စိုင်းကို တောင်ကြီးရဲ့တနင်္ဂနွေအကျိုးပြုဈေးကွက်

မင်္ဂလာပါပရိသတ်ကြီး။စနေညဈေးကွက်ရွေးချယ်မှုကအရှုံးအနိုင်မပြတ်သားခဲ့ပေမယ့်ခပ်ပါးပါးလေးပေါင်းတာမို့နည်းနည်းလေးပြုံးနိုင်ကြမှာပါနော်။ဒီက နေ့ကစူပါဆန်းဒေးဆိုတော့စနေညလောက်ရွေးချယ်စရာပွဲအရမ်းမများပါဘူး။အဲဒီထဲကမှဈေးကွက်အပြောင်းကိုကြည့်ပြီးရသလောက်လေးရွေးပေးပါဦးမယ်။ ဒီညအတွက်ကစားဖို့ရှိတာကအင်္ဂလန်ပရီးမီးယားလိဂ်မှာ၄ပွဲ၊ အီတလီစီးရီးအေမှာ၆ပွဲနဲ့ စပိန်လာလီဂါမှာ၅ပွဲပေါ့။ကိုင်းဗျာထုံးစံအတိုင်းအင်္ဂလန်ပရီးမ်ီးယားလိဂ်ထဲအရင်ဝင်ကြတာပေါ့။

စပါးနဲ့ ဗီလာတို့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ရဲ့ဂိုးပေါင်းကြေးကပြင်းပြင်းရှရှလေးကိုပြောင်းလဲနေတာမြင်မိတယ်။ဒီပွဲရဲ့စတင်ဖွင့်လှစ်တဲ့ဂိုးပေါင်းဈေးက၃+၆၀။ တဖြည်းဖြည်းချင်းပျော့ကျလာလိုက်တာဒီကနေ့ နေ့လည်၁၂နာရီအချိန်မှာတော့ ၂-၆၀အထိ ဖြစ်လာခဲ့ရတယ်။ဗီလာရဲ့လက်ရှိခံစစ်ကြောင်းလုံခြုံမာကျော မှုနဲ့စပါးရဲ့အိမ်ကွင်းခံစစ်အစွမ်းလုံခြုံမှုတို့ကြောင့်ဂိုးနည်းမယ်တွက်ဆကြပြီးအခုလိုမျိုးဂိုးပေါင်းကြေးပျော့လာရတာပါ။တကယ်တော့သူတို့နှစ်သင်းရဲ့လက် ရှိခြေစွမ်းကိုမေ့နေကြလို့ပါ။စပါးဟာလက်ရှိမှာတိုက်စစ်ပိုင်းကဂိုးသွင်းအားထက်မြက်လာပြီးနောက်တန်းကလည်းဖရိုဖရဲနဲ့ ပေးဂိုးတွေများနေဆဲပါပဲ။ဗီလာကလည်းတိုက်စစ်ကြောင်းကပုံမှန်ဂိုးသွင်းနိုင်ပြီးနောက်တန်းကတော့အဝေးကွင်းဆိုရင်ပေးဂိုးများလှတဲ့အသင်းပါ။ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး၄ပွဲမှာလည်းဂိုးပေါင်း ၃ဂိုးနဲ့အထက်များ၃ပွဲအထိတောင်မှရှိထားတယ်လေ။အဲဒီတော့ဒီတစ်ကြိမ်မှာလည်းဂိုးပေါင်းမပေါ်စရာအကြောင်းမရှိပါဘူး။ပြောင်မြောက်လွန်းတဲ့မာယာလှည့်ကွက်ကြီးတစ်ခုကစောင့်ကြိုနေတာထောင်ချောက်အမိမခံပါနဲ့။ စပါးပွဲ ဂိုးပေါင်းအပေါ်ကပထမပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

