စပို့တင်းလစ္စဘွန်းနှင့်ဘင်ဖီကာတွင် အဖြူကတ်သုံးပြီး သမိုင်းမှတ်တမ်းရေးထိုးလာတဲ့ ဒိုင်လူကြီး

ဒိုင်လူကြီးတွေဟာကြမ်းတမ်းစွာကစားတဲ့ကစားသမားတွေကိုအဝါကတ်၊အနီကတ်တွေအသုံးပြုလာခဲ့တာ၁၉၇၀ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းကဖြစ်ပါတယ်။ဒါပေမဲ့ဒိုင်လူကြီးတွေဟာယခုအခါနောက်ထပ်လက်နက်တစ်ခုထပ်မံအသုံးပြုလာကြပြီဖြစ်ပါတယ်။အဖြူကတ်ပါ။အဖြူကတ်ကဂုဏ်ပြုအသိ အမှတ်ပြုတဲ့အနေဖြင့်အသုံးပြုလာတဲ့ကတ်သစ်လည်းဖြစ်ပါတယ်။

ဘင်ဖီကာနှင့်စပို့တင်းလစ္စဘွန်းပွဲစဉ်မှာတော့ဒိုင်လူကြီးဟာပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းမှာပထမဆုံးအဖြူကတ်အသုံးပြုလာပါတယ်။

ဘင်ဖီကာကခါးသီးတဲ့ပြိုင်ဘက်စပို့တင်းလစ္စဘွန်းကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့Taca de Portugalအမျိုးသမီးဘောလုံးဖလားပွဲမှာအသုံးပြုလာတာဖြစ်ပါတယ်။

ယင်းပွဲစဉ်ရဲ့အစောပိုင်းတွင်နှစ်ဖက်အသင်းမှဆေးအဖွဲ့ဟာပွဲကြည့်စင်တွင်မကျန်းမမာဖြစ်နေတဲ့ပရိသတ်အားဆေးကုသမှုပြုလုပ်ခဲ့ကြပြီးတဲ့နောက်ဒိုင်လူကြီးရဲ့အဖြူကတ်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒိုင်လူကြီးဟာနှစ်ဖက်ဆေးအဖွဲ့ရဲ့အားကစားစိတ်ဓာတ်ပြည့်ဝမှုကိုအသိအမှတ်ပြုတဲ့အနေဖြင့်အဖြူကတ်ပြခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

စပို႔တင္းလစၥဘြန္းႏွင့္ဘင္ဖီကာတြင္ အျဖဴကတ္သုံးၿပီး သမိုင္းမွတ္တမ္းေရးထိုးလာတဲ့ ဒိုင္လူႀကီး

ဒိုင္လူႀကီးေတြဟာၾကမ္းတမ္းစြာကစားတဲ့ကစားသမားေတြကိုအဝါကတ္၊အနီကတ္ေတြအသုံးျပဳလာခဲ့တာ၁၉၇၀ကမာၻ႔ဖလားၿပိဳင္ပြဲကတည္းကျဖစ္ပါတယ္။ဒါေပမဲ့ဒိုင္လူႀကီးေတြဟာယခုအခါေနာက္ထပ္လက္နက္တစ္ခုထပ္မံအသုံးျပဳလာၾကၿပီျဖစ္ပါတယ္။အျဖဴကတ္ပါ။အျဖဴကတ္ကဂုဏ္ျပဳအသိအမွတ္ျပဳတဲ့အေနျဖင့္အသုံးျပဳလာတဲ့ကတ္သစ္လည္းျဖစ္ပါတယ္။

ဘင္ဖီကာႏွင့္စပို႔တင္းလစၥဘြန္းပြဲစဥ္မွာေတာ့ဒိုင္လူႀကီးဟာပေရာ္ဖက္ရွင္နယ္ေဘာလုံးသမိုင္းမွာပထမဆုံးအျဖဴကတ္အသုံးျပဳလာပါတယ္။

ဘင္ဖီကာကခါးသီးတဲ့ၿပိဳင္ဘက္စပို႔တင္းလစၥဘြန္းကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့Taca de Portugalအမ်ိဳးသမီးေဘာလုံးဖလားပြဲမွာအသုံးျပဳလာတာျဖစ္ပါတယ္။

ယင္းပြဲစဥ္ရဲ႕အေစာပိုင္းတြင္ႏွစ္ဖက္အသင္းမွေဆးအဖြဲ႕ဟာပြဲၾကည့္စင္တြင္မက်န္းမမာျဖစ္ေနတဲ့ပရိသတ္အားေဆးကုသမႈျပဳလုပ္ခဲ့ၾကၿပီးတဲ့ေနာက္ဒိုင္လူႀကီးရဲ႕အျဖဴကတ္ျပျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒိုင္လူႀကီးဟာႏွစ္ဖက္ေဆးအဖြဲ႕ရဲ႕အားကစားစိတ္ဓာတ္ျပည့္ဝမႈကိုအသိအမွတ္ျပဳတဲ့အေနျဖင့္အျဖဴကတ္ျပခဲ့တာလည္းျဖစ္ပါတယ္။