ဂိုးပေါ်ဖို့သေချာနေပါတယ်

ဗုဒ္ဓဟူးည အီတလီစီးရီးအေ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

စပီဇီယာ နှင့် ဂျူဗင်တပ် (ည ၁၁းဝဝ)(အိုဇုန်း)

တန်းဆင်းဇုန်ထဲအထိရောက်ရှိနေရတဲ့ဂျူဗင်တပ်ရဲ့လက်ရှိခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကအတော်လေးစိတ်ပျက်စရာကောင်းလွန်းလှတယ်။နဂိုကတည်းကစီရော်နယ်ဒိုအပေါ် မှီခိုလွန်းတဲ့ကစားဟန်ရှိထားလို့ သူမရှိတော့တဲ့အချိန် ရုန်းကန်လာရတဲ့ သဘောမျိုးပါပဲ။

ဖိအားများနေတဲ့ဂျူဗင်တပ်အနေနဲ့ ထိန်းကစားလာဖို့သေချာနေပြီးအဝေးကွင်းဖြစ်လို့ ခြေစွမ်းလည်းပြနိုင်မယ်မထင်ဘူး။စပီဇီယာကတော့တိုက်စစ်အား ကောင်းသလောက်ခံစစ်ယိုယွင်းတဲ့အသင်းပါ။ ဂျူဗင်တပ်ရဲ့ခြေစွမ်းကလည်းကသိုင်းကရိုင်းနိုင်နေလို့ ဂိုးပေါ်ဖို့သေချာနေပါတယ်။

zawgyi




