ပရီးမီးယားလိဂ်ဖလားအတွက် လက်မလျှော့သေးကြောင်း ဆိုးလ်ရှားပြော

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကမန်ယူအသင်းမှာပရီးမီးယားလိဂ်ဖလားအတွက်ရာသီအကုန်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှမန်စီးတီးဟာစနေနေ့တုန်းကချဲလ်ဆီးကိုရှုံးနိမ့်ခဲ့ပြီးမန်ယူမှာတနင်္ဂနွေနေ့တုန်းကဗီလာကိုအနိုင်ရရှိခဲ့ပါတယ်။ဒါကြောင့်လည်းမန်စီးတီးအနေဖြင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ရန်အတွက်နောက်ထပ်ရမှတ်၃မှတ်ရရှိရန်လိုအပ်နေပါသေးတယ်။

ဆိုးလ်ရှားက “သူတို့(မန်စီးတီး)လိုအပ်နေတဲ့အမှတ်တွေမရနိုင်တဲ့အနေအထားမျိုးမှာတော့မရှိပါဘူး။ဒါပေမယ့်ကျွန်တော်တို့ကတော့ကိုယ့်အလုပ်ကိုဘဲဆက်လုပ်သွားကြရပါမယ်။ကြာသပတေးနေ့မှာခက်ခဲတဲ့ပွဲ(လီဗာပူးနှင့်ပွဲ)ကစားရဖို့ရှိပါတယ်။ကောင်လေးတွေဟာအရင်တုန်းကလိုဘဲသူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းကိုပြသလာကြပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာမနက်ဖြန်မှာလက်စတာနှင့်ပွဲစဉ်ကစားပြီးနောက်ကြာသပတေးနေ့တွင်လီဗာပူးနှင့်ပွဲအားကစားသွားရမှာဖြစ်ပါတယ်။မန်ယူဟာကျန်ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ်ဖူလ်ဟမ်(အိမ်)၊ဝုဗ်(အဝေး)တို့ကစားရပါမယ်။မန်ယူဟာယူရိုပါလိဂ်ဗိုလ်လုပွဲသို့လည်းတက်ရောက်ထားပြီးမေလ၂၇ရက်နေ့မှာဗီလာရီးရဲလ်နှင့်ရင်ဆိုင်ကစားသွားရပါမယ်။

zawgyi

ပရီးမီးယားလိဂ္ဖလားအတြက္ လက္မေလွ်ာ့ေသးေၾကာင္း ဆိုးလ္ရွားေျပာ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကမန္ယူအသင္းမွာပရီးမီးယားလိဂ္ဖလားအတြက္ရာသီအကုန္အထိတိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွမန္စီးတီးဟာစေနေန႔တုန္းကခ်ဲလ္ဆီးကိုရႈံးနိမ့္ခဲ့ၿပီးမန္ယူမွာတနဂၤေႏြေန႔တုန္းကဗီလာကိုအႏိုင္ရရွိခဲ့ပါတယ္။ဒါေၾကာင့္လည္းမန္စီးတီးအေနျဖင့္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ရန္အတြက္ေနာက္ထပ္ရမွတ္၃မွတ္ရရွိရန္လိုအပ္ေနပါေသးတယ္။

ဆိုးလ္ရွားက “သူတို႔(မန္စီးတီး)လိုအပ္ေနတဲ့အမွတ္ေတြမရႏိုင္တဲ့အေနအထားမ်ိဳးမွာေတာ့မရွိပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔ကေတာ့ကိုယ့္အလုပ္ကိုဘဲဆက္လုပ္သြားၾကရပါမယ္။ၾကာသပေတးေန႔မွာခက္ခဲတဲ့ပြဲ(လီဗာပူးႏွင့္ပြဲ)ကစားရဖို႔ရွိပါတယ္။ေကာင္ေလးေတြဟာအရင္တုန္းကလိုဘဲသူတို႔ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းကိုျပသလာၾကပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာမနက္ျဖန္မွာလက္စတာႏွင့္ပြဲစဥ္ကစားၿပီးေနာက္ၾကာသပေတးေန႔တြင္လီဗာပူးႏွင့္ပြဲအားကစားသြားရမွာျဖစ္ပါတယ္။မန္ယူဟာက်န္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအျဖစ္ဖူလ္ဟမ္(အိမ္)၊ဝုဗ္(အေဝး)တို႔ကစားရပါမယ္။

မန္ယူဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲသို႔လည္းတက္ေရာက္ထားၿပီးေမလ၂၇ရက္ေန႔မွာဗီလာရီးရဲလ္ႏွင့္ရင္ဆိုင္ကစားသြားရပါမယ္။