ဂရိနဲ့အတူ စွန့်စားကြပါ

ကြာသပတေးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန် နှင့် ဂရိ (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

ဂရိရဲ့လက်ရှိကစားအားကအတော်လေးမာကျောတည်ငြိမ်နေပြီး ရှေ့၊ လယ်၊ နောက်အပြစ်ပြောစရာတစ်နေရာမှမရှိပါဘူး။ပါပါဒိုပူးလော့စ်၊ တီဇာဗယ်လက်စ်တို့ရဲ့ဂရိခံစစ်ကြောင်းကလုံခြုံလွန်းနေပြီးပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာပေးဂိုးစုစုပေါင်းတစ်ဂိုးတည်းသာရှိထားခဲ့ပါတယ်။

အခုရင်ဆိုင်ရမှာကတွေ့ဆုံမှုအစဉ်အလာပိုင်းမှာအမြဲလိုလိုငယ်ကြောက်ဖြစ်ခဲ့ရတဲ့စပိန်ဖြစ်လို့ ဂရိတစ်သင်းလုံး ခံစစ်ဦးစားပေးယှဉ်ပြိုင်ပါလိမ့်မယ်။

မိုရာတာ၊ အိုရာဇာဘယ်တို့ရဲ့စပိန်တိုက်စစ်ထိုးဖောက်အားကိုထိတ်လန့်ပြီးဂရိပိတ်ဆို့ယှဉ်ပြိုင်လာမှာပါ။ ၃ဂိုးပြတ်နိုင်မှ စပိန်ပျော်ရွှင်ခွင့်ရရှိမယ်ဆိုပြီး အကျောပေးထားလို့ ဂရိနဲ့အတူ စွန့်စားကြပါလို့ အကြံပြုပါရစေ။

zawgyi




