
တနင်္ဂနွေည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
စပိန် နှင့် ဂျာမနီ(ည ၁း၃၀)(မော်ကွန်း)
စပိန်ကဂိုးဒါဇင်ဝက်ကျော်သွင်းပြီးအကောင်းဆုံးတာထွက်ထားနိုင်ချိန်ဂျာမနီကတော့သမိုင်းဝင်ရှုံးပွဲနဲ့တာထွက်ဆိုးခဲ့တာပါ။အုပ်စုအဖွင့်မှာကော်စတာရီကာကိုဂိုးမိုးရွာနိုင်ခဲ့ပေမယ့်စပိန်အတွက်အုပ်စုတွင်းတကယ့်စိန်ခေါ်မှုကဂျာမနီနဲ့အုပ်စုဒုတိယပွဲဖြစ်နေတယ်။ဂျပန်ကိုမမျှော်လင့်ဘဲရှုံးခဲ့တဲ့ဂျာမနီအဖို့က တော့ဒီပွဲကမဖြစ်မနေနိုင်ရမယ့်ပွဲမျိုးဖြစ်နေတာပါ။
၂၀၁၈ နောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့စပိန်ဟာဂျာမနီကို မရှုံးခဲ့ပါဘူး။ဒါပေမဲ့လာပေါ်တီ၊ ရိုဒရီတို့နဲ့ခံစစ်ကရုန်းလာမယ့်ဂျာမန်တိုက်စစ်ကိုတားဆီးနိုင်ဖို့တော့ခက်မှာပါ။နှစ်သင်းစလုံးကတိုက်စစ်အသားပေးတွေလည်းဖြစ်နေကြတယ်။ဂိုးအပြိုင်သွင်းကြမယ့်ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။
zawgyi
ဂိုးအၿပိဳင္သြင္းၾကမယ့္ ပြဲႀကီးပြဲေကာင္း
တနဂၤေႏြည ၂၀၂၂ ကမာၻ႔ဖလား အုပ္စုအဆင့္ ပြဲႀကိဳသုံးသပ္ခ်က္
စပိန္ ႏွင့္ ဂ်ာမနီ(ည ၁း၃၀)(ေမာ္ကြန္း)
စပိန္က ဂိုးဒါဇင္ဝက္ေက်ာ္သြင္းၿပီး အေကာင္းဆုံးတာထြက္ထားႏိုင္ခ်ိန္ ဂ်ာမနီကေတာ့ သမိုင္းဝင္ရႈံးပြဲနဲ႔ တာထြက္ဆိုးခဲ့တာပါ။အုပ္စုအဖြင့္မွာ ေကာ္စတာရီကာကို ဂိုးမိုး႐ြာႏိုင္ခဲ့ေပမယ့္ စပိန္အတြက္ အုပ္စုတြင္း တကယ့္စိန္ေခၚမႈက ဂ်ာမနီနဲ႔အုပ္စုဒုတိယပြဲျဖစ္ေနတယ္။ဂ်ပန္ကို မေမွ်ာ္လင့္ဘဲရႈံးခဲ့တဲ့ ဂ်ာမနီအဖို႔ကေတာ့ ဒီပြဲက မျဖစ္မေနႏိုင္ရမယ့္ပြဲမ်ိဳးျဖစ္ေနတာပါ။
၂၀၁၈ ေနာက္ပိုင္းေတြ႕ဆုံမႈေတြမွာေတာ့ စပိန္ဟာ ဂ်ာမနီကို မရႈံးခဲ့ပါဘူး။ဒါေပမဲ့ လာေပၚတီ၊ ႐ိုဒရီတို႔နဲ႔ခံစစ္က ႐ုန္းလာမယ့္ ဂ်ာမန္တိုက္စစ္ကို တားဆီးႏိုင္ဖို႔ေတာ့ ခက္မွာပါ။ႏွစ္သင္းစလုံးက တိုက္စစ္အသားေပးေတြလည္း ျဖစ္ေနၾကတယ္။ဂိုးအၿပိဳင္သြင္းၾကမယ့္ ပြဲႀကီးပြဲေကာင္းျဖစ္လာမွာပါ။