စပို့တင်းလစ္စဘွန်းနှင့်ပွဲတွင် အဝါကတ်မှားပြသခြင်းခံခဲ့ရတဲ့ မာတီနယ်လီ

ဂါဘရီရယ်မာတီနယ်လီဟာမနေ့ညတုန်းကစပို့တင်းလစ္စဘွန်းနှင့်နှစ်ဂိုးစီသရေကျတဲ့အဝေးကွင်းပွဲစဉ်မှာကစားဖော်တစ်ဦးရဲ့လုပ်ရပ်အတွက်ဒိုင်လူ ကြီးရဲ့မှားယွင်းအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

မနေ့ညကပွဲစဉ်ရဲ့ပွဲချိန်၄၃မိနစ်တွင်အာဆင်နယ်ကွင်းလယ်ကစားသမားဂရာနစ်ဇာခါဟာစပို့တင်းလစ္စဘွန်းဂိုးသမားအန်တိုနီယိုအဒန်ရဲ့လက်ထဲမှာဘောလုံးလွတ်ကျအောင်ပြုလုပ်ခဲ့ပါတယ်။

ဒိုင်လူကြီးတိုဘီယက်စ်စတီလာဟာယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးချက်ချင်းဆိုသလိုအရေးယူမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့သူဟာကစားသမားမှားယွင်းအ ရေးယူခဲ့ပါတယ်။

ဂျာမန်ဒိုင်လူကြီးဟာဂရာနစ်ဇာခါကိုအဝါကတ်ပြသရမဲ့အစားမှားယွင်းပြီးမာတီနယ်လီကိုအဝါကတ်ပြခဲ့ပါတယ်။

မာတီနယ်လီဟာချက်ချင်းပင်သူ့ကိုဘာကြောင့်အဝါကတ်ပြသလဲဆိုတာနဲ့ပတ်သက်ပြီးစောဒကတက်ခဲ့ပါတယ်။

အထက်ပါအဖြစ်အပျက်ကို VAR ကလည်းစစ်ဆေးခဲ့ပေမဲ့ဗီဒီယိုဒိုင်လူကြီးဟာကွင်းတွင်းရှိဒိုင်လူကြီးကိုမှားယွင်းအဝါကတ်ပြမှုနဲ့ပတ်သက်ပြီးအကြံ ပေးမှုမပြုလုပ်ခဲ့ပါဘူး။

မနေ့ညကပွဲစဉ်တွင်အာဆင်နယ်ဟာပွဲအစ၂၂မိနစ်တွင်ဆာဘီဘာရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး၃၄မိနစ်တွင်အိုင်နာစီယိုကစပို့တင်းအတွက်ပြန်လည်ချေပခဲ့ပါတယ်။ယင်းနောက်ပူလင်ဟိုကဒုတိယပိုင်းမှာစပို့တင်းအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့မိုရီတာနဲ့ OG ဂိုးကြောင့်အာဆင်နယ်တို့ချေပဂိုးရရှိသွားခဲ့ကာ၂ဂိုးစီသရေဖြင့်ပြီးဆုံးသွားပါတယ်။

ZawGyi

စပို႔တင္းလစၥဘြန္းႏွင့္ပြဲတြင္ အဝါကတ္မွားျပသျခင္းခံခဲ့ရတဲ့ မာတီနယ္လီ

ဂါဘရီရယ္မာတီနယ္လီဟာမေန႔ညတုန္းကစပို႔တင္းလစၥဘြန္းႏွင့္ႏွစ္ဂိုးစီသေရက်တဲ့အေဝးကြင္းပြဲစဥ္မွာကစားေဖာ္တစ္ဦးရဲ႕လုပ္ရပ္အတြက္ဒိုင္လူႀကီးရဲ႕မွားယြင္းအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

မေန႔ညကပြဲစဥ္ရဲ႕ပြဲခ်ိန္၄၃မိနစ္တြင္အာဆင္နယ္ကြင္းလယ္ကစားသမားဂရာနစ္ဇာခါဟာစပို႔တင္းလစၥဘြန္းဂိုးသမားအန္တိုနီယိုအဒန္ရဲ႕လက္ထဲမွာေဘာလုံးလြတ္က်ေအာင္ျပဳလုပ္ခဲ့ပါတယ္။

ဒိုင္လူႀကီးတိုဘီယက္စ္စတီလာဟာယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးခ်က္ခ်င္းဆိုသလိုအေရးယူမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့သူဟာကစားသမားမွားယြင္းအေရးယူခဲ့ပါတယ္။

ဂ်ာမန္ဒိုင္လူႀကီးဟာဂရာနစ္ဇာခါကိုအဝါကတ္ျပသရမဲ့အစားမွားယြင္းၿပီးမာတီနယ္လီကိုအဝါကတ္ျပခဲ့ပါတယ္။

မာတီနယ္လီဟာခ်က္ခ်င္းပင္သူ႔ကိုဘာေၾကာင့္အဝါကတ္ျပသလဲဆိုတာနဲ႔ပတ္သက္ၿပီးေစာဒကတက္ခဲ့ပါတယ္။

အထက္ပါအျဖစ္အပ်က္ကို VAR ကလည္းစစ္ေဆးခဲ့ေပမဲ့ဗီဒီယိုဒိုင္လူႀကီးဟာကြင္းတြင္းရွိဒိုင္လူႀကီးကိုမွားယြင္းအဝါကတ္ျပမႈနဲ႔ပတ္သက္ၿပီးအႀကံေပးမႈမျပဳလုပ္ခဲ့ပါဘူး။

မေန႔ညကပြဲစဥ္တြင္အာဆင္နယ္ဟာပြဲအစ၂၂မိနစ္တြင္ဆာဘီဘာရဲ႕ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီး၃၄မိနစ္တြင္အိုင္နာစီယိုကစပို႔တင္းအတြက္ျပန္လည္ေခ်ပခဲ့ပါတယ္။ယင္းေနာက္ပူလင္ဟိုကဒုတိယပိုင္းမွာစပို႔တင္းအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ေပမဲ့မိုရီတာနဲ႔ OG ဂိုးေၾကာင့္အာဆင္နယ္တို႔ေခ်ပဂိုးရရွိသြားခဲ့ကာ၂ဂိုးစီသေရျဖင့္ၿပီးဆုံးသြားပါတယ္။