နွေရာသီတွင်စပါးမှထွက်ခွါရန်ကိန်းဆန္ဒပြင်းပြနေ
ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရဟယ်ရီကိန်းရဲ့စပါးစ်ကစားသမားဘဝဟာလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအဆုံးသတ်လာဖို့ရှိနေကြောင်းသိရပါတယ်။
ကစားသမားဘဝတစ်ခုလုံးနီးပါးကိုစပါးစ်တွင်ကုန်ဆုံးလာခဲ့တဲ့ဟယ်ရီကိန်းဟာအသင်းပြောင်းရန်ဆန္ဒရှိနေပြီးနွေရာသီတွင်သူ့အတွက်ကမ်းလှမ်းမှုများအားလက်ခံစဉ်းစားပေးရန်စပါးစ်ဥက္ကဌလီဗိုင်းအားတောင်းဆိုသွားမှာဖြစ်ကြောင်းသိရပါတယ်။
ဟယ်ရီကိန်းကိုအစောပိုင်းတုန်းကဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားခဲ့ကြဖူးသော်လည်းမန်ချက်စတာမြို့ခံကလပ်နှစ်ခုမှတစ်ခုသို့ရောက်ဖို့ရှိနေပါတယ်။မနျယူနှငျ့မနျစီးတီးတို့ဟာအငျ်ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်အတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၁၀၀အထိပေးဖို့ရှိနေပါတယ်။
ဟယ်ရီကိန်းဟာကစားသမားဘဝတစ်လျှောက်တစ်ကိုယ်တော်ဆုများဆွတ်ခူးလာခဲ့ဖူးသော်လည်းဆုဖလားတစ်ကြိမ်မျှဆွတ်ခူးခဲ့ခြင်းမရှိရာဆုဖလားရရှိရေးအတွက်ထိပ်သီးကလပ်တစ်ခုသို့ပြောင်းရွှေ့ကစားလိုနေတာလည်းဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာယခုရာသီမှာစပါးစ်အတွက်ပရီးမီးယားလိဂ်ဂိုး၂၁ဂိုးအပါအဝင်စုစုပေါင်းဂိုး၂၀သွင်းယူထားသူဖြစ်ပြီး London Football Awards တွင်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကကစားသမားဘဝတစ်လျှောက်ပထမဆုံးဆုဖလားရရှိနိုင်မယ့်အခွင့်အရေးကြုံခဲ့ပေမယ့်လည်းကာရာဘောင်းဖလားဗိုလ်လုပွဲတွင်မန်စီးတီးကိုရှုံးနိမ့်မှုနဲ့အတူအလှမ်းဝေးခဲ့ရပါတယ်။
zawgyi