အင်္ကျီရင်ဘတ်စပွန်ဆာကို သက်တမ်းတိုးလိုက်တဲ့ဟယ်ရီကိန်း
စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီသစ်အတွက်စတုတ္ထတန်းကလပ်လေတန်အိုရီယန့်အသင်းရဲ့အင်္ကျီရင်ဘတ်စပွန်ဆာကိုသက်တမ်းတိုးလိုက်ပါတယ်။
စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းအသင်းဟောင်းလေတန်အိုရီယန့်အားအင်္ကျီရင်ဘတ်စပွန်ဆာပေးခဲ့သူဖြစ်ပါတယ်။
စပါးစ်တိုက်စစ်မှူးဟာကစားသမားဘဝအစောပိုင်းတုန်းကလေတန်အိုရီယန့်တွင်အငှားဖြင့်သွားရောက်ကစားခဲ့ဖူးပါတယ်။သူဟာပြီးခဲ့တဲ့နှစျမလေတုနျးကပရီးမီးယားလိဂျ၊အငျ်ဂလိပ်ဘောလုံးလိဂ်၊အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ခွင့်ပြုချက်ရပြီးနောက်လေတန်အိုရီးယန့်ရဲ့အင်္ကျီရင်ဘတ်စပွန်ဆာကိုပေးခဲ့ပါတယ်။
ဟယ်ရီကိန်းဟာလေတန်အိုရီယန့်ရဲ့အမျိုးသားအသင်းအတွက်သာမကအမျိုးသမီးအသင်းအတွက်ပါအင်္ကျီရင်ဘတ်စပွန်ဆာပေးလိုက်တာလည်းဖြစ်ပါတယ်။
အိုရီယန့်ရဲ့ကြေညာချက်အရအိမ်ကွင်းဝတ်စုံတွင် British Legion Industies ကလုပ်ဆောင်နေတဲ့ Tommy Club ကိုသုံးသွားမှာဖြစ်ပြီးအဝေးကွင်းဝတ်စုံတွင် Armed Forces Veterans ကိုအသုံးပြုသွားပါတယ်။လေတန်အိုရီယန့်ဟာအင်္ကျီရောင်းချရမှုမှရရှိတဲ့ငွေကြေးအားလုံးရဲ့၁၀ရာခိုင်နှုန်းကိုရန်ပုံငွေအဖွဲ့များသို့လှူဒါန်းမှုပြုလုပ်သွားပါမယ်။
zawgyi