Sky Germany ရဲ့ 007 ဆိုပြီး လှောင်ပြောင်ခြင်းခံခဲ့ရတဲ့ မန်ယူတောင်ပံကစားသမားဆန်ချို

Sky Germany ဟာမန်ချက်စတာယူနိုက်တက်တွင်အထနှေးလျက်ရှိတဲ့ဂျာဒွန်ဆန်ချိုအား အကြီးအကျယ်လှောင်ပြောင်လိုက်ပါတယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၇ပွဲကစားထားရာတွင်ဂိုးသွင်းနိုင်ခြင်းမရှိမှု၊ဖန်တီးမှုပြုလုပ်နိုင်ခြင်းမရှိမှုတို့အတွက် 007 အဖြစ်ကံဆိုးစွာဘဲအမည်ပေးခြင်းခံလိုက်ရတာဖြစ်ပါတယ်။

Sky ဟာ Tuxedo ဝတ်စုံဖြင့်ဆန်ချိုရဲ့ဓာတ်ပုံတွင် They call me 007 ဆိုတဲ့စာသားနဲ့လှောင်ပြောင်လိုက်တာလည်းဖြစ်ပါတယ်။

ဆန်ချိုဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဒေါ့မွန်မှမန်ယူသို့ပေါင်၇၃သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာဒေါ့မွန်တွင်ကစားစဉ်တုန်းက၁၃၇ပွဲကစားခဲ့ရာမှာဂိုး၅၀သွင်းပြီး၆၄ကြိမ်အထိဖန်တီးမှုပြုလုပ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာအင်္ဂလိပ်ဘောလုံးကစားဟန်နှင့်အံဝင်နိုင်ရန်ရုန်းကန်နေရပြီးဆိုးလ်ရှားလက်အောက်တွင်ပရီးမီးယားလိဂ်ပွဲသုံးပွဲတည်းသာပွဲထွက်ခွင့်ရရှိထားပါသေးတယ်။

ဆန်ချိုဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးအား၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲတွင်အရန်စာရင်းတွင်ပါဝင်ပေမယ့်အရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရရှိခဲ့ပါဘူး။

ZawGyi

Sky Germany ရဲ႕ 007 ဆိုၿပီး ေလွာင္ေျပာင္ျခင္းခံခဲ့ရတဲ့ မန္ယူေတာင္ပံကစားသမားဆန္ခ်ိဳ

Sky Germany ဟာမန္ခ်က္စတာယူႏိုက္တက္တြင္အထေႏွးလ်က္ရွိတဲ့ဂ်ာဒြန္ဆန္ခ်ိဳအား အႀကီးအက်ယ္ေလွာင္ေျပာင္လိုက္ပါတယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၇ပြဲကစားထားရာတြင္ဂိုးသြင္းႏိုင္ျခင္းမရွိမႈ၊ဖန္တီးမႈျပဳလုပ္ႏိုင္ျခင္းမရွိမႈတို႔အတြက္ 007 အျဖစ္ကံဆိုးစြာဘဲအမည္ေပးျခင္းခံလိုက္ရတာျဖစ္ပါတယ္။

Sky ဟာ Tuxedo ဝတ္စုံျဖင့္ဆန္ခ်ိဳရဲ႕ဓာတ္ပုံတြင္ They call me 007 ဆိုတဲ့စာသားနဲ႔ေလွာင္ေျပာင္လိုက္တာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေဒါ့မြန္မွမန္ယူသို႔ေပါင္၇၃သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာေဒါ့မြန္တြင္ကစားစဥ္တုန္းက၁၃၇ပြဲကစားခဲ့ရာမွာဂိုး၅၀သြင္းၿပီး၆၄ႀကိမ္အထိဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာအဂၤလိပ္ေဘာလုံးကစားဟန္ႏွင့္အံဝင္ႏိုင္ရန္႐ုန္းကန္ေနရၿပီးဆိုးလ္ရွားလက္ေအာက္တြင္ပရီးမီးယားလိဂ္ပြဲသုံးပြဲတည္းသာပြဲထြက္ခြင့္ရရွိထားပါေသးတယ္။

ဆန္ခ်ိဳဟာတနဂၤေႏြေန႔တုန္းကလီဗာပူးအား၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲတြင္အရန္စာရင္းတြင္ပါဝင္ေပမယ့္အရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရရွိခဲ့ပါဘူး။