”ဟိုးအရှေ့ကိုကြည့်လိုက်စမ်း စပါးခင်းကြီးမှည့်ဝင်းလို့”

အင်္ဂါည ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

စပါး နှင့် ဘရန့်ဖို့ဒ် (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

ပရီးမီးယားလိဂ်ကလပ်စပါးနဲ့ ချန်ပီယံရှစ်ကလပ်ဘရန့်ဖို့ဒ်တို့ ယှဉ်ပြိုင်ကစားမယ့်ပွဲပါ။စပါးဟာဒီအဆင့်ထိရောက်ဖို့ ချဲလ်ဆီးကိုပင်နယ်တီအဆုံးအဖြတ်၊ စတုတ်စီးတီးကို ၁-၃ဂိုး ရလဒ်တွေအရအနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်တယ်။

ဘရန့်ဖို့ဒ်ကတော့ဝိုင်ကွမ်ဘီ၊ ဆောက်သမ်တန်၊ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်၊ နယူးကာဆယ်တို့ကိုအနိုင်ယူကျော်ဖြတ်ခဲ့တာပါ။စပါးရဲ့လက်ရှိခြေစွမ်းကို ကြည့်လိုက်မယ်ဆိုရင်ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့တိုက်စစ်ပိုင်းကဂိုးသွင်းအားထက်မြက်လာသလောက်ခံစစ်ကတော့လုံခြုံမှုမရှိသေးတာတွေ့ရတယ်။

သူတို့ဟာနဂိုကတည်းကလည်းအိမ်ကွင်းခြေစွမ်းမြင့်မားပြီးဘယ်လိုအသင်းမျိုးကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပြီးသားပါ။ဘရန့်ဖို့ဒ်ကတော့ချန်ပီယံရှစ်မှာရလဒ်ကောင်းတွေဆက်တိုက်ရယူနေနိုင်ပြီးအသင်းလိုက်စုဖွဲ့မှု မာကျောလွန်းပါတယ်။

ဒါပေမဲ့ဘန်ရာမာ၊ ဒါဆေးလ်ဗား၊ ဖော့စ်တို့ရဲ့တိုက်စစ်ပိုင်းကထက်မြက်သလောက်ခံစစ်ယိုယွင်းမှုကိုတော့ဘရန့်ဖို့ဒ်ပြင်ဆင်နိုင်စွမ်းမရှိသေးပါဘူး။
ဒါကြောင့်ခံစစ်ကြောင်းအမှားများလွန်းတဲ့ဘရန့်ဖို့ဒ်အနေနဲ့ စပါးကွင်းမှာဂိုးမပေးရအောင်ကြိုးစားအံတုဖို့ဆိုတာအတော်လေးဖြစ်နိုင်ခြေနည်းလွန်းတယ်။

ပွဲချိန်တစ်လျှောက်လုံးလူအင်အားနဲ့ခြေစွမ်းပိုင်းသာလွန်ပြီးအိမ်ရှင်အားသာချက်လည်းရှိတဲ့စပါးကချည်းပဲအဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်မှာပါ။ဒါကြောင့်လည်းဒီပွဲရဲ့ဖွင့်လှစ်မှုကစပါးအသင်းတစ်ဂိုးနိုင်တာတောင် ၃၀ နစ်နာရမယ်ဆိုပြီးအကျောပေးထားတာဖြစ်တယ်။

တစ်ဂိုးတည်းကပ်နိုင်ပြီး ၃၀ ရှုံးချင်ရှုံးပါစေအနိုင်ရဖို့သေချာပြီးဂိုးလည်းပြတ်ပြတ်သားသားဖြစ်သွားနိုင်တဲ့စပါးကိုပဲအားပေးရမယ်။ဟိုးအရှေ့ကိုကြည့်လိုက်စမ်းစပါးခင်းကြီးမှည့်ဝင်းလို့ပေါ့ဗျာ။ လူစုံသုံးသုံးမသုံးသုံးစပါးကိုပဲကြိုက်တယ်။

Zawgyi




