မြားဦးမပါတဲ့လေးသည်တော် လက်နက်မစုံတဲ့စစ်ဘုရင်တို့ပွဲ လက်ခုပ်သံနည်းရုံမှတစ်ပါး

မြားဦးမပါတဲ့လေးသည်တော်လက်နက်မစုံတဲ့စစ်ဘုရင်တို့ပွဲ လက်ခုပ်သံနည်းရုံမှတစ်ပါး

နှင်းမိုးခ

တနင်္ဂနွေညပွဲတွေ ပွဲတွေမှအများကြီးရွေးစရာရှိပါတယ်။ ဒါပေမဲ့ရင်ခုန်ခံစားမှုအများဆုံးပေးနိုင်တဲ့ပရီးမီးယားလိဂ်ကစူပါ ဆန်းဒေးပွဲနှစ်ပွဲထဲမှာပဲအကြိုက်ဆုံးရွေးချယ်ချင်တဲ့ပွဲကရှိနေလို့ တစ်ကွက်ကောင်းရွေးဖို့ ဒီနှစ်ပွဲထဲကပဲရွေးလိုက်ပါတယ်။ နှစ်ပွဲစလုံးကိုသေချာစေ့စပ်စွာလေ့လာပြီးမှအကြိုက်ဆုံးတစ်ကွက်ကိုရွေးချယ်ခဲ့လို့အရင်ဆုံးချဉ်းကပ်မိတဲ့နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းပွဲအကြောင်းနည်းနည်းစဉ်းစားခန့်ဖွင့်ချင်ပါတယ်။

မနှစ်က အဆင့် (၆) နေရာကနေ ရာသီသိမ်းနိုင်ခဲ့တဲ့နည်းပြ မိုယက်စ်ရဲ့ဝက်စ်ဟမ်းနဲ့ ရာသီဝက်ကျော်အထိစိုးရိမ်ရည်မှတ်ရောက်ခဲ့ပြီးတန်းဆင်းရမယ်ထင်ကြတဲ့ကြားက ရာသီနှောင်းပိုင်း ရလဒ်ကောင်းတွေနဲ့ အဆင့် (၁၂) နေရာ ရသွားတဲ့ စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်အသင်းပွဲမှာဧည့်သည်ဝက်စ်ဟမ်းကသရေတစ်ဝက်ရှုံး၊ ဂိုးပေါင်းကနှစ်လုံးအပြည့်နီးပါးရှုံးဖွင့်ထားတယ်။ နယူးကာဆယ်ဟာပိုင်ရှင်နဲ့ပရိသတ်အဆင်မပြေသလိုနည်းပြကိုလည်းပရိသတ်ကသိပ်လက်မခံနိုင်သေးဘူး။ အင်အားဖြည့်မှုလည်းထူးထူးခြားခြားမရှိ၊ ဝက်စ်ဟမ်းကလည်းကစားသမားအင်အားကသိပ်ထူးခြားပြောင်းလဲသွားတာမရှိလို့ မနှစ်ကအသင်းတွေအတိုင်းပဲ ပြန်မြင်ရမှာပါ။

ဒီလိုဆိုအနိုင်အရှုံးရွေးတဲ့အခါဝက်စ်ဟမ်းကနည်းနည်းသာပေမယ့်နယူးကာဆယ်ဟာမနှစ်ကရာသီနောက်ဆုံးကိုးပွဲမှာနှစ်ပွဲသာရှုံးခဲ့လို့ ဝက်စ်ဟမ်းရွေးရမှာလည်းမဝံ့မရဲဖြစ်ရတယ်။ အိမ်ရှင်ကမနှစ်ကရာသီနောက်ဆုံးလေးပွဲမှာတင် ၁၀ ဂိုးသွင်းပြခဲ့လို့လည်းဝက်စ်ဟမ်းနဲ့ စွန့်စားရမှာပိုပြီးလက်တွန့်မိတယ်။ အန်တိုနီယိုခေါင်းဆောင်တဲ့ဝက်စ်ဟမ်းတိုက်စစ်ကလည်း မနှစ်ကရာသီသိမ်းကာနီးအထူးကောင်းခဲ့ပြီးနောက်ဆုံးအဝေးကွင်းငါးပွဲမှာသုံးပွဲကို (၂-၁) တွေနဲ့ချည်းနိုင်ခဲ့လို့ဒီလိုပွဲမျိုးမဖြစ်မနေရွေးတောင်ဂိုးအများပဲဖြစ်သင့်တယ်လို့ တွေးမိပါတယ်။

ဒီလောက်ဆိုရင်တော့နှင်းမိုးခအတွက်အပိုင်ဆုံးတစ်ကွက်ကဝုဗ်နည်းပြဟောင်းနူနိုအက်စ်ရစ်တိုကိုနည်းပြသစ်ခန့်ထားတဲ့ စပါးနဲ့ လက်ရှိချန်ပီယံမန်စီးတီးပွဲမှာရှိနေပြီဆိုတာရောင်းရင်းတို့ သိလောက်ပြီဖြစ်မှာပါ။ ရွေးချယ်ရတဲ့အကြောင်းထဲမှာ အဓိကကနှစ်သင်းစလုံးအရေးပါတဲ့ကစားသမားတွေ မပါဝင်နိုင်တဲ့အချက်ကိုအခြေခံရွေးချယ်တာဖြစ်တယ်။ စပါးရဲ့မြားဦးချွန်ခေါင်းဆောင်ကြီးဟယ်ရီကိန်း ခုချိန်ထိမန်စီးတီးကိုပြောင်းဖို့တာဆူနေတဲ့ကိစ္စနဲ့ လေ့ကျင့်ရေးနောက်ကျတဲ့အနေအထားအရ ဒီပွဲမှာသူ့ကိုထုတ်သုံးဖို့မဖြစ်နိုင်ဘူးလို့ အားလုံးကတွက်ဆထားကြတယ်။ ပါကောင်းပါလာနိုင်ပေမယ့်လည်းစိတ်ဓာတ်ပိုင်းအရဒီအချိန်မှာကိန်းကို နည်းပြနူနိုအက်စ်ပရစ်တို ထုတ်သုံးလည်းခဏပဲဖြစ်မယ်လို့ သုံးသပ်မိတယ်။ ဒါဆိုမန်စီးတီးလို ချန်ပီယံအသင်းကိုဆွန်ဟောင်မင်၊ မော် ရာတို့လောက်နဲ့ စပါးဂိုးတွေသွင်းနိုင်ဖို့ကလွယ်ကူနိုင်ပါ့မလား။ မော်ရင်ဟိုနည်းပြခဲ့တဲ့မနှစ်ကဟယ်ရီကိန်းမပါ နိုင်ခဲ့တဲ့ပွဲတွေမှာ စပါး ၁၂ ပွဲအထိ ရှုံးခဲ့ရတာကိုကြည့်ရင်ဟယ်ရီကိန်းရဲ့အရေးပါမှုကိုလူတိုင်းသိကြပါလိမ့်မယ်။

မန်စီးတီးဘက်ကြည့်ပြန်တော့လည်းဒီပွဲမှာမပါနိုင်တဲ့အဓိကကစားသမားတွေရှိနေတယ်။ ဖိုဒန်၊ ဒီဘရိုင်း၊ လာပေါ်တီတို့ သေချာပေါက်လွဲချော်ပြီး အီဒါဆန်၊ ဂျီးဆက်၊ ဂျွန်စတုန်းစ်၊ ကီလီဝေါ်လ်ကာ၊ စတာလင်တို့ကပါဝင်ကစားနိုင်ဖို့ မသေချာကြဘူး။ စတာလင်နဲ့ဂျီးဆက်မပါနိုင်တဲ့အတွက်မန်စီးတီးအတွက်ဂိုးဖြစ်လွယ်၊ ဂိုးရလွယ်ဖို့ ကလည်းအားနည်းသွားမှာသေချာပါတယ်။ ပေါင်သန်း ၁၀၀ တန်ဂရီယာလစ်ရှ်ရောက်လာခြင်းကဒီဘရိုင်းနေရာရော၊ တိုက်စစ်မှာပါဝင်အားဖြည့်ဖို့ဖြစ်လာမယ့်ပွဲလို့ မြင်မိတယ်။ဒီနောက်ပိုင်းဂိုးမြူးတဲ့ မာရက်ဇ်ကို ထိန်းနိုင်ရင်စပါးဘက်ကလည်းဂိုးပေးရဖို့ သိပ်မမြင်ဘူး။

ကဲ …………….. ဒီတော့

ဘော်ဒီအတွက်တွေးရင်မန်စီးတီးကအဝေးကွင်းပါးပါးလေးပြန်ပေးထားတာဖြစ်သင့်တဲ့စျေးလို့မြင်တယ်။ သူတို့ဟာမနှစ်က မေလတွင်းကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲအဝေးကွင်းပွဲမှာနောက်ဆုံးအဝေးကွင်းရှုံးပွဲ ကြုံခဲ့တယ်။ အဲ့မတိုင်ခင်အဝေးကွင်း ၁၂ ပွဲဆက်အနိုင်ကစားခဲ့လို့လည်း ကိန်းပါဖို့မသေချာတဲ့စပါးကို ပြန်အကျောပေးရတာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လူမစုံဘဲစပါးကွင်းကိုသွားကစားရမှာကြောင့်ဒီလိုပွဲမျိုးမန်စီးတီးဘော်ဒီအားပေးတာထက်ဒီလူတွေနဲ့ နှစ်သင်းပေါင်းသွင်းဂိုးသုံးဂိုးသွင်းစမ်းပါလေ့ဆိုတဲ့စိန်ခေါ်မှုနဲ့ ဟစ်ကြွေးရမှာပါ။ မြားဦးမပါတဲ့လေးသည်တော်လက်နက်မစုံတဲ့စစ်ဘုရင်တို့ပွဲလက်ခုပ်သံနည်းရုံမှတစ်ပါး။

zawgyi

ျမားဦးမပါတဲ့ေလးသည္ေတာ္ လက္နက္မစုံတဲ့စစ္ဘုရင္တို႔ပြဲ လက္ခုပ္သံနည္း႐ုံမွတစ္ပါး

ႏွင္းမိုးခ

တနဂၤေႏြည ပြဲေတြ ပြဲေတြမွ အမ်ားႀကီးေ႐ြးစရာရွိပါတယ္။ ဒါေပမဲ့ ရင္ခုန္ခံစားမႈအမ်ားဆုံးေပးႏိုင္တဲ့ ပရီးမီးယား လိဂ္က စူပါဆန္းေဒးပြဲ ႏွစ္ပြဲထဲမွာပဲ အႀကိဳက္ဆုံးေ႐ြးခ်ယ္ခ်င္တဲ့ပြဲက ရွိေနလို႔ တစ္ကြက္ေကာင္းေ႐ြးဖို႔ ဒီႏွစ္ပြဲထဲ ကပဲ ေ႐ြးလိုက္ပါတယ္။ ႏွစ္ပြဲစလုံးကို ေသခ်ာေစ့စပ္စြာေလ့လာၿပီးမွ အႀကိဳက္ဆုံးတစ္ကြက္ကို ေ႐ြးခ်ယ္ခဲ့လို႔ အရင္ဆုံး ခ်ဥ္းကပ္မိတဲ့ နယူးကာဆယ္နဲ႔ ဝက္စ္ဟမ္းပြဲအေၾကာင္း နည္းနည္း စဥ္းစားခန႔္ဖြင့္ခ်င္ပါတယ္။

မႏွစ္က အဆင့္ (၆) ေနရာကေန ရာသီသိမ္းႏိုင္ခဲ့တဲ့ နည္းျပ မိုယက္စ္ရဲ႕ ဝက္စ္ဟမ္းနဲ႔ ရာသီဝက္ေက်ာ္အထိစိုးရိမ္ ရည္မွတ္ေရာက္ခဲ့ၿပီးတန္းဆင္းရမယ္ထင္ၾကတဲ့ၾကားက ရာသီေႏွာင္းပိုင္း ရလဒ္ေကာင္းေတြနဲ႔ အဆင့္ (၁၂) ေနရာ ရသြားတဲ့ စတိဗ္ဘ႐ုစ္ရဲ႕ နယူးကာဆယ္အသင္းပြဲမွာ ဧည့္သည္ ဝက္စ္ဟမ္းက သေရ တစ္ဝက္ရႈံး၊ ဂိုးေပါင္းက ႏွစ္လုံးအျပည့္နီးပါး ရႈံးဖြင့္ထားတယ္။ နယူးကာဆယ္ဟာ ပိုင္ရွင္နဲ႔ပရိသတ္အဆင္မေျပသလို နည္းျပကိုလည္း ပရိသတ္က သိပ္လက္မခံႏိုင္ေသးဘူး။ အင္အားျဖည့္မႈလည္း ထူးထူးျခားျခားမရွိ၊ ဝက္စ္ဟမ္းကလည္း ကစား သမားအင္အားက သိပ္ထူးျခားေျပာင္းလဲသြားတာမရွိလို႔ မႏွစ္က အသင္းေတြအတိုင္းပဲ ျပန္ျမင္ရမွာပါ။

ဒီလိုဆို အႏိုင္အရႈံးေ႐ြးတဲ့အခါ ဝက္စ္ဟမ္းက နည္းနည္းသာေပမယ့္ နယူးကာဆယ္ဟာ မႏွစ္က ရာသီေနာက္ဆုံး ကိုးပြဲမွာ ႏွစ္ပြဲသာရႈံးခဲ့လို႔ ဝက္စ္ဟမ္းေ႐ြးရမွာလည္း မဝံ့မရဲျဖစ္ရတယ္။ အိမ္ရွင္က မႏွစ္ကရာသီ ေနာက္ဆုံး ေလးပြဲမွာတင္ ၁၀ ဂိုးသြင္းျပခဲ့လို႔လည္း ဝက္စ္ဟမ္းနဲ႔ စြန႔္စားရမွာ ပိုၿပီး လက္တြန႔္မိတယ္။ အန္တိုနီယိုေခါင္း ေဆာင္တဲ့ ဝက္စ္ဟမ္းတိုက္စစ္ကလည္း မႏွစ္က ရာသီသိမ္းကာနီး အထူးေကာင္းခဲ့ၿပီး ေနာက္ဆုံး အေဝးကြင္း ငါးပြဲမွာ သုံးပြဲကို (၂-၁) ေတြနဲ႔ခ်ည္း ႏိုင္ခဲ့လို႔ ဒီလိုပြဲမ်ိဳး မျဖစ္မေနေ႐ြးေတာင္ ဂိုးအမ်ားပဲျဖစ္သင့္တယ္လို႔ ေတြးမိပါ တယ္။

ဒီေလာက္ဆိုရင္ေတာ့ ႏွင္းမိုးခအတြက္ အပိုင္ဆုံးတစ္ကြက္က ဝုဗ္နည္းျပေဟာင္း ႏူႏိုအက္စ္ရစ္တိုကို နည္းျပသစ္ ခန႔္ထားတဲ့ စပါးနဲ႔ လက္ရွိခ်န္ပီယံ မန္စီးတီးပြဲမွာ ရွိေနၿပီဆိုတာ ေရာင္းရင္းတို႔ သိေလာက္ၿပီျဖစ္မွာပါ။ ေ႐ြးခ်ယ္ ရတဲ့အေၾကာင္းထဲမွာ အဓိကက ႏွစ္သင္းစလုံး အေရးပါတဲ့ကစားသမားေတြ မပါဝင္ႏိုင္တဲ့အခ်က္ကို အေျခခံေ႐ြး ခ်ယ္တာျဖစ္တယ္။ စပါးရဲ႕ ျမားဦးခြၽန္ေခါင္းေဆာင္ႀကီး ဟယ္ရီကိန္း ခုခ်ိန္ထိ မန္စီးတီးကို ေျပာင္းဖို႔တာဆူေနတဲ့ ကိစၥနဲ႔ ေလ့က်င့္ေရးေနာက္က်တဲ့အေနအထားအရ ဒီပြဲမွာသူ႔ကို ထုတ္သုံးဖို႔မျဖစ္ႏိုင္ဘူးလို႔ အားလုံးက တြက္ဆ ထားၾကတယ္။ ပါေကာင္းပါလာႏိုင္ေပမယ့္လည္း စိတ္ဓာတ္ပိုင္းအရ ဒီအခ်ိန္မွာ ကိန္းကို နည္းျပႏူႏိုအက္စ္ပရစ္ တို ထုတ္သုံးလည္း ခဏပဲျဖစ္မယ္လို႔ သုံးသပ္မိတယ္။ ဒါဆို မန္စီးတီးလို ခ်န္ပီယံအသင္းကို ဆြန္ေဟာင္မင္၊ ေမာ္ ရာတို႔ေလာက္နဲ႔ စပါးဂိုးေတြသြင္းႏိုင္ဖို႔က လြယ္ကူႏိုင္ပါ့မလား။ ေမာ္ရင္ဟိုနည္းျပခဲ့တဲ့မႏွစ္က ဟယ္ရီကိန္းမပါ ႏိုင္ခဲ့တဲ့ပြဲေတြမွာ စပါး ၁၂ ပြဲအထိ ရႈံးခဲ့ရတာကိုၾကည့္ရင္ ဟယ္ရီကိန္းရဲ႕အေရးပါမႈကို လူတိုင္းသိၾကပါလိမ့္မယ္။

မန္စီးတီးဘက္ၾကည့္ျပန္ေတာ့လည္း ဒီပြဲမွာမပါႏိုင္တဲ့ အဓိက ကစားသမားေတြရွိေနတယ္။ ဖိုဒန္၊ ဒီဘ႐ိုင္း၊ လာေပၚတီတို႔ ေသခ်ာေပါက္လြဲေခ်ာ္ၿပီး အီဒါဆန္၊ ဂ်ီးဆက္၊ ဂြၽန္စတုန္းစ္၊ ကီလီေဝၚလ္ကာ၊ စတာလင္တို႔က ပါဝင္ ကစားႏိုင္ဖို႔ မေသခ်ာၾကဘူး။ စတာလင္နဲ႔ဂ်ီးဆက္မပါႏိုင္တဲ့အတြက္ မန္စီးတီးအတြက္ ဂိုးျဖစ္လြယ္၊ ဂိုးရလြယ္ဖို႔ ကလည္း အားနည္းသြားမွာေသခ်ာပါတယ္။ ေပါင္သန္း ၁၀၀ တန္ ဂရီယာလစ္ရွ္ေရာက္လာျခင္းက ဒီဘ႐ိုင္းေနရာ ေရာ၊ တိုက္စစ္မွာပါ ဝင္အားျဖည့္ဖို႔ျဖစ္လာမယ့္ပြဲလို႔ ျမင္မိတယ္။ဒီေနာက္ပိုင္း ဂိုးျမဴးတဲ့ မာရက္ဇ္ကို ထိန္းႏိုင္ရင္ စပါးဘက္ကလည္း ဂိုးေပးရဖို႔ သိပ္မျမင္ဘူး။

ကဲ …………….. ဒီေတာ့

ေဘာ္ဒီအတြက္ ေတြးရင္ မန္စီးတီးက အေဝးကြင္းပါးပါးေလးျပန္ေပးထားတာ ျဖစ္သင့္တဲ့ေစ်းလို႔ျမင္တယ္။ သူတို႔ဟာ မႏွစ္က ေမလတြင္းကစားခဲ့တဲ့ဘ႐ိုက္တန္နဲ႔ပြဲအေဝးကြင္းပြဲမွာ ေနာက္ဆုံးအေဝးကြင္းရႈံးပြဲ ႀကဳံခဲ့တယ္။ အဲ့မတိုင္ခင္ အေဝးကြင္း ၁၂ ပြဲဆက္အႏိုင္ကစားခဲ့လို႔လည္း ကိန္းပါဖို႔မေသခ်ာတဲ့ စပါးကို ျပန္အေက်ာေပးရ တာမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့ လူမစုံဘဲ စပါးကြင္းကိုသြားကစားရမွာေၾကာင့္ ဒီလိုပြဲမ်ိဳး မန္စီးတီးေဘာ္ဒီ အားေပး တာထက္ ဒီလူေတြနဲ႔ ႏွစ္သင္းေပါင္းသြင္းဂိုးသုံးဂိုး သြင္းစမ္းပါေလ့ဆိုတဲ့ စိန္ေခၚမႈနဲ႔ ဟစ္ေႂကြးရမွာပါ။ ျမားဦးမပါတဲ့ေလးသည္ေတာ္ လက္နက္မစုံတဲ့စစ္ဘုရင္တို႔ပြဲ လက္ခုပ္သံနည္း႐ုံမွတစ္ပါး။