Siu နေရာတွင် ဂိုးအောင်ပွဲခံမှုအသစ်ဖြင့် အစားထိုးလိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ပရိသတ်တွေကို နှစ်သက်သဘောကျနေကြ

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့နာမည်ကျော်ဂိုးသွင်းအောင်ပွဲခံမှု Siu ရဲ့နေရာတွင်ဂိုးသွင်းအောင်ပွဲခံမှုအသစ်ပုံစံဖြင့်အစားထိုးလိုက်ပြီဖြစ်ပါတယ်။ပရိသတ်များကလည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံမှုအသစ်ကိုနှစ်သစ်သဘောကျလျက်ရှိကြပါတယ်။

မန်ချက်စတာယူနိုက်တက်စူပါစတားဟာကြားရက်တုန်းကစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုလိုက်ပြီးတဲ့နောက် ပထမအသင်းမှဖယ်ရှားခံရပြီးချဲလ်ဆီးနှင့်သရေကျတဲ့ပွဲတွင် လူစာရင်းမှာချန်လှပ်ခံခဲ့ရပါတယ်။

ဒါပေမဲ့သူဟာကြာသပတေးနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာတော့ယူနိုက်တက်ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။

သူဟာပွဲပြီးရန်၉မိနစ်အလိုတွင်ယူနိုက်တက်အတွက်တတိယအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂိုးသွင်းယူလိုက်ပြီးတဲ့နောက် သူ့ရဲ့Trademark အောင်ပွဲခံမှုဖြစ်တဲ့ Siu ဖြင့်အောင်ပွဲခံခဲ့ခြင်းမရှိဘဲ အဲဗာတန်နှင့်ပွဲတုန်းကလိုပဲ စိတ်အေးလက်အေးဖြင့် အေးချမ်းစွာအိပ်စက်နေတဲ့ပုံမျိုးဖြင့်အောင်ပွဲခံခဲ့ပါတယ်။

သူဟာပရိသတ်များရှိရာသို့လက်ညိုးထိုးပြီးနောက်ခေါင်းကိုနောက်သို့မှီသလိုလုပ်ပြီး မျက်စိမှိတ်ကာလက်ချောင်းများကိုယှက်ပြီးရင်ဘတ်တွင်တင်ကာစိတ်အေးချမ်းသာစွာဖြင့်အိပ်စက်သကဲ့သို့ပြုလုပ်ကာအောင်ပွဲခံခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုလအစောပိုင်းတုန်းကအဲဗာတန်နှင့်ပွဲစဉ်တွင်လည်းအနိုင်ဂိုးသွင်းပြီးနောက်ယင်းအောင်ပွဲခံမှုမျိုးဖြင့်စတင်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ZawGyi

Siu ေနရာတြင္ ဂိုးေအာင္ပြဲခံမႈအသစ္ျဖင့္ အစားထိုးလိုက္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို၊ ပရိသတ္ေတြကို ႏွစ္သက္သေဘာက်ေနၾက

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕နာမည္ေက်ာ္ဂိုးသြင္းေအာင္ပြဲခံမႈ Siu ရဲ႕ေနရာတြင္ဂိုးသြင္းေအာင္ပြဲခံမႈအသစ္ပုံစံျဖင့္အစားထိုးလိုက္ၿပီျဖစ္ပါတယ္။ပရိသတ္မ်ားကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈအသစ္ကိုႏွစ္သစ္သေဘာက်လ်က္ရွိၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာၾကားရက္တုန္းကစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုလိုက္ၿပီးတဲ့ေနာက္ ပထမအသင္းမွဖယ္ရွားခံရၿပီးခ်ဲလ္ဆီးႏွင့္သေရက်တဲ့ပြဲတြင္ လူစာရင္းမွာခ်န္လွပ္ခံခဲ့ရပါတယ္။

ဒါေပမဲ့သူဟာၾကာသပေတးေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာေတာ့ယူႏိုက္တက္ပြဲထြက္လူစာရင္းမွာပါဝင္လာခဲ့ပါတယ္။

သူဟာပြဲၿပီးရန္၉မိနစ္အလိုတြင္ယူႏိုက္တက္အတြက္တတိယအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂိုးသြင္းယူလိုက္ၿပီးတဲ့ေနာက္ သူ႔ရဲ႕Trademark ေအာင္ပြဲခံမႈျဖစ္တဲ့ Siu ျဖင့္ေအာင္ပြဲခံခဲ့ျခင္းမရွိဘဲ အဲဗာတန္ႏွင့္ပြဲတုန္းကလိုပဲ စိတ္ေအးလက္ေအးျဖင့္ ေအးခ်မ္းစြာအိပ္စက္ေနတဲ့ပုံမ်ိဳးျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

သူဟာပရိသတ္မ်ားရွိရာသို႔လက္ညိဳးထိုးၿပီးေနာက္ေခါင္းကိုေနာက္သို႔မွီသလိုလုပ္ၿပီး မ်က္စိမွိတ္ကာလက္ေခ်ာင္းမ်ားကိုယွက္ၿပီးရင္ဘတ္တြင္တင္ကာစိတ္ေအးခ်မ္းသာစြာျဖင့္အိပ္စက္သကဲ့သို႔ျပဳလုပ္ကာေအာင္ပြဲခံခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုလအေစာပိုင္းတုန္းကအဲဗာတန္ႏွင့္ပြဲစဥ္တြင္လည္းအႏိုင္ဂိုးသြင္းၿပီးေနာက္ယင္းေအာင္ပြဲခံမႈမ်ိဳးျဖင့္စတင္ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။