ဒီလိုပွဲမျိုးမှ ဂိုးမပေါ်ရင် ဘယ်ပွဲမှမပေါ်ဘူး

အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် နှင့် လိဒ် (ည ၁၁း၃၀)(အိုဇုန်း)

နှစ်သင်းစလုံး အမှတ်လိုအပ်ချက်မရှိကြတော့ပါဘူး။ဖိအားကင်းကင်းနဲ့ ကစားနေကြရင်းနိုင်ပွဲကိုယ်စီဆက်တိုက်ရရှိနေကြပါတယ်။ဆောက်သမ်တန်ဟာ သူတို့ကွင်းနောက်ဆုံး၇ပွဲဆက်တိုက်နှစ်ဖက်စလုံး ဂိုးသွင်းကြတဲ့မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းပါ။

ဒန်နီအင့်စ်၊ ချာလီအဒမ်တို့ရဲ့တိုက်စစ်ကဂိုးသွင်းအားကောင်းပေမယ့် ဆောက်သမ်တန်ခံစစ်ကတော့မလုံခြုံပါဘူး။လိဒ်ကလည်းဘမ်းဖို့ဒ်ခြေစွမ်းပြမှုနဲ့အတူ တိုက်စစ်စွာပေမယ့်နောက်တန်းယိုယွင်းပါတယ်။ဒီလိုပွဲမျိုးမှဂိုးမပေါ်ရင် အခြားဘယ်ပွဲမှ မပေါ်တော့ပါဘူး။

zawgyi