ကျန်ပရီးမီးယားလိဂ် ၂ပွဲမှာထူးထူးခြားခြားဘာမှမမြင်လို့ စပိန်လာလီဂါဘက် ဦးလှည့်လိုက်တယ်။ အဲဒီလိဂ်မှာလည်းပွဲအကုန်လုံးဘာမှလှုပ်လှုပ်ခတ်ခတ် ဖြစ်မနေပြန်ဘူး။ဒီလိုနဲ့ပဲအီတလီစီးရီးအေဘက်ကို ခပ်မြန်မြန်လေး ရောက်သွားခဲ့ရတယ်။ရောက်ရောက်ချင်း ခရီးမဆိုက်ဆိုသလိုပဲ ဘိုလော့ဂ်နာ-လာဇီယိုပွဲရဲ့ဂိုးပေါင်းဈေး ပျော့ကျလာတာကို တန်းမြင်မိတယ်။စတင်ဈေး ၃ဂိုး ၅ပြားရှုံးကနေ နေ့လည် ၁၂နာရီခွဲအချိန်မှာ ၃+၆၀အထိ ပျော့ကျလာတယ်။ မသိရင်ပဲဂိုးပေါင်းနည်းတော့မလိုလိုဘာလိုလိုပေါ့။ မှန်ကန်တဲ့ကြေးပြောင်းဟုတ်မဟုတ်ဝင်စပ်စုကြည့်မိတော့ဘယ်လိုမှကို မဖြစ်သင့်ဘူးဆိုတာမျက်ဝါးထင်ထင်မြင်လိုက်ရတယ်။ဘာဖြစ်လို့လဲဆိုတော့နှစ်သင်းစလုံးရဲ့တိုက်စစ်ကအားကောင်းမောင်းသန်ရှိပြီးခံစစ်ကြောင်းကလည်းယိုယွင်းလွန်းနေတာကြောင့်ပါပဲ။
လက်ရှိကစားဟန်အရဒီနှစ်သင်းတွေ့ဆုံမှုဟာဂိုးနည်းဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဂိုးပေါင်းကြေးပျော့ကျလာမှုကမျက်လှည့်တစ်ခုဖြစ်ပါတယ်။ ဒီတော့ကာ ဘိုလော့ဂ်နာပွဲဂိုးပေါင်းအပေါ်ကိုဒုတိယပစ်မှတ်အဖြစ်ပစ်ခတ်လိုက်ပါတယ်။

နောက်တစ်ပွဲကတော့ဗီရိုနာ-စပီဇီယာပွဲရဲ့ ဂိုးပေါင်းကြေးပါ။ မူလတည်ဈေးက ၃+၆၀ရှိခဲ့ပြီး ဒီကနေ့နေ့လည် ၁၂ခွဲအချိန်မှာတော့ ၃ဂိုးသရေအထိ ဖြစ်လာခဲ့ရတယ်။နှစ်သင်းစလုံးရဲ့လက်ရှိကစားဟန်ကတိုက်စစ်အသားပေးလွန်းပြီး ခံစစ်လည်းယိုယွင်းကြတာကြောင့်မှန်ကန်တဲ့ကြေးပြောင်းပါပဲ။ဒါကြောင့်ဖော်မြူလာအရ ဗီရိုနာပွဲဂိုးအောက်ကို ရွေးချယ်မနေတော့ဘဲနောက်ထပ်ပစ်မှတ်တစ်ခု လိုက်ရှာရပြန်ပါတယ်။ နောက်ထပ်မြင်မိတာကဖီအိုရင်တီးနား- နာပိုလီပွဲရဲ့ဂိုးပေါင်းဈေးပါပဲ။၃ဂိုးသရေနဲ့ စတင်ခဲ့တဲ့ဒီပွဲရဲ့ဂိုးပေါင်းကြေးက ၃+၆၅အထိပျော့ကျာလာခဲ့ပါပြီ။နာပိုလီရဲ့ခံစစ်ကြောင်းလုံခြုံမာကျောနေပြီးဖီအိုရင်တီးနားကလည်းတည်ငြိမ်တဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတာကြောင့်မှန်ကန်တဲ့ကြေးပြောင်းတစ်ခုလို့ ထင်ချင်စရာပါ။ဒါပေမဲ့လည်း ဖီအိုရင်တီးနားရဲ့ကစားဟန်က တိုက်စစ်အသားပေးလွန်းပြီးခံစစ်ပွင့်တတ်တာလည်း မြင်ရတယ်။နာပိုလီကလည်းကစားပုံကသိုင်းကရိုင်းနိုင်လှတဲ့အသင်းပါ။ အဲဒီတော့ကြေးပြောင်းမာ ယာကိုခေါင်းစားခံစဉ်းစားမနေဘဲနာပိုလီပွဲဂိုးပေါင်းအပေါ်ကိုတတိယပစ်မှတ်အဖြစ်ပစ်ကြရပါမယ်။

