ကြာသပတေးညအတွက်အကောင်းဆုံးသောရိုက်ကွက်(၅)မျိုး

ကြာသပတေးညအတွက်အကောင်းဆုံးသောရိုက်ကွက်(၅)မျိုး

Tipster Thiri Shinn Thant

တတိယမြှောက်ပွဲစဉ်အဖြစ်ဆောက်သမ်တန်(-၉၀,၃+၇၅)နှင့်နယူးကာဆယ်အသင်းတို့၏ပရီးမီးယားလိဒ်ပွဲစဉ်အားတင်ပြပေးပါမည်။ဆောက်သမ်တန်အနေဖြင့်နယူးကာဆယ်အသင်းအားအိမ်ကွင်းစိန့်မာရီစတေဒီယမ်မှာ(၈)ကြိမ်ဧည့်ခံထားရာ(၅)ကြိမ်နိုင်ထားပြီး(၂)ကြိမ်သရေကျကာ(၁)ကြိမ်တော့ အရေးနိမ့်ထားခဲ့ပါသည်။

လက်ရှိအနေအထားအရတော့ပြိုင်ဘက်(၂)သင်းလုံး၏စွမ်းဆောင်ရည်ဟာအမိုက်စားဖြစ်နေပြီးခြေတက်နေသောအသင်းများလို့ သေချာပေါက်ယူဆရပါလိမ့်မည်။အကြောင်းကတော့ဆောက်သမ်တန်ဟာနောက်ဆုံး(၅)ပွဲမှာ(၃)ပွဲနိုင်(၁)ပွဲသရေ(၁)ပွဲသာ ကျထားပြီး၊ဧည့်သည်ကတော့(၄)ပွဲနိုင်(၁)ပွဲသ ရေဖြင့်နောက်ဆုံး(၅)ပွဲဆက် ရှုံးပွဲမရှိရလာဒ်ထွက်ပေါ်ထားသည့် အနေအထားတွေကြောင့်ပါ။

အိမ်ရှင်အသင်း၏ရမှတ်အနေအထားဟာဟိုမရောက်၊ဒီမရောက်ဖြစ်နေသည့်တိုင်၊ဧည့်သည်နယူးကာဆယ်အဖို့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှု့အရတန်းဆင်းဇုန်အနေအထားမှာတော့လုံးဝစိတ်မချရသေးပါဘူး။ရေနံသူဌေးတွေပိုင်ဆိုင်တဲ့ ဧည့်သည်အသင်း၏စွမ်းဆောင်ရည်ဟာ ဒုတိယရာသီမှာ နည်းပြအက်ဒီဟိုဝီ၏ဦးဆောင်မှု့နှင့်အတူပိုမိုတောက်ပလာတာကြောင့် ဖိုက်တာ(၃)ရိုက်ကွက်အဖြစ် ဆောက်သမ်တန်အသင်း၏ အိမ်ကွင်းမာကျောမှု့ကို ခေတ္တခဏမေ့ထားရင်း ” Newcastle ” ဘော်ဒီကိုသာ အားပြုသင့်ပါကြောင်းအကြံပြုပါသည်။

zawgyi




