Single ဖြစ်ကြောင်း ကြေညာပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲ ဘရာဇီးမော်ဒယ်နဲ့ညှိနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

အဲဗာတန်စတားဟောင်းဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ Single ဖြစ်နေပြီဖြစ်ကြောင်းကြေညာပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာဘဲဘရာဇီးမော်ဒယ်တစ်ဦးနှင့်ညှိနေပြီဖြစ်ကြောင်းသိရပါတယ်။

ကိုလံဘီယာအသင်းခေါင်းဆောင်ဟာယခုနှစ်အစောပိုင်းတုန်းကဗင်နီဇွဲလားအလှမယ်ရှန်နွန်ဒီလီမာနှင့်လမ်းခွဲလိုက်ပြီဖြစ်ကြောင်းအတည်ပြုခဲ့သူဖြစ်ပါတယ်။

ယခုအခါမှာတော့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဘရာဇီးမော်ဒယ်နှင့်အကမယ်အဲရီကာရှနိုက်ဒါနှင့်ချစ်ကြိုက်နေကြောင်းသတင်းများကျယ်ပြန့်စွာထွက်နေပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာစက်တင်ဘာလတုန်းကအဲဗာတန်မှထွက်ခွာကာကာတာကလပ်အယ်ရေယန်သို့ပြောင်းကစားခဲ့သူဖြစ်ပါတယ်။သူဟာကိုလံဘီယာမော်ဒယ်အန်လီလာဆာဂရီနှင့်ချစ်ကြိုက်နေတယ်လို့သတင်းထွက်ခဲ့ပေမယ့် လူသိရှင်ကြားငြင်းခဲ့ပါတယ်။

ယခုအခါမှာတော့ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာဘရာဇီးမော်ဒယ်ရှနိုက်ဒါနှင့်ချစ်ကြိုက်နေကြောင်းသတင်းထွက်နေပြီဖြစ်ပါတယ်။

ZawGyi