နောက်ဆုံးမြင်မိတာကတော့အတ္တလန္တာ- အေစီမီလန်ပွဲရဲ့ဂိုးပေါင်းဈေးပါပဲ။ စီးရီးအေမှာဘော်ဒီဈေးတွေငြိမ်နေပြီးဂိုးတွေဈေးတွေချည်းပဲဘာကြောင့်ပြောင်းလဲနေရသလဲတွေးမိပါသေးတယ်။ဒီပွဲရဲ့ဂိုးပေါင်းဈေးက၃ဂိုးသရေနဲ့စတင်ပြီးမွန်းလွဲတစ်နာရီမတ်တင်းအချိန်မှာတော့ ၃+၆၀အထိပျော့ကျလာခဲ့ရတယ်။မသိရင်ပဲဂိုးပေါင်းအရေအတွက်နည်းတော့မလိုလိုဘာလိုလိုပေါ့ဗျာ။အတ္တလန္တာရဲ့ခြေစွမ်းကိုလေ့လာကြည့်လိုက်တော့စီးရီးအေမှာကမောက်ကမဖြစ်နေပြီးနောက်တန်းအမှားများမှုကိုပြင်ဆင်နိုင်ခြင်းမရှိသေးတာတွေ့ရတယ်။အေစီမီလန်ကလည်းအိမ်ရှင်အတ္တလန္တာလိုပဲတိုက်စစ်စွာသလောက်ခံစစ် ပိုင်းယိုယွင်းလွန်းတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်အခုပွဲမှာနှစ်သင်းကြားတိုက်စစ်အစွမ်းပြိုင်ရင်းအပြန်အလှန်သွင်းဂိုးတွေကိုမြင်တွေ့ခွင့်ရရှိပါလိမ့်မယ်။အေစီမီလန်ပွဲဂိုးပေါင်းအပေါ်ကစတုတ္ထမြောက်နဲ့နောက်ဆုံးပစ်မှတ် ဖြစ်လာခဲ့ရပါပြီ။

နိဂုံးချုပ်အနေနဲ့ ပြန်လည်စုစည်းပြောပေးရမယ်ဆိုရင်အင်္ဂလန်ပရီးမီးယားလိ၈်ကတစ်ကြောင်း၊ အီတလီစီးရီးအေက ၃ကြောင်း။ စုစုပေါင်း ၄ကြောင်းထွက်ပေါ်လာပါတယ်။စပါးပွဲဂိုးပေါ်၊ ဘိုလော့ဂ်နာပွဲဂိုးပေါင်းအပေါ်၊ နာပိုလီပွဲဂိုးပေါင်းအပေါ်နဲ့ အေစီမီလန်ပွဲဂိုးပေါင်းအပေါ်တို့ဖြစ်ကြောင်းပြောကြားရင်းဒီတစ်ပတ်အတွက်နှုတ်ခွန်းဆက်သလိုက်ပါရစေဗျာ။ လာမယ့်အပတ်မှာအပြုံးကိုယ်စီပိုက်လို့ ပြန်ဆုံကြတာပေါ့။