
စပါးစ်အသင်းကစားသမားများဟာမနေ့ညတုန်းကအေစီမီလန်နှင့်ဂိုးမရှိသရေကျကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခဲ့ရပြီးနောက်ကွင်းအတွင်းမှထွက်ခွာချိန်တွင်ကိုယ့်ပရိသတ်များရဲ့လှောင်ပြောင်မှုနှင့်ရင်ဆိုင်ခဲ့ရပါတယ်။
စပါးစ်ဟာပထမအကျော့တုန်းကဆန်စီရိုတွင်အေစီမီလန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာဒုတိယအကျော့ပွဲစဉ်တွင်ဂိုးပြတ်အနိုင်ရရှိရန်လိုအပ်နေခဲ့ပါတယ်။
ဒါပေမဲ့မြောက်လန်ဒန်တွင်မှော်ဝင်နေတဲ့ချန်ပီယံလိဂ်ညမဖြစ်ခဲ့ပါဘူး။စပါးစ်အတွက်စိတ်ပျက်စရာညတစ်ညသာဖြစ်ခဲ့ပါတယ်။
စပါးစ်ဟာမနေ့ညကပွဲတွင်အခွင့်အရေးဖန်တီးနိုင်ခဲ့ခြင်းမရှိဘဲအေစီမီလန်ခံစစ်ကိုဒုက္ခပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒုတိယပိုင်းတွင်ပိုမိုဆိုးရွားသွားတာကတော့နောက်ခံလူရိုမီယိုမှာသီယိုဟာနန်ဒက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားလို့နှစ်ဝါတစ်နီဖြင့်အထုတ်ခံရတာဖြစ်ပါတယ်။
အချိန်ပိုတွင်စပါးစ်ဟာဟယ်ရီကိန်းရဲ့ခေါင်းတိုက်ချက်ကနေအနိုင်ဂိုးရဖို့အခွင့်ကောင်းကြုံခဲ့ပေမဲ့မီလန်ဂိုးသမားလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။
စပါးစ်ပရိသတ်များဟာပွဲပြီးဆုံးချိန်တွင်အသင်းရဲ့စိတ်ပျက်ဖွယ်ရာခြေစွမ်းကြောင့်စပါးစ်ကစားသမားများကိုလှောင်ပြောင်အော်ဟစ်မှုများပြုလုပ်ခဲ့ကြပါတယ်။
စပါးစ်ဟာချန်ပီယံလိဂ်မှထွက်ရမှုနှင့်အတူယခုရာသီတွင်လည်းဖလားလက်မဲ့ရာသီတစ်ခုထပ်မံကြုံလာရတော့မှာဖြစ်ပါတယ်။
ကွန်တီရဲ့စပါးစ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပေမဲ့လည်းယင်းနေရာအတွက်လီဗာပူး၊နယူးကာဆယ်၊ဘရိုက်တန်၊ဘရန့်ဖို့ဒ်တို့နှင့်တိုက်ပွဲဝင်ရပါမယ်။
ZawGyi
ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွ ထြက္ခဲ့ရၿပီးေနာက္ ကိုယ့္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈခံခဲ့ရတဲ့ စပါးစ္စတားမ်ား
စပါးစ္အသင္းကစားသမားမ်ားဟာမေန႔ညတုန္းကေအစီမီလန္ႏွင့္ဂိုးမရွိသေရက်ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခဲ့ရၿပီးေနာက္ကြင္းအတြင္းမွထြက္ခြာခ်ိန္တြင္ကိုယ့္ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။
စပါးစ္ဟာပထမအေက်ာ့တုန္းကဆန္စီ႐ိုတြင္ေအစီမီလန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ရာဒုတိယအေက်ာ့ပြဲစဥ္တြင္ဂိုးျပတ္အႏိုင္ရရွိရန္လိုအပ္ေနခဲ့ပါတယ္။
ဒါေပမဲ့ေျမာက္လန္ဒန္တြင္ေမွာ္ဝင္ေနတဲ့ခ်န္ပီယံလိဂ္ညမျဖစ္ခဲ့ပါဘူး။စပါးစ္အတြက္စိတ္ပ်က္စရာညတစ္ညသာျဖစ္ခဲ့ပါတယ္။
စပါးစ္ဟာမေန႔ညကပြဲတြင္အခြင့္အေရးဖန္တီးႏိုင္ခဲ့ျခင္းမရွိဘဲေအစီမီလန္ခံစစ္ကိုဒုကၡေပးႏိုင္ခဲ့ျခင္းမရွိပါဘူး။
ဒုတိယပိုင္းတြင္ပိုမိုဆိုး႐ြားသြားတာကေတာ့ေနာက္ခံလူ႐ိုမီယိုမွာသီယိုဟာနန္ဒက္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားလို႔ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံရတာျဖစ္ပါတယ္။
အခ်ိန္ပိုတြင္စပါးစ္ဟာဟယ္ရီကိန္းရဲ႕ေခါင္းတိုက္ခ်က္ကေနအႏိုင္ဂိုးရဖို႔အခြင့္ေကာင္းႀကဳံခဲ့ေပမဲ့မီလန္ဂိုးသမားလက္စြမ္းျပကာကြယ္သြားခဲ့ပါတယ္။
စပါးစ္ပရိသတ္မ်ားဟာပြဲၿပီးဆုံးခ်ိန္တြင္အသင္းရဲ႕စိတ္ပ်က္ဖြယ္ရာေျခစြမ္းေၾကာင့္စပါးစ္ကစားသမားမ်ားကိုေလွာင္ေျပာင္ေအာ္ဟစ္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။
စပါးစ္ဟာခ်န္ပီယံလိဂ္မွထြက္ရမႈႏွင့္အတူယခုရာသီတြင္လည္းဖလားလက္မဲ့ရာသီတစ္ခုထပ္မံႀကဳံလာရေတာ့မွာျဖစ္ပါတယ္။
ကြန္တီရဲ႕စပါးစ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနေပမဲ့လည္းယင္းေနရာအတြက္လီဗာပူး၊နယူးကာဆယ္၊ဘ႐ိုက္တန္၊ဘရန႔္ဖို႔ဒ္တို႔ႏွင့္တိုက္ပြဲဝင္ရပါမယ္။