စပိန်ကချည်းပဲတိုက်စစ်ဆင်ပြီးအနိုင်ရရှိသွားပါလိမ့်မယ်

ဗုဒ္ဓဟူးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စပိန် နှင့် ကိုဆိုဗို (ည ၁:၁၅)(မြန်မာပြည်ဂုရု)

လစ်သူရေးနီးယားနဲ့ခြေစမ်းပွဲတုန်းကအထင်ကြီးချင်စရာကောင်းခဲ့ပေမယ့်ဆွီဒင်ကိုရင်ဆိုင်ရတဲ့ အဖွင့်ပွဲစဉ်မှာကိုဆိုဗိုဂိုးပြတ်အရေးနိမ့်လိုက်ရတယ်။ကိုဆိုဗိုကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာအားထားလောက်စရာထိပ်သီးတိုက်စစ်မှူး မယ်မယ်ရရတစ်ဦးမှရှိမနေပါဘူး။

ဒါ့အပြင်သူတို့ခံစစ်ကြောင်းကလည်းနဂိုကတည်းကအမှားများပြီးသားပါ။စပိန်ကတော့ဖြည်းဖြည်းမှန်မှန်ထိုးဖောက်တိုက်စစ်ဆင်ပြီးဂိုးသွင်းနိုင်စွမ်းရှိသူတွေအများကြီးပိုင်ဆိုင်ထားပါတယ်။

စပိန်ရဲ့တိုက်စစ်အားကို ကိုဆိုဗိုပွဲချိန်ပြည့်ထိန်းချုပ်ဟန့်တားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ပွဲစတယ်ဆိုကတည်းကစပိန်ကချည်းပဲတိုက်စစ်ဆင်ပြီးအိမ်ကွင်းမှာအနိမ့်ဆုံး ၃ဂိုးပြတ်အနိုင်ရရှိသွားပါလိမ့်မယ်။

zawgyi




