“အနိုင်ရရှိဖို့ဆိုတာ တကယ့်ကိုအလွယ်လေး”

ဗုဒ္ဓဟူးည စပိန်လာလီဂါ ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

ဆိုစီဒက် နှင့် ဘီလ်ဘာအို (ည ၁း၃၀)(သတိုး-မှော်ဘီ)

ဒီနှစ်သင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ဆိုစီဒက်၅ ပွဲအထိတောင်အနိုင်ရရှိခဲ့ပါတယ်။ အစဉ်အလာပိုင်းနိမ့်ကျထားတဲ့ဘီလ်ဘာအိုရဲ့လက်ရှိမှာခံစစ်ယိုယွင်းမှုနဲ့အတူရလဒ်ဆိုးတွေဆက်တိုက်ရင်ဆိုင်နေရတယ်။

ကွင်းလယ်နဲ့ခံစစ်ကိုဘီလ်ဘာအိုကြိုးစားပြင်ဆင်နေရချိန်မှာဘီရန်ကွာ၊ မြူနီအင်၊ ဝီလျံ တို့ရဲ့ တိုက်စစ်ကပါ အသက်မဲ့လာတယ်။ ဆိုစီဒက်ကတော့လော လောဆယ်ခြေကျနေသလိုထင်ရပေမယ့်အိမ်ကွင်းမဆိုးပါဘူး။

အိမ်ကွင်းဆိုရင်ဆိုစီဒက်တိုက်စစ်ကစိတ်ချရပြီး အိုင်ဆက်၊ အိုယာဇာဘယ်၊ ပေါ်တူ တို့အတွဲအဖက်မိမိခြေစွမ်းပြနိုင်တာတွေ့ရတယ်။ အိမ်ကွင်းမှာဆိုစီဒက်နိုင်ပွဲရရှိဖြိ့ဆိုတာတကယ့်ကိုအလွယ်လေးရယ်ပါ။

zawgyi




