Spider-Man နှင့်ခိုင်းနှိုင်းခြင်းခံလာရတဲ့နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆမ်ဟန်

နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆမ်ဟန်ဟာမျက်နှာဖုံးစွပ်ကာဝတ်ဆင်ပြီးတဲ့နောက်အံ့ဩသင့်စရာကောင်းတဲ့ဂိုးသွင်းမှတ်တမ်းပိုင်ဆိုင်လာမှုနှင့်အတူ Spider-Man နှင့်ခိုင်းနှိုင်းခြင်းခံလာရပါတယ်။

အသက်၂၄နှစ်ရှိနိုင်ဂျီးရီးယားတိုက်စစ်မှူးဟာယခုရာသီတွင်နာပိုလီနှင့်အတူစီးရီးအေနှင့်ချန်ပီယံလိဂ်တို့တွင်ခြေစွမ်းပြကစားနိုင်မှုနှင့်အတူဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

သူဟာခြေစွမ်းပြကစားနိုင်မှုနှင့်အတူ မန်ချက်စတာယူနိုက်တက်ရဲ့ပစ်မှတ်ထားခြင်းခံရတဲ့ကစားသမားများတွင်ပါဝင်နေပါတယ်။

သူဟာမျက်နှာဖုံးစွပ်ကာကစားပြီးနောက် ထိပ်တန်းဂိုးသွင်းခြေစွမ်းဖြင့်ကစားနိုင်မှုနဲ့အတူ Spider-Man နှင့် နှိုင်းယှဉ်ခြင်းခံလာရပါတယ်။

အိုဆမ်ဟန်ဟာ၂၀၂၁ခုနှစ်၊နိုဝင်ဘာလတုန်းကအင်တာမီလန်နောက်ခံလူမီလန်စကီရီနီယာနှင့်ခေါင်းချင်းဆောင့်မိပြီးနောက်မေးရိုးကျိုးဒဏ်ရာရရှိခဲ့ပါတယ်။

ယင်းမတိုင်မီသူဟာ၂၀၂၀ခုနှစ်နွေရာသီတွင်နာပိုလီသို့ရောက်လာပြီးနောက်၄၆ပွဲကစားထားရာမှာ၁၉ဂိုးတည်းသာသွင်းထားနိုင်ပြီး၅ကြိမ်ဖန်တီးထားပါတယ်။

သူဟာမေးရိုးကျိုးဒဏ်ရာကြောင့်နာပိုလီရဲ့ပွဲ၁၂ပွဲကိုလွဲချော်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြန်လည်ကစားနိုင်ချိန်မှာပိုကောင်းတဲ့တိုက်စစ်မှူးတစ်ဦးအဖြစ်ပြန် လာခဲ့ပါတယ်။

သူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာမျက်နှာဖုံးစွပ်ပြီးကစားစဉ်အတွင်း၄၆ပွဲကစားထားရာမှာ၃၄ဂိုးသွ့င်းယူပြီး၉ကြိမ်ဖန်တီးထားနိုင်ပါတယ်။

သူဟာမျက်နှာဖုံးစွပ်ကာမကစားမီတုန်းကတစ်ပွဲပျမ်းမျှ၀.၅၂ဂိုးနှုန်းသာသွင်းနိုင်ခဲ့ပေမဲ့မျက်နှာဖုံးစွပ်ကာကစားပြီးနောက်၀.၉၆ဂိုးနှုန်းအထိသွင်းလာနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာမျက်နှာဖုံးစွပ်ကာကစားချိန်တွင်စွမ်းဆောင်ရည်အလွန်မြင့်မားလာမှုနှင့်အတူ Spider-Man နှင့်နှိုင်းယှဉ်ခြင်းခံနေရပါတယ်။

အိုဆမ်ဟန်ဟာနာပိုလီအတွက်စုစုပေါင်း၉၁ပွဲကစားထားရာမှာ၅၃ဂိုးသွင်းယူပြီး၁၄ကြိမ်ဖန်တီးထားပါတယ်။