Spotify စီအီးအိုမှာ အာဆင်နယ်ကို ဝယ်ယူလိုနေဆဲဖြစ်ကြောင်း ဂန္ထဝင်တိုက်စစ်မှူးဟင်နရီဖွင့်ဟ

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးသီယာရီဟင်နရီက Spotify ပိုင်ရှင်ဒါနီရယ်အီယက်မှာအာဆင်နယ်ကိုဝယ်ယူရေးအတွက်လက်မလျှော့သေးကြောင်းပြောကြားလိုက်ပါတယ်။

အသက်၄၄နှစ်ရှိဆွီဒင်ဘီလျှံနာဟာအာဆင်နယ်ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့သီယာရီဟင်နရီ၊ပက်ထရစ်ဗီအဲရာ၊ဒင်းနစ်ဘားကမ့်တို့ပါဝင်တဲ့အဖွဲ့တစ်ခုဖွဲ့ကာအာဆင်နယ်ကိုဝယ်ယူရန်ကြိုးပမ်းနေပါတယ်။

အီယက်ဟာပြီးခဲ့တဲ့မေလတုန်းကအာဆင်နယ်ကိုဝယ်ယူရန်ပေါင်၁.၈သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့်အာဆင်နယ်ပိုင်ရှင်စတန်ခရွန်ယန်ကီကပယ်ချခဲ့ပါတယ်။စတန်ခရွန်ယန်ကီမိသားစုဟာအာဆင်နယ်ကိုလက်လွှတ်ရန်ဆန္ဒမရှိဘဲမည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆိုပယ်ချမယ်လို့သိရပါတယ်။

ဒါပေမယ့်အာဆင်နယ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့ဟင်နရီဟာဒါနီရယ်အီယက်နှင့်အတူတနင်္ဂနွေနေ့တုန်းကစပါးစ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့အာဆင်နယ်ရဲ့ပွဲစဉ်ကိုအမ်းမရိတ်ကွင်းသို့သွားရောက်ကာကြည့်ရှုခဲ့ကြပါတယ်။

ဟင်နရီက “အချိန်နည်းနည်းကြာမယ်လို့တော့ထင်ပါတယ်။အချိန်ဘယ်လောက်ကြာမလဲဆိုတာကိုတော့မသိပါဘူး။ဒါပေမယ့်သူ့ဘက်ကအဆင်သင့်ဖြစ်နေမယ်ဆိုတာကိုတော့ကျွန်တော်တို့သိပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi





