
တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်
စပါး နှင့် မန်စီးတီး(ည ၁၁း၀၀)(စိုင်းကိုတောင်ကို)
ခွဲစိတ်မှုခံယူထားရတဲ့ကွန်တီတစ်ယောက်အနီးကပ်ညွှန်ကြားမပေးနိုင်ဖို့များတဲ့ပွဲမှာစပါးဟာမန်စီးတီးကို ကောင်းကောင်းရင်ဆိုင်နိုင်ပါ့မလားဆိုတာ စိတ်၀င်စားစရာပါ။လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကတော့စပါးဟာအီတီဟတ်မှာ ၂ ဂိုးပြတ်နိုင်နေရာနေ ၄ ဂိုးပြန်ပေးခဲ့ရပါတယ်။
ရိုမီရိုတို့ရဲ့စပါးခံစစ်ဟာဒီရာသီမှာဘယ်ပွဲကြီးပဲဖြစ်ဖြစ်အောက်ထစ် ၂ ဂိုးပေးနေရတာပါ။အာဆင်နယ်နဲ့ ၅ မှတ်ကွာတဲ့စီးတီးကတော့ပရီးမီးယားလိဂ်မှာ ရစ်သမ်ပြန်မိနေကာချန်ပီယံပြေးလမ်းထဲဆက်ရှိချင်တယ်ဆိုလက်ရှိနိုင်ပွဲဆက်နေမှုကိုဆက်ထိန်းနိုင်ဖို့လိုပါတယ်။စပါးခံစစ်ကိုဟာလန်းတို့အရူးလုပ်နိုင်ဦးမှာပါ။
zawgyi
လန်ဒန်လာပြီး မွှေနှောက်ဦးမယ့် ဟာလန်းတို့တပ်ဖွဲ့