ့တိုက်ခိုက်မှုကြောင့်ဖုန်းမှာမြေပြင်သို့လွတ်ကျသွားခဲ့သော်လည်းဗီဒီယိုရိုက်ကူးမှုဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းတွေ့ရပါတယ်။မက်ဘန်နီဟာဖုန်းကိုလည်းနင်းချေခဲ့ပါသေးတယ်။ယင်းဗီဒီယိုဖိုင်မှာ၂၄စက္ကန့်ကြာမြင့်ကာအွန်လိုင်းတွင်ပျံ့နှံ့လျက်ရှိပါတယ်။

ယခုအခါရှက်ဖီးလ်ယူနိုက်တက်အသင်းကမက်ဘန်နီရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ကာအရေးယူမှုပြုလုပ်သွားမှာဖြစ်ကြောင်းထုတ်ပြန်ကြေညာသွားပါတယ်။

မက်ဘန်နီဟာပြီးခဲ့တဲ့လတုန်းကအာဆင်နယ်အား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာဒဏ်ရာရရှိပြီးနောက်အနားယူနေခဲ့ရပါတယ်။သူဟာယခုရာသီမှာရှက်ဖီးလ်ယူနိုက်တက်အတွက်၁ဂိုးသွင်းယူထားပါတယ်။

zawgyi

လူငယ္တစ္ဦးကို လမ္းေပၚတြင္ ထိုးႀကိတ္ခဲ့တဲ့ ရွက္ဖီးလ္စတား

ရွက္ဖီးလ္ယူႏိုက္တက္စတားအိုလီမက္ဘန္နီဟာလမ္းေပၚတြင္ရွက္ဖီးလ္ယူႏိုက္တက္အသင္း ပရီးမီးယားလိဂ္မွတန္းဆင္းသြားရမႈအေပၚေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တဲ့လူငယ္တစ္ဦးအားတိုက္ခိုက္မႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိအာမခံအက်ိဳးေဆာင္အီးလီးေယာ့႐ိုက္ဟာစေကာ့တလန္လက္ေ႐ြးစင္အားတန္းဆင္းသြားရတာထက္ဆိုးတာဘာမွမရွိဘူးဆိုၿပီးေလွာင္ေျပာင္ေျပာဆိုခဲ့တာျဖစ္ပါတယ္။အီးလီးေယာ့ဟာမက္ဘန္နီအားဗီဒီယို႐ိုက္ကူးမႈျပဳလုပ္ကာေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

မက္ဘန္နီရဲ႕တိုက္ခိုက္မႈေၾကာင့္ဖုန္းမွာေျမျပင္သို႔လြတ္က်သြားခဲ့ေသာ္လည္းဗီဒီယို႐ိုက္ကူးမႈဆက္လက္ျပဳလုပ္ေနဆဲျဖစ္ေၾကာင္းေတြ႕ရပါတယ္။မက္ဘန္နီဟာဖုန္းကိုလည္းနင္းေခ်ခဲ့ပါေသးတယ္။ယင္းဗီဒီယိုဖိုင္မွာ၂၄စကၠန႔္ၾကာျမင့္ကာအြန္လိုင္းတြင္ပ်ံ႕ႏွံ႔လ်က္ရွိပါတယ္။

ယခုအခါရွက္ဖီးလ္ယူႏိုက္တက္အသင္းကမက္ဘန္နီရဲ႕ျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ကာအေရးယူမႈျပဳလုပ္သြားမွာျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာသြားပါတယ္။

မက္ဘန္နီဟာၿပီးခဲ့တဲ့လတုန္းကအာဆင္နယ္အား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာဒဏ္ရာရရွိၿပီးေနာက္အနားယူေနခဲ့ရပါတယ္။သူဟာယခုရာသီမွာရွက္ဖီးလ္ယူႏိုက္တက္အတြက္၁ဂိုးသြင္းယူထားပါတယ္။