စပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပါကနစ်နာကြေးပေါင်သန်း၂၀အထိရမယ့်ကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပါကနစ်နာကြေးပေါင်သန်း၂၀အထိရရှိလာဖို့ရှိနေပါတယ်။

အီတလီလူမျိုးနည်းပြဟာပြီးခဲ့တဲ့အပတ်တုန်းကဆောက်သမ်တန်နှင့်သုံးဂိုးစီသရေကျတဲ့ပွဲအပြီးတွင်စပါးစ်နှင့်ကစားသမားများကိုအပြင်းအထန်ဝေ ဖန်မှုပြုလုပ်ခဲ့ပါတယ်။

ကွန်တီကစပါးစ်ကစားသမားများမှာဆုဖလားမဆွတ်ခူးနိုင်တာနှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပေမဲ့လည်းဖိအားအောက်တွင်တိုက်ပွဲမဝင်လိုဘဲတကိုယ်ကောင်းဆန်ကာသက်တောင့်သက်သာဖြင့်မဆိုင်သကဲ့သို့ကစားနေကြောင်းဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။

ယင်းသို့ဝေဖန်မှုကြောင့်စပါးစ်ကစားသမားများဟာအန်တိုနီယိုကွန်တီကိုထုတ်ပယ်စေလိုနေသလိုဥက္ကဌလီဗိုင်းမှာလည်းယခုရက်ပိုင်းအတွင်းတွင်နိုင် ငံတကာပွဲစဉ်များအတွင်းထုတ်ပယ်ရန်စီစဉ်နေပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာအန်တိုနီယိုကွန်တီကိုထုတ်ပယ်ပါကနစ်နာကြေးပေးရမယ့်အချက်နှင့်ပတ်သက်ပြီးလုပ်ဆောင်နေပြီဖြစ်ပါတယ်။

90Min ရဲ့ဖော်ပြမှုအရအန်တိုနီယိုကွန်တီဟာစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်စာချုပ်ပါအချက်အရနစ်နာကြေးပေါင်၁၅သန်းအထိရ ရှိလာမှာဖြစ်ကြောင်းသိရပါတယ်။ကွန်တီဟာလက်ကျန်ရာသီအတွက်လုပ်ခအပါအဝင်စုစုပေါင်းသန်း၂၀နီးပါးအထိရရှိလာပါမယ်။

စပါးစ်ထံမှကွန်တီရရှိလာမဲ့နစ်နာကြေးမှာချဲလ်ဆီးရဲ့ထုတ်ပယ်ခြင်းခံရတုန်းကလောက်မများပါဘူး။သူဟာချဲလ်ဆီးရဲ့ထုတ်ပယ်ခြင်းခံရတုန်းကနစ်နာ ကြေးပေါင်၂၆သန်းအထိရခဲ့ဖူးပါတယ်။

စပါးစ်ဟာအန်တိုနီယိုကွန်တီကိုထုတ်ပယ်ပြီးပါကယာယီနည်းပြအဖြစ်ရိုင်ယန်မေဆင်ကိုရာသီအကုန်အထိခန့်အပ်သွားပါမယ်။

စပါးစ်ဟာနွေရာသီတွင်မှအမြဲတမ်းနည်းပြခန့်အပ်မှာဖြစ်ပြီးပိုချက်တီနို၊ဇီဒန်း၊သောမတ်စ်တူချယ်၊လူးဝစ်အန်းနရစ်၊မာကိုဆေးလ်ဗားတို့ကရေပန်းစားနေပါတယ်။