စိန့်မေရီမှာ ဂိုးဆိုတာ ရွှေထက်ရှားမယ်

အင်္ဂါည ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် နှင့် နယူးကာဆယ်(ည ၂း၃၀)(မော်ကွန်း)

ပြီးခဲ့တဲ့နို၀င်ဘာပရီးမီးယားလိဂ်တွေ့ဆုံမှုတုန်းကတော့နယူးကာဆယ်ဟာဆောက်သမ်တန်ကွင်းမှာ ၄-၁ နဲ့တောင်ကြိတ်ထားပါတယ်။

ဒါပေမဲ့စိန့်တွေက ပြီးခဲ့တဲ့အဆင့်ကသူတို့အိမ်ကွင်းမှာစီးတီးကိုတောင်နောက်ကောက်ချခဲ့တာဆိုတော့လျှော့တွက်မရပါဘူး။

ငှက်ကျားတွေကလည်းအခုနောက်ပိုင်းမှာဂိုးသွင်းအားကျသွားလို့ တစ်ဂိုးရဖို့တောင်အနိုင်နိုင်ပါ။ဖလားပွဲဖြစ်နေတဲ့အတွက်ကြောင့်အမှားမခံကစားကြမယ့်အခြေအနေလည်းရှိပါတယ်။စိန့်မေရီကပထမအကျော့မှာဂိုးဆိုတာရွှေထက်ရှားမှာပါ။

zawgyi




